Thursday, July 02, 2009

Headlines News


အိန္ဒိယသမုဒ္ဒရာအတွင်း ပျက်ကျသွားခဲ့သော ခရီးသည်နှင့် လေယာဉ်အမှုထမ်း စုစုပေါင်း ၁၅၃ ဦးပါ ယီမင်လေကြောင်းလိုင်းပိုင် ခရီးသည်တင် လေယာဉ်မှ သေတ္တာနက် (Black Box) ကို ရှာဖွေတွေ့ရှိခဲ့ပြီဖြစ်ကြောင်း အစောပိုင်းတွင် ပြင်သစ်နိုင်ငံမှ ပြောရေးဆိုခွင့်ရှိသူများက ပြောကြားခဲ့သော်လည်း ယခုအချိန်အထိ ရှာဖွေ့တွေ့ရှိခြင်းမရှိသေးကြောင်း သိရှိရသည်။ အဆိုပါ ပျက်ကျသွားခဲ့သော လေယာဉ်မှ တစ်ဦးတည်းသော အသက်ရှင်ကျန်ရစ်ခဲ့သူအဖြစ် အသက် (၁၄)နှစ်အရွယ် Baya Bakari အမည်ရှိ မိန်းကလေးတစ်ဦးအား El Maaruf Hospital in Moroni, Comoros တွင် ပြုစုကုသပေးလျက်ရှိကြောင်းနှင့် အခြားသော အသက်မသေဘဲ ကျန်ရစ်သူများကို ရှာဖွေတွေ့ရှိရန်မှာ ဖြစ်နိုင်ချေ အလွန်နည်းပါးကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

မဲဆွယ်ပွဲကာလတွင် သမ္မတ အိုဘားမား ကတိပေးခဲ့သည့်အတိုင်း အီရတ်နိုင်ငံရှိ အဓိကမြို့ကြီးများမှ အမေရိကန်တပ်များ စတင်ဆုတ်ခွာမှု ပြုလုပ်နေပြီဖြစ်သည်။

အမေရိကန်နိုင်ငံတွင် လူတစ်သန်းခန့်သည် ကမ္ဘာ့လူတုပ်ကွေးကပ်ရောဂါ H1N1 ရောဂါပိုးကူးစက်ခံရနိုင်ကြောင်း ကျန်းမာရေးပညာရှင်များက ပြောကြားခဲ့သည်။

ဝင်ဘယ်လ်ဒန်တင်းနစ်ပြိုင်ပွဲ အမျိုးသားပွဲစဉ်များတွင် ရော်ဂျာ ဖက်ဒဲရာ၊ အန်ဒီမာရေးနှင့်၊ တော်မီဟာ့စ် တို့ ဆီမီးဖိုင်နယ်သို့ တက်ရောက်သွားခဲ့ကြသည်။

အီရန်နိုင်ငံတွင် လက်ရှိသမ္မတ အမာဒီနီဂျက် ပြန်လည်ရွေးချယ်ခံခဲ့ရသည့် ကျင်းပပြုလုပ်ပြီးစီးခဲ့သော ရွေးကောက်ပွဲတွင် မသမာမှုများ ရှိခဲ့သည်ဟုဆိုကာ အတိုက်အခံခေါင်းဆောင် မူဆာဝီက ကန့်ကွက်လျက်ရှိပြီး ရွေးကောက်ပွဲအသစ် ပြန်လည်ပြုလုပ်ပေးခြင်း မရှိပါက ၄င်းအားထောက်ခံသူများအနေဖြင့် ဆက်လက်ဆန္ဒပြကြရန် တိုက်တွန်းလိုက်ကြောင်း သိရှိရသည်။

No comments:

Post a Comment

 
Web Statistics