Monday, October 26, 2009

ကျရှုံးမှု


ကျရှုံးမှုဆိုတာဟာ မင်းအနေနဲ့ ကျရှုံးတယ်ဆိုတဲ့ အဓိပ္ပါယ်မဟုတ်ပါဘူး။
မင်းအနေနဲ့ မအောင်မြင်သေးဘူးဆိုတဲ့ အဓိပ္ပါယ်ရပါတယ်။

ကျရှုံးမှုဆိုတာဟာ ဘာကိုမှအောင်မြင်ပြီးမြောက်အောင် မလုပ်နိုင်ဘူးဆိုတဲ့ အဓိပ္ပါယ်မဟုတ်ပါဘူး။
မင်းအနေနဲ့ သင်ယူစရာအချို့ ရှိနေသေးတယ်လို့ အဓိပ္ပါယ်ရပါတယ်။

ကျရှုံးမှုတွေနဲ့ ကြုံတွေ့ရတယ်ဆိုတာဟာ ရူးသွပ်မိုက်မဲတယ်ဆိုတဲ့ အဓိပ္ပါယ်မဟုတ်ပါဘူး။
မင်းအနေနဲ့ ယုံကြည်မှုတွေ အများကြီးရှိတယ်လို့ အဓိပ္ပါယ်ရပါတယ်။

ကျရှုံးခြင်းဆိုတာဟာ မင်းအတွက် အရှက်ရစရာမဟုတ်ပါဘူး။
မင်းအနေနဲ့ အများကြီးပိုပြီး ကြိုးစားရမယ်လို့ အဓိပ္ပါယ်ရပါတယ်။

ကျရှုံးမှုနဲ့တွေ့ကြုံရတယ်ဆိုတာ မင်းအတွက် ဘာမှလုပ်စရာမရှိတော့ဘူးဆိုတဲ့ အဓိပ္ပါယ်မဟုတ်ပါဘူး။
အဲဒီအလုပ်ကိုပဲ အခြားနည်းလမ်းတစ်ခုပြောင်းပြီး လုပ်နိုင်တယ်ဆိုတဲ့ အဓိပ္ပါယ်ရပါတယ်။

ကျရှုံးမှုဆိုတာဟာ မင်းအတွက် နိမ့်ကျသွားတယ်ဆိုတဲ့ အဓိပ္ပါယ်မဟုတ်ပါဘူး။
မင်းအနေနဲ့ အရာအားလုံးမှာ မပြည့်စုံနိုင်ဘူးဆိုတဲ့ အဓိပ္ပါယ်ရပါတယ်။

ကျရှုံးမှုနဲ့ကြုံတွေ့တဲ့အခါ မင်းအနေနဲ့ ဘ၀ရဲ့အချိန်တွေကို အချည်းနှီးဖြုန်းတီးခဲ့တယ်လို့ မယူဆပါနဲ့။
အသစ်ကပြန်စနိုင်ဖို့အတွက် အကြောင်းပြချက်တစ်ခုရတယ်လို့ သဘောထားပါ။

ကျရှုံးမှုဆိုတာဟာ မင်းအနေနဲ့ လက်မြှောက်အရှုံးပေးရမယ်ဆိုတဲ့ အဓိပ္ပါယ်မဟုတ်ပါဘူး။
မင်းအနေနဲ့ ပိုပြီးကြိုးစားအားထုတ်ရမယ်ဆိုတဲ့ အဓိပ္ပါယ်ရပါတယ်။

ကျရှုံးမှုနဲ့ကြုံတဲ့အခါ အဲဒီအလုပ်ကို ထပ်မလုပ်သင့်တော့ဘူးလို့ မယူဆပါနဲ့။
အဲဒီအလုပ်အတွက် အချိန်အနည်းငယ်ပိုယူဖို့လိုတယ်လို့ နားလည်ပါ။

*Truth about failure ကို ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။
ကိုဉာဏ်(ပန်းလောင်မြေ)
၂၀၀၉ ခုနှစ် အောက်တိုဘာလ ၂၃ ရက်၊ သောကြာနေ့။
နံနက် ၁ နာရီ ၅၀ မိနစ်တွင် ပြီး၏။

No comments:

Post a Comment

 
Web Statistics