Friday, May 07, 2010

အသုံးမပြုခဲ့လျှင်


ဂျူးစာပေတွင် ဆပ်ပြာချက်သမားတစ်ဦးနှင့် သာသနာအကျိုးတော်ဆောင် ရဟန်းတစ်ပါးအကြောင်း အောက်ပါအတိုင်း ပြောပြထားပါသည်။ ဆပ်ပြာချက်သမားက သာသနာ့အကျိုးဆောင် ရဟန်းထံလာပြီး

"ကျွန်တော် ဂျူဒီဇင် အယူဘာသာနဲ့ နေခဲ့တာ နှစ်တွေကြာလှပြီ။ ဘာသာတရားရဲ့ ရည်မှန်းချက်က ငြိမ်းချမ်းမှု၊ တရားမျှတမှုနဲ့ မေတ္တာကရုဏာတရားများ လောကမှာ စိုးမိုးအောင်လုပ်ပေးဖို့လို့ ဘုန်းကြီးက ခဏခဏ ဟောခဲ့ပါတယ်။ ဒါပေမယ့် ဘာသာတရားက အဲဒီလို ပြောခဲ့တာတွေ ဘာတစ်ခုမှ ဖြစ်မလာစေပါဘူး" ဟု ဘာသာတရားကို ဆန့်ကျင်ပြောဆိုပါသည်။

သာသနာ့အကျိုးဆောင်က ထိုလူ၏ စကားကို ညင်ညင်သာသာ တုံ့ပြန်ခဲ့ပါသည်။ ထိုလူအား သူနှင့်အတူ ဥယျာဉ်ထဲ လမ်းလျှောက်ထွက်ရန် ဖိတ်ပါသည်။ ဥယျာဉ်ထဲ လမ်းလျှောက်နေစဉ် ကလေးတစ်ခု ကစားနေသည်ကို တွေ့ကြပါသည်။

"ညစ်ပတ်ပေကျံနေတဲ့ ဒီကလေးတွေကို ကြည့်ရှုလေ့လာပြီး ဆပ်ပြာဟာ ဘာမှ မထိရောက်ဘူးလို့ နိဂုံးချုပ်အားဖြင့် ပြောနိုင်ပါတယ်" ဟု သာသနာ့အကျိုးဆောင်က မှတ်ချက်ပေးပါသည်။

"အို... အဲဒီလို ကောက်ချက်ဆွဲတာ ဘာမှ အဓိပ္ပါယ်မရှိပါဘူး။ ဆပ်ပြာဆိုတာ မသုံးရင် ဘာမှ မထိရောက်ပါဘူး" ဟု ဆပ်ပြာချက်သမားက သူ့ဆပ်ပြာကို ကာကွယ်ပြောဆိုပါသည်။

"အင်း၊ အဲဒီအတိုင်းပါပဲ။ ဘာသာတရား အဆုံးအမဆိုတာလည်း အတူတူပါပဲ။ ဘာသာတရား အဆုံးအမတွေကို ဘ၀မှာ လက်တွေ့ကျင့်သုံးမှသာ ဘာသာတရားမှာ တန်ဖိုးရှိတာပါ" ဟု သာသနာ့အကျိုးဆောင်က ဆပ်ပြာချက်သမားအား ရှင်းပြလိုက်ပါသည်။

Rabbi Norman E. Singer
[ဒေါက်တာသိန်းလွင် ၏ စိတ်ကျန်းမာရေး အတွေးစာစုများ မှ]

No comments:

Post a Comment

 
Web Statistics