Sunday, June 28, 2009

Delta United 0 : Yangon United 2


မြန်မာအမျိုးသားလိဂ်ဖလား ဂရင်းရွိင်ရယ်(လ်) ၂၀၀၉ ပြိုင်ပွဲရဲ့ ယနေ့ ၂၇-၆-၂၀၀၉ ရက်နေ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲမှာ ရန်ကုန်ယူနိုက်တက်အသင်းက ဒယ်လ်တာယူနိုက်တက်အသင်းကို နှစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိသွားပြီး ဗိုလ်လုပွဲတက်ရောက်ခွင့်ရရန်အတွက် ရတနာပုံနှင့် မကွေးအသင်းတို့၏ ရလဒ်များကို စောင့်ကြည့်ရတော့မည်ဖြစ်သည်။ ယနေ့ပွဲစဉ်တွင် မိုးထဲရေထဲ၌ နှစ်သင်းစလုံး အားသွန်ခွန်စိုက် ကစားသွားခဲ့ကြသဖြင့် ပွဲကောင်းတစ်ပွဲဖြစ်ခဲ့သည့်အပြင် ရေစိုနေသည့် ကစားကွင်းအခြေအနေကြောင့် မလိုလားအပ်သည့် ထိခိုက်မှုများလည်းဖြစ်ပွားခဲ့သည်ကို တွေ့ရသည်။ ကစားကွက်အနေဖြင့် ကွာခြားခြင်း မရှိသော်လည်း အဆုံးသတ်ဂိုးသွင်းသေချာသော ရန်ကုန်ယူနိုက်တက်အသင်းက ရရှိသည့် အခွင့်အရေးများကို ဂိုးရရှိအောင် အသုံးချနိုင်ခဲ့သည့်အတွက် အနိုင်ရရှိသွားခြင်းလည်းဖြစ်သည်။ ယနေ့ပွဲတွင် ရန်ကုန်ယူနိုက်တက် အသင်းမှ နိုင်ငံခြားကစားသမား နောက်ခံလူ ကီရာ ခြေစွမ်းပြကစားသွားနိုင်သည်ကို တွေ့ရသည်။
နက်ဖြန် ၂၈-၆-၂၀၀၉ ရက်နေ့ ယှဉ်ပြိုင်ကစားမည့်ပွဲတွင် ရတနာပုံအသင်းကသာ ဥဿာယူနိုက်တက်အသင်းကို အနိုင်ကစားနိုင်ခဲ့လျှင် ရတနာပုံအသင်းအနေဖြင့် မြန်မာနေရှင်နယ်လိဂ် ၂၀၀၉ ပြိုင်ပွဲ၏ ပထမဆုံးသော ဗိုလ်လုပွဲတက်ခွင့်ရအသင်း ဖြစ်လာမည်ဖြစ်သည်။ အကယ်၍ ရတနာပုံသာ အနိုင်ရရှိခဲ့ပါက ရန်ကုန်ယူနိုက်တက်အသင်းအနေဖြင့် မကွေးနှင့် ကမ္ဘောဇအသင်းတို့၏ ပွဲစဉ်ရလဒ်ကို စောင့်ကြည့်ရဦးမည်ဖြစ်သည်။ ထိုပွဲစဉ်တွင် မကွေးအသင်းအနေဖြင့် ရှုံးနိမ့်ခဲ့လျှင်သော်လည်းကောင်း၊ သရေကျခဲ့လျှင်သော်လည်းကောင်း၊ နှစ်ဂိုးပြတ်ဖြင့်သာ အနိုင်ရရှိခဲ့လျှင်သော်လည်းကောင်း ဗိုလ်လုပွဲဖြင့် ဝေးကွာရမည်ဖြစ်သည်။

No comments:

Post a Comment

 
Web Statistics