Wednesday, September 23, 2009

သားရွှေကြူဆုံးမစာ


"သားရွှေကြူ" ၊ သူတော်တကာ၊ ချီးမွမ်းရာသား၊ သားတကာထက်၊ ကျေးဇူးနက်၍၊ အဖက်မဲ့စွာ၊ ဂုဏ်ပညာနှင့်၊ သမ္မစာရ၊ မြတ်ဓမ္မဖြင့်၊ မိဘတို့ထက်၊ ဆထက်လွန်စွာ၊ အတိဇာဟု၊ သမ္ဘာရင့်ညောင်း၊ သားသူကောင်းလျှင်၊ ဖြစ်စေချင်၍၊ မိခင်ဘချစ်၊ အသစ်သစ်ဖြင့်၊ ကွပ်မြစ်ဆုံးမ၊ ညွှန်ပြသ၏၊ သားလှရွှေကြူ၊ မယ့်သည်းအူလျှင်၊ နည်းယူဖွေရှာ၊ ကြံစာနာလျက်၊ သည်မှာမတော်၊ သည်မှာတော်ဟု၊ လျော်လျော်ကန်ကန်၊ မှန်မှန်ဖြောင့်ဖြောင့်၊ မထောင့်မကွေ့၊ ကျင့်လေကျင့်ရာ၊ အဖြာဖြာကို၊ လူမှာလူလျှောက်၊ ချီးမွမ်းလောက်၍၊ ခေါင်းမြတ်ပညာ၊ ရဟန်းမှာလည်း၊ ပြုရာပြုခွင့်၊ ၀တ်ရင့်ဝတ်နု၊ ထောက်ရှုမျှော်တွေး၊ ကြံစည်မေးလျက်၊ စစ်ဆေးစင်စွာ၊ ဉာဏ်ပညာဖြင့်၊ သီတာပြည့်လျှံ၊ ရေကန်ပမာ၊ မြတ်ဆရာ၌၊ စင်စွာကြည်လင်၊ ဆေးစေချင်သည်။ ။ "မိခင်သည်းအူ သားရွှေကြူ"။

ကျောင်းစာရေး မောင်စံထိန်
(မြန်မာ-၁၁၈၀ ခန့်)

No comments:

Post a Comment

 
Web Statistics