Thursday, August 13, 2009

သစ်သီးဝလံ သစ်ဥသစ်ဖု ဆိုသည်မှာ


မှတ်စုစာအုပ်ထဲမှာ မှတ်ထားတာလေးတစ်ခုပါ။ ဘာရယ်မဟုတ်ပါဘူး။ အချို့တွေအတွက်များ စိတ်ဝင်စားပြီး အသုံးဝင်နေမလားလို့ပါ။

ပင်စည် ပင်စောက်ရှိသော အပင်မှ သီးလျှင် သစ်သီး
ဥပမာ - သရက်၊ ပိန္နဲ၊ ဒူးရင်း၊ ပန်းသီး၊ လိမ္မော်

နွယ်ပင်မှ သီးလျှင် ၀လံ
ဥပမာ - ဘူးသီး၊ သခွားသီး၊ ခ၀ဲသီး၊ ဖရဲသီး

အကိုင်းထွက်သော အပင်မှ ရွက်နုလေးများကို သစ်ဖု
ဥပမာ - မန်ကျည်းရွက်၊ ဆူးပုပ်ရွက်

မြေကြီးထဲတွင် ဥသည်များကို သစ်ဥ
ဥပမာ - ကြက်သွန်၊ ဂျင်း၊ အာလူး

No comments:

Post a Comment

 
Web Statistics