Thursday, May 22, 2008

နာဂစ်၏ရိုက်ချက်များ


ဆိုင်ကလုံး မုန်တိုင်းဒဏ်ကြောင့်
သေဆုံး၊ ပျောက်ဆုံးမှုနှင့် ဒဏ်ရာရရှိမှုအခြေအနေ
နေပြည်တော် မေ ၁၆
၂၀၀၈ ခုနှစ် မေ ၂ ရက်နှင့် ၃ ရက် တို့တွင် တိုက်ခတ်ခဲ့သော မုန်တိုင်းဒဏ်ကြောင့် မုန်တိုင်းဖြတ်သန်း ခဲ့သည့် ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်းရှိ ဒေသအချို့၌ ပျက်စီးဆုံးရှုံးမှုများ၊ လူသေဆုံး၊ ပျောက်ဆုံးနှင့် ထိခိုက်ဒဏ်ရာရရှိမှုများ ဖြစ်ပေါ်ခဲ့သည်။
မုန်တိုင်းဖြစ်ပေါ်ပြီးနောက် အမျိုးသားသဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီ ဖွဲ့စည်းကာ ကယ်ဆယ်ရေး၊ ရှာဖွေရေးနှင့် အကူအညီပေးရေးလုပ်ငန်းများကို အလျင်အမြန် ကျယ်ကျယ်ပြန့်ပြန့် ထိထိရောက်ရောက် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
တစ်ချိန်တည်းတွင် လူအသေအပျောက်၊ ဒဏ်ရာရနှင့် ပျက်စီးဆုံးရှုံးမှုများကိုလည်း စာရင်းကောက်ယူရေး ဆောင်ရွက်ခဲ့သည်။ သို့ရာတွင် မုန်တိုင်းဒဏ်ကြောင့်လည်းကောင်း၊ ဆိုးရွားသော ရာသီဥတုကြောင့် လည်းကောင်း ကျယ်ပြန့်သောနယ်မြေအတွင်း နှံ့နှံ့စပ်စပ် ရှာဖွေဆောင်ရွက်ခဲ့ရခြင်းကြောင့်လည်းကောင်း မေလ ၁၅ ရက်တွင်မှ အတည်ပြုနိုင်ခဲ့သည်။
စိစစ်အတည်ပြုသောစာရင်းမှာ ၀န်ထမ်း ၁၅၉ ဦး အပါအ၀င် သေဆုံးသူစုစုပေါင်း ၇၇၇၃၈ ဦး၊ ၀န်ထမ်း ၅၈ ဦး အပါအ၀င် ပျောက်ဆုံးသူစုစုပေါင်း ၅၅၉၁၇ ဦးနှင့် ၀န်ထမ်း ၄ ဦး အပါအ၀င် ဒဏ်ရာရသူ စုစုပေါင်း ၁၉၃၅၉ ဦး ဖြစ်ကြောင်း သတင်းရရှိသည်။

(၂၀၀၈ ခုနှစ်၊ မေလ ၁၇ ရက်နေ့ထုတ် ကြေးမုံသတင်းစာ၊ စာမျက်နှာ ၃ မှ ပြန်လည်ကူးယူ ဖော်ပြပါသည်)

No comments:

Post a Comment

 
Web Statistics