Monday, February 15, 2010

၂၁ ရာစု မော်ဒန်စတိုင်လ်


(၁) လမ်းလျှောက်ထီးထမ်း၊ လူသရမ်း၊ ငမ်းငမ်းကြိုက်တဲ့ခေတ်။
(၂) လူကြီးနဲ့အပျိုစင်၊ တွဲလျက်ယှဉ်၊ ပွဲသဘင် ကတဲ့ခေတ်။
(၃) ဘိုင်စကုပ်၊ ပြည့်တန်ဆာ၊ စီးပွားရှာ၊ ကညာပျိုတို့ ဆိုးတဲ့ခေတ်။
(၄) တစ်ဦးဥစ္စာ၊ ပြည့်စုံလာ၊ မနာလိုတဲ့ခေတ်။
(၅) တရားသဘော၊ ဘယ်လိုဟော၊ နှုတ်မောရုံသာရှိတဲ့ခေတ်။
(၆) ပေါင်းဖော်သားချင်း၊ မေတ္တာကင်း၊ အတင်းပြောတဲ့ခေတ်။
(၇) မယားကြီးရှိပြန် တကယ်မှန် ငယ်ခံထားတဲ့ခေတ်။
(၈) လူကြီး/လူငယ်၊ ပြောဆိုနည်း၊ လူကြီးရှုံးတဲ့ခေတ်။
(၉) အရွယ်မရောက်၊ အပျိုပေါက်၊ လင်နောက်လိုက်တဲ့ခေတ်။
(၁၀) ဥပုသ်စောင့်များ၊ ကျောင်းကိုသွား၊ ၀ါကြွားနေတဲ့ခေတ်။
(၁၁) ဘုန်းကြီးများထံ၊ သီလခံ၊ ဆူညံနေအောင်ပြောတဲ့ခေတ်။
(၁၂) ရွှေ/ငွေ ၀တ်ဆင်၊ လူခေါ်ချင်၊ ဂုဏ်ထင်ကြီးတဲ့ခေတ်။
(၁၃) လပြည့်လကွယ်၊ ဥပုသ်သည်၊ အောင်သွယ်စကားပြောတဲ့ခေတ်။
(၁၄) လူကြီးရှေ့မှောက်၊ မရှက်ကြောက်၊ လင်နောက်လိုက်တဲ့ခေတ်။
(၁၅) ရှေ့ကွဲ နောက်တွဲ၊ ၀တ်ဆင်ရဲ၊ အသည်းယားတဲ့ခေတ်။
(၁၆) သားရေး၊ သမီးရေး ပေါင်းဖော်ရေး၊ အလေးမထားတဲ့ခေတ်။
(၁၇) မိဘများထံ၊ နည်းနာခံ၊ ပြောရန်ခက်တဲ့ခေတ်။
(၁၈) မိန်းမယောက်ျား၊ သွင်ပြင်များ၊ ခွဲခြားမရတဲ့ခေတ်။
(၁၉) ဓနရှင်များ၊ မာနထား၊ တိုးပွားနေတဲ့ခေတ်။
(၂၀) ကျောင်းသူ/ကျောင်းသား၊ စာသင်သွား၊ ရည်းစားထားတဲ့ခေတ်။

(လျှပ်တစ်ပြက်သတင်းဂျာနယ် အတွဲ ၂ အမှတ် ၇၂ မှ ပြန်လည်ကူးယူဖော်ပြပါသည်)

No comments:

Post a Comment

 
Web Statistics