Thursday, September 20, 2007

၄၉၄ ကာရက်ရှိ စိန်တူးဖော်ရရှိ


လန်ဒန် စက်တင်ဘာ ၁၄

လန်ဒန် ကျောက်မျက်ရတနာတူးဖော်ရေး ကုမ္ပဏီဖြစ်သည့် စိန်ကျောက်မျက်ရတနာ ကုမ္ပဏီက ၄၉၄ ကာရက် အလေးချိန်ရှိ ၁၈ ခုမြောက် အကြီးဆုံးသောစိန်ကို လီဆိုသို နိုင်ငံရှိ လက်ဆင်ကျောက်မျက် မိုင်းတွင်းမှ တူးဖော်ရရှိကြောင်း ကြာသပတေးနေ့က ပြောကြားသည်။

နာမည်မပေးရသေးသော အံ့ဖွယ်ကောင်းသည့် အဆိုပါစိန်သည် ၁၈ ခုမြောက် အကြီးဆုံးသော စိန်အရိုင်းတုံးဖြစ်ပြီး အရောင်ထူးခြားကောင်းမွန်ပြီး ကြည်လင်လျက် ရှိသည်ဟု သိရသည်။ အဆိုပါ လက်ဆင် ကျောက်မျက်မိုင်းတွင်း၏ ၇၀ ရာခိုင်နှုန်းကို စိန်ကျောက်မျက်ရတနာကုမ္ပဏီက ပိုင်ဆိုင်ပြီး ၃၀ ရာခိုင်နှုန်းကို လီဆိုသိုအစိုးရက ပိုင်ဆိုင်သည်။ ထို့အပြင် ကမ္ဘာ့ထိပ်တန်း အရည်အသွေး ကောင်းမွန်သည့် စိန်သုံးလုံးကို တူးဖော်ရရှိခဲ့သည်။

ယင်းမိုင်းတွင်းမှ ၁၅ ခုမြောက် အကြီးဆုံးဖြစ်သည့် ၆၀၃ ကာရက်ရှိ စိန်တုံးကို ၂၀၀၆ ခုနှစ် သြဂုတ်လအတွင်းက တူးဖော်ရရှိခဲ့ပြီး ဒေါ်လာ ၁၂ ဒဿမ ၄ သန်းဖြင့် ရောင်းချခဲ့သည်။ ၆၀၃ ကာရက်ရှိ အဆိုပါ စိန်ကို အောက်ကပုံတွင် ကြည့်ရှုနိုင်ပါသည်။



အမ်အင်အေ၊ ရိုက်တာ။

No comments:

Post a Comment

 
Web Statistics