Tuesday, December 04, 2007

ကျန်ခဲ့မှာက အနုပညာ


ဟင်နရီမာတီးစ် နှင့် သြဂတ်စ်ရေနွား တို့သည် ပြင်သစ်လူမျိုး ထင်ရှားကျော်ကြားလှသော ဂန္ထ၀င်ပန်းချီကျော်များ ဖြစ်ကြသလို၊ တစ်ဦးနှင့်တစ်ဦးလည်း အလွန်ခင်မင် ရင်းနှီးကြသည်။ ရေနွားက မားတီးစ်ထက် အသက် ၂၈ နှစ် ကြီးသော်လည်း ငယ်ပေါင်းကြီးဖော်သူငယ်ချင်း အရင်းကဲ့သို့ပင် သဘောထားသည်။ ရေနွားသည် သူ၏ဘ၀ နေ၀င်ချိန်ဖြစ်သော ဆယ်စုနှစ်တစ်ခုကျော် ကာလအတွင်း အဆစ်အမြစ်ရောင်ရောဂါကြောင့် မသွားမလာနိုင်ဘ၀ဖြင့် အိမ်မှာချည်း နေခဲ့ရသည့်အခါ မာတီးစ်က နေ့စဉ်လို သွားရောက်လည်ပတ်ခဲ့သည်။ ရေနွားမှာ ရောဂါဝေဒနာဖြင့် မစွမ်းမသန် ဖြစ်နေသော်လည်း ပန်းချီရေးဆွဲခြင်းကိုတော့ ဘယ်အခါမှ ရပ်မထားခဲ့။
တစ်နေ့ ရေနွားသည် ဝေဒနာကို ကြိမ်မှိတ်ခံစားရင်း ပန်းချီကားတစ်ချပ်ကို ခဲခဲယဉ်းယဉ်းဖြင့် အပင်ပန်းခံကာ ရေးဆွဲနေသည်ကိုကြည့်ပြီး မာတီးစ်က စိမ်မသက်မသာဖြင့် ပြောလိုက်သည်။
“သြဂတ်စ်ရာ ဘာလို့များ ဒီလောက်ထိ ဒုက္ခဆင်းရဲခံပြီး ဆွဲနေရတာလဲကွာ”
ထိုအခါ ရေနွားက ရိုးရိုးစင်းစင်းကလေးပင် ပြန်ပြောလိုက်သည်။
“ဝေဒနာက အချိန်တန်တော့ ပျောက်သွားမှာ၊ ကျန်ခဲ့မှာက အနုပညာလေ”တဲ့။

No comments:

Post a Comment

 
Web Statistics