Tuesday, August 25, 2009

ခေတ်သစ်အဘိဓာန်


အရက်=သာမန်အားဖြင့် ယောက်ျားနှင့်မိန်းမကို နီးစပ်စေသည်။ သို့သော် လင်နဲ့ မယားကို ကွဲအောင်လုပ်သည်။
ရန်သူ=ခင်ဗျားအကြောင်း သိလွန်းတဲ့ သူငယ်ချင်း
နားထိုင်း=ကိုယ့်ကိုကိုယ်ပဲ ကြားတဲ့လူ။
ခြွင်းချက်=စည်းကမ်းဥပဒေတွေကို ပြဋ္ဌာန်းတဲ့လူတွေရဲ့ အထူးအခွင့်အရေး
စာပြင်သမား=တခြားလူတွေရဲ့ အမှားပေါ်မှာ ပညာမရှာဘဲ ၀မ်းစာရှာတဲ့သူ
လက်ဆောင်ပစ္စည်း=လိုအပ်တဲ့လူကိုပေးတဲ့ မလိုအပ်တဲ့ပစ္စည်း
ကဗျာဆရာ=ချစ်တဲ့သူကို ကမ္ဘာကြီးတစ်ခုလုံး လက်ဆောင်ပေးဖို့ အဆင်သင့်ဖြစ်နေပေမယ့် တကယ့်တကယ်မှာ ဖိနပ်တစ်ရံတောင် ၀ယ်မပေးနိုင်တဲ့သူ
သရော်စာရေးသူ=ကိုယ့်ကို ချီးမွမ်းစေချင်တဲ့အတွက် တခြားသူတွေရဲ့ အားနည်းချက်တွေကို ထောက်ပြတဲ့သူ
ကျော်ကြားမှု=ခင်ဗျားမသိတဲ့ လူတွေတောင် ခင်ဗျားကို သိနေခြင်း
ဇရာ=၁။ ဆေးကအစာဖြစ်ပြီး အစာက အဆိပ်ဖြစ်တဲ့အရွယ်


၂။ အလုပ်ကြောင့်သာမက အနားယူရင်လည်း ပင်ပန်းတဲ့အရွယ်


၃။ သွားကလွဲပြီး အရာခပ်သိမ်း နာတဲ့အရွယ်
ခေတ်သစ်သံတမန်=၁။ ကိုယ်ဘာမေးမိသလဲဆိုတာတောင် သတိဖော်မရအောင် ဖြေတတ်တဲ့လူ


၂။ ခင်ဗျားဘာပြောလိုက်သလဲဟင် ဆိုတဲ့ မေးခွန်းကို ကျွန်တော် စဉ်းစားရဦးမယ်လို့ ဖြေတဲ့သူ


၃။ Yes or No ဆိုတဲ့ မေးခွန်းကလွဲရင် ဘာမေးခွန်းကိုမဆို ဖြေနိုင်တဲ့လူ


၎။ ပြဿနာတစ်ခုနဲ့ လာတဲ့လူကို ပြဿနာသုံးခုနဲ့ ပြန်သွားအောင် လုပ်နိုင်တဲ့လူ
ဗဟုသုတကြွယ်ဝသူ=သိတာထက် မှတ်မိတာ ပိုများတဲ့လူ
လျှို့ဝှက်ချက်=တိုးတိုးလေးပြောတဲ့ အများသိအကြောင်းအရာ


( မောင်ကောင်းထိုက်ရဲ့ ဟာသပဒေသာ အမှတ်(၁၉)ထဲက ဟာသတွေပါ )

No comments:

Post a Comment

 
Web Statistics