Sunday, September 02, 2007

ခေတ်သစ်အဘိဓာန် - မောင်ကောင်းထိုက်


အရက် = သာမန်အားဖြင့် ယောက်ျားနဲ့မိန်းမကို နီးစပ်စေသည်။ သို့သော် လင်နဲ့မယားကို ကွဲအောင်လုပ်သည်။

ရန်သူ = ခင်ဗျားအကြောင်း သိလွန်းတဲ့ သူငယ်ချင်း။

ခြွင်းချက် = စည်းကမ်းဥပဒေတွေကို ပြဌာန်းတဲ့လူတွေရဲ့ အထူးအခွင့်အရေး။

စာပြင်သမား = တခြားလူတွေရဲ့ အမှားပေါ်မှာ ပညာမရှာဘဲ ၀မ်းစာရှာတဲ့သူ။

လက်ဆောင်ပစ္စည်း = လိုအပ်တဲ့လူကို ပေးတဲ့ မလိုအပ်တဲ့ပစ္စည်း။

ကဗျာဆရာ = ချစ်တဲ့သူကို ကမ္ဘာကြီးတစ်ခုလုံးကို လက်ဆောင်ပေးဖို့ အဆင်သင့်ဖြစ်နေပေမယ့် တကယ့်တကယ်မှာ ဖိနပ်တစ်ရံတောင် ၀ယ်မပေးနိုင်တဲ့သူ။

သရော်စာရေးသူ = ကိုယ့်ကို ချီးမွမ်းစေချင်တဲ့အတွက် တခြားသူတွေရဲ့ အားနည်းချက်တွေကို ထောက်ပြတဲ့လူ။

ကျော်ကြားမှု = ခင်ဗျားမသိတဲ့လူတွေတောင် ခင်ဗျားကို သိနေခြင်း။

ဇရာ(၁) = ဆေးက အစာဖြစ်ပြီး အစာက အဆိပ်ဖြစ်တဲ့အရွယ်။

ဇရာ(၂) = အလုပ်ကြောင့်သာမက အနားယူရင်လည်း ပင်ပန်းတဲ့အရွယ်။

ဇရာ(၃) = သွားကလွဲပြီး အရာခပ်သိမ်း နာတဲ့ အရွယ်။

ခေတ်သစ်သံတမန်(၁) = ကိုယ်ဘာမေးမိသလဲဆိုတာတောင် သတိဖော်မရအောင် ဖြေတတ်တဲ့လူ။

ခေတ်သစ်သံတမန်(၂) = `ခင်ဗျားဘာပြောလိုက်သလဲဟင်´ဆိုတဲ့မေးခွန်းကို `ကျွန်တော်စဉ်းစားရဦးမယ်´ လို့ ဖြေတဲ့သူ။

ခေတ်သစ်သံတမန်(၃) = Yes or No ဆိုတဲ့ မေးခွန်းကလွဲရင် ဘာမေးခွန်းကိုမဆို ဖြေနိုင်တဲ့လူ။

ခေတ်သစ်သံတမန်(၄) = ပြဿနာတစ်ခုနဲ့ လာတဲ့သူကို ပြဿနာသုံးခုနဲ့ ပြန်သွားအောင် လုပ်နိုင်တဲ့လူ။

ဗဟုသုတကြွယ်ဝသူ = သိတာထက် မှတ်မိတာ ပိုးများတဲ့လူ။

လျှို့ဝှက်ချက် = တိုးတိုးလေးပြောတဲ့ အများသိအကြောင်းအရာ။

No comments:

Post a Comment

 
Web Statistics