Friday, January 29, 2010

နိုင်ငံရေးအဆိုအမိန့်များ - မောင်ဝံသ


The art of leadership is saying no, not yes. It is very easy to say yes.

Tony Blair
ခေါင်းဆောင်မှုပညာဟာ ဟုတ်ကဲ့လို့ ပြောတတ်ဖို့မဟုတ်ဘူး။ ဟင့်အင်း ပြောတတ်ဖို့လိုတယ်။ ဟုတ်ကဲ့ ပြောတာက အင်မတန်လွယ်တာပဲ။
တိုနီဘလဲ

Leadership cannot really be taught. It can only be learned.
Harold Geneen
ခေါင်းဆောင်မှုပညာကို သင်ယူလို့မရနိုင်ဘူး။ ဆည်းပူးယူမှ ရမှာဖြစ်တယ်။
ဟယ်ရိုးဂျင်နင်း

The key to successful leadership is influence, not authority.
Keneeth Blanchard
အောင်မြင်တဲ့ ခေါင်းဆောင်မှုရဲ့ သော့ချက်ဟာ သြဇာဖြစ်တယ်။ အာဏာမဟုတ်ဘူး။
ကဲနက်ဘလန်ချဒ်

Leadership has a harder job to do than just choose sides. It must bring sides together.
Jesse Jackson
ခေါင်းဆောင်မှုဆိုတာ ကိုယ်ကြိုက်တဲ့ဘက်ကို ရွေးလိုက်ရုံထက် ပိုပြီးခက်ခဲတဲ့အလုပ် ဖြစ်တယ်။ ခေါင်းဆောင်မှုပေးတယ်ဆိုတာ ဘက်တွေကို အတူတကွ ပေါင်းစည်းမိအောင် လုပ်ရတာဖြစ်တယ်။
ဂျက်ဆီဂျက်ဆင်

Leadership is the art of getting someone else to do something you want done because he wants to do it.
Dwight Eisenhower
ခေါင်းဆောင်မှုဆိုတာ သင်လုပ်စေချင်တဲ့အရာကို သူလုပ်ချင်လို့ သူ့ဘာသာလုပ်ခဲ့တဲ့ အခြားသူတစ်ယောက်ကို သင့်အနားမှာ ရအောင်ခေါ်ထားနိုင်တဲ့ပညာ ဖြစ်တယ်။
ဒွိုက်အိုက်ဆင်ဟောင်ဝါ

I suppose leadership at one time meant muscles; but today it means getting along with people.
Mahatma Ganhdi
ခေါင်းဆောင်မှုဆိုတာ ကြွက်သားတွေကို ဆိုလိုတာလို့ ကျွန်ုပ်ထင်မြင်ခဲ့ဖူးတယ်။ သို့ပေမယ့် ဒီနေ့ခေတ်မှာ ခေါင်းဆောင်မှုဆိုတာ လူတွေနဲ့ လိုက်လျောညီထွေရှိခြင်းကို ဆိုလိုတာဖြစ်နေပြီ။
မဟတ္တမဂန္ဒီ

The politicians were talking themselves red, white and blue in the face.
Clare Boothe Luce
နိုင်ငံရေးသမားတွေက သူတို့မျက်နှာနီတယ်၊ ဖြူတယ်၊ ပြာတယ်လို့ သူတို့ဘာသာ ပြောနေကြတာပဲ။
ကလဲဘုသ်လုစ်

When one may pay out over two million dollars to presidential and Congressional campaigns, the U.S. government is virtually up for sale.
John Gardner
သမ္မတရွေးကောက်ပွဲနဲ့ ကွန်ဂရက်လွှတ်တော်ရွေးကောက်ပွဲ မဲဆွယ်စရိတ်အတွက် လူတစ်ယောက်က ဒေါ်လာနှစ်သန်းကျော် ထည့်ဝင်တယ်ဆိုရင် အမေရိကန်အစိုးရဆိုတာ တကယ်ကတော့ ရောင်းရန်ရှိသည်လို့ ပြောရမလိုဖြစ်နေပြီ။
ဂျွန်ဂါဒနာ

(7Day News ဂျာနယ် အတွဲ ၈ အမှတ် ၄၅ မှ ပြန်လည်ကူးယူဖော်ပြပါသည်)

No comments:

Post a Comment

 
Web Statistics