Saturday, September 20, 2008

ပြန်လည်နှုတ်ခွန်းဆက်ခြင်း


မြန်မာ့သွေးမိတ်ဆွေများအားလုံး မင်္ဂလာပါခင်ဗျာ။ အချိန်ရှားပါးမှုကြောင့် ကျွန်ုပ်အနေဖြင့် ပို့စ်များ မတင်ပေးနိုင်သည်မှာ ကာလအတော်ကြာမြင့်ခဲ့ပြီ ဖြစ်ပါသည်။ ယခုအခါ အခြေအနေပေးပြီဖြစ်ပါသဖြင့် ပို့စ်များ ပြန်လည်တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း အသိပေးရင်း ပြန်လည်နှုတ်ခွန်းဆက်ရခြင်းဖြစ်ပါသည်။
တလက်စတည်း အနည်းငယ် ရှင်းပြလိုပါသည်။ အချို့က ပြောကြပါသည်။ မြန်မာ့သွေးတွင် တင်ပေးထားသော ပို့စ်များမှာ ကိုယ်ပိုင်အရေးအသားမပါ။ အခြားနာမည်ကြီး စာရေးဆရာများ၏ စာတွေသာဖြစ်သည်ဟူ၍။ မှန်ပါ၏။ ကျွန်ုပ်အနေဖြင့် တမင်တကာပင် ထိုသို့ တင်ပေးခြင်းဖြစ်ပါသည်။ ကျွန်ုပ်တွင် ရေးစရာများမရှိမဟုတ်ပါ။ ရှိပါသည်။ ကိုယ်ပိုင်ခံစားချက်များ မရေးတတ်၍မဟုတ်ပါ။ ရေးတတ်ပါသည်။ သို့သော် ကျွန်ုပ်၏ ခံစားချက်များသည် ပုဂ္ဂလိက ခံစားချက်များဖြစ်သည့်အတွက် အားလုံးအတွက် အသုံးဝင်မည်၊ အကျိုးရှိမည်ဟု အာမ မခံနိုင်ပါ။ နာမည်ရှိပြီးသား စာရေးဆရာကြီးများ၏ စာများကတော့ အားလုံးအတွက် ရည်ရွယ်ပြီး ရေးသားထားခြင်းက ပိုများသည့်အတွက် စာဖတ်သူအားလုံးအတွက် အကျိုးရှိမည် ဟု ယူဆပါသည်။ သင်ခန်းစာယူစရာများ၊ လေ့လာစရာများ၊ လိုက်နာကျင့်သုံးစရာများ ရရှိမည်ဟု ယုံကြည်ပါသည်။ ထို့ကြောင့်လည်း ကျွန်ုပ်ဖတ်ရှုပြီးသော စာအုပ်များထဲမှ ကောင်းနိုးရာရာများတွေ့လျှင် ပြန်လည်ကူးယူ၍ တင်ဆက်ပေးရခြင်း ဖြစ်ပါသည်။ အချိန်အားမရ၍ စာအုပ်အများကြီး မဖတ်နိုင်သူများအတွက် အင်တာနက်သုံးချိန်လေးခဏတွင် ကောင်းနိုးရာရာစာများကို ဖတ်ရှုစေလိုခြင်းသည် ကျွန်ုပ်၏ စေတနာ အမှန်ပင် ဖြစ်ပါသည်။

No comments:

Post a Comment

 
Web Statistics