Saturday, May 22, 2010

ထက်ထက်မိုးဦးသတင်း


htethtet.jpg
ဒီနေ့အင်တာနက်သုံးနေတဲ့အချိန်မှာ လူပြောများတဲ့ သတင်းတစ်ခုကတော့ ရုပ်ရှင်မင်းသမီး ထက်ထက်မိုးဦးနဲ့ 7Day News ဂျာနယ်က သတင်းထောက်တစ်ဦး ပြဿနာဖြစ်တဲ့အကြောင်းပါ။ သူငယ်ချင်းအချို့က ကျွန်တော့်အမြင်ကို မေးကြပါတယ်။ အမှန်အတိုင်းပြောရရင် အဲဒီအကြောင်းကို ကျွန်တော်မသိသေးပါဘူး။ အဲဒါကြောင့်လည်း အင်တာနက်မှာ အဲဒီအကြောင်းကို လိုက်ရှာဖတ်ဖြစ်ပါတယ်။ အများစုက The VOICE ဂျာနယ်ကသတင်းကိုပဲ ပြန်တင်ပေးကြတာ များပါတယ်။ အင်တာနက် သတင်းစာမျက်နှာတစ်ခုမှာတော့ သူတို့ရဲ့အမြင် ခပ်တိုတိုလေး ရေးထားတာကို ဖတ်ရပါတယ်။ ဟိုဘက်မပါ၊ ဒီဘက်မပါပေါ့။ နှာစေးနေတဲ့ အရေးအသားဆိုပါတော့။

ကိုညီလင်းဆက်ရဲ့ ဘလော့ဂ်မှာတော့ ဘယ်သူမှားသလဲဆိုတဲ့ ခေါင်းစဉ်တပ်ပြီးတော့ ပွင့်ပွင့်လင်းလင်းပဲ ရေးထားပါတယ်။ အဲဒီပို့စ်ထဲမှာပဲ သင်္ကြန်တွင်း ရန်ကုန် X2O မဏ္ဍပ်အနီး ဗုံးပေါက်ကွဲမှုဖြစ်စဉ်မှာ သူကိုယ်တိုင် ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို Myanmar Newsweek Journal က ခိုးယူသုံးစွဲမှုနဲ့ ပတ်သက်ပြီးတော့လည်း ပေါက်ကွဲထားပါသေးတယ်။ အဲဒီလိုပေါက်ကွဲတဲ့အကြောင်းကို ရှေ့ပိုင်းမှာ ရေးပြထားတာကလည်း အကြောင်းရှိပါတယ်။ အောက်မှာ သူရေးထားတဲ့စာတွေကို ဖတ်ကြည့်တဲ့အခါ သူဘာကြောင့် အဲဒီအချက်ကို တမင်ကို လူမုန်းခံပြီး ထည့်ရေးထားသလဲဆိုတာ နားလည်နိုင်ကြပါလိမ့်မယ်။ ကိုညီလင်းဆက်ကတော့ နှစ်ယောက်စလုံး မှားယွင်းတယ်လို့ သူ့အယူအဆကို ရေးပြထားပါတယ်။

အခြားနေရာတွေမှာ လိုက်ဖတ်တော့လည်း ထူးမခြားနား သတင်းတွေကိုပဲ ဖတ်ရတာပါပဲ။ အချို့သတင်းတွေဆိုရင် တခြားစာမျက်နှာကသတင်းကို ကော်ပီပေ့စ်လုပ်ထားသလားတောင် မှတ်ထင်ရတယ်။ တစ်ပုံစံတည်း ချွတ်စွတ်ဖြစ်နေပုံ ပြောပါတယ်။ အဲဒီလိုတင်ထားတာက ဘလော့ဂ်လို၊ Ning လို၊ ဆိုရှယ်နက်ဝက်(ခ)တွေလို နေရာမျိုးဆိုရင် ဘာမှမပြောလိုပါဘူး။ အခုဟာက မြန်မာပြည်ကို ကယ်တင်မယ့်အလုပ်တွေ လုပ်နေသလိုလို၊ သူတို့မှမကယ်ရင် မြန်မာပြည်သူတွေကပဲ နေ့ချင်းညချင်း သေကြတော့မလို ရေးနေ၊ ဖွနေ၊ မြှောက်ပေးနေတဲ့ သူတို့ကိုယ်သူတို့ အားကိုးအားထားပြုရာ သတင်းဌာနကြီးလို့ ပြောနေကြတဲ့ စာမျက်နှာတွေ ဖြစ်နေတာပါပဲ။

ထားလိုက်ပါတော့လေ။ မူရင်းပြောလိုတဲ့ ထက်ထက်မိုးဦးအကြောင်းကို ဆက်ပါမယ်။ စိတ်ဝင်စားစရာကောင်းတာက ထက်ထက်မိုးဦးနဲ့ 7Day News ဂျာနယ်က သတင်းထောက်တို့ အင်တာဗျူးမေးတဲ့ မေးခွန်းတွေပါ။ ကျွန်တော်ကတော့ မေးသင့်တယ်၊ မမေးသင့်ဘူးဆိုတာကို မပြောလိုပါဘူး။ ဆိုပါတော့၊ ဘာပြဿနာမှ မဖြစ်ခဲ့ဘဲ အခုသူမေးထားတဲ့ မေးခွန်းတွေ၊ ထက်ထက်မိုးဦးဖြေမယ့် အဖြေတွေကို သူတို့ဂျာနယ် စာမျက်နှာထက်မှာ ဖော်ပြလိုက်ပြီလို့ စဉ်းစားကြည့်ပါတယ်။ မေးတဲ့လူက ပရိသတ်တွေက ပြောကြတယ်တို့၊ ဘာတို့ဆိုပြီး ပရိသတ်ကို ခေါင်းတည်ပြီး မေးထားတာကို အောက်ဆုံးမေးခွန်းမှာ တွေ့ရမှာပါ။ အဲဒီလိုဆိုတော့ ဒီလို စဉ်းစားမိတယ်။ အခုအင်တာဗျူးဟာ ပရိသတ်တွေကို သိစေချင်၊ ဖတ်စေချင်တဲ့အတွက် ဗျူးတာဖြစ်တယ်လို့ ကောက်ချက်ချနိုင်တယ်။

ဘာကြောင့် ထက်ထက်မိုးဦးကို အင်တာဗျူးရသလဲ။
ရှင်းပါတယ်။ ပရိသတ်က ထက်ထက်မိုးဦးကို စိတ်ဝင်စားမှုရှိနေတယ်လို့ ဂျာနယ်က ယုံကြည်လို့ပေါ့။ ပရိသတ်က စိတ်မ၀င်စားတဲ့ လူတစ်ယောက်ကို ဘယ်သတင်းထောက်ကမှ အလုပ်ရှုပ်ခံပြီး အင်တာဗျူးမှာ မဟုတ်တာ သေချာပါတယ်ဗျာ။ ပရိသတ်အတွက်ဆိုပေမယ့် ပရိသတ်စိတ်ဝင်စားပါမှ သူတို့ဂျာနယ်မှာ ထည့်ရကျိုးနပ်မှာကိုး။

ဟုတ်ပြီ၊ အဲဒါဆိုရင် သူမေးခဲ့တဲ့ မေးခွန်းတွေဟာ ဖတ်မယ့်ပရိသတ်အတွက် တကယ်ပဲ အကျိုးရှိစေသလား၊ ပရိသတ်သိချင်တဲ့ အကြောင်းအရာရော တကယ်ပဲ ဖြစ်နိုင်ရဲ့လား။
စာဖတ်သူတစ်ယောက်အနေနဲ့ ကျွန်တော့်အမြင်ကို ပြောရမယ်ဆိုရင်တော့ ဘာတစ်ခုမှကို စိတ်ဝင်စားစရာ မပါဘူး။ ထားပါတော့... နှလုံးနဲ့ ပတ်သက်လို့ အနားယူနေတယ်ဆိုတဲ့ မေးခွန်းအတွက်တော့ ကြိုက်တဲ့ပရိသတ်တွေလည်း ရှိမှာပေါ့။ ကိုယ်ကြိုက်တဲ့ မင်းသမီးရဲ့ ကျန်းမာရေးအခြေအနေကို သိချင်ကြမှာပဲလေ။ အဲဒါကိုတော့ နားလည်ပေးလို့ ရပါတယ်။

အင်တာဗျူးကောင်းကောင်းလေး ထည့်ချင်လို့ပါ ဆိုတဲ့စကားကို ကျွန်တော်သေချာ နားမလည်ဘူး။
ဘယ်လိုဟာကို အင်တာဗျူးကောင်းလို့ သတ်မှတ်တာလဲ။ အင်တာဗျူးဆိုတာ အက်ဆေးရေးတာမဟုတ်ဘူး၊ ကိုယ်တိုင်ရေးအထ္တုပ္ပတ္တိ မဟုတ်ပါဘူး။ အဲဒီအတွက် အမေးခံရသူဟာ သူပြောချင်တာ၊ သူရေးချင်တာကို ရေးခွင့်၊ ပြောခွင့်မရှိပါဘူး။ ကျွန်တော့်အမြင်အရ ပြောရရင် အင်တာဗျူးကောင်းတယ်ဆိုတာ မေးတဲ့လူရဲ့ မေးခွန်းတွေ ကောင်းတာပါပဲ။ မေးတဲ့လူကသာ မေးခွန်းကောင်းကောင်း ပြင်ဆင်ထားတယ်ဆိုရင် ဖြေတဲ့လူက ဘယ်လိုပဲ လှည့်ပတ်ဖြေနေပါစေ၊ ဖတ်တဲ့လူအတွက် တွေးစရာတော့ ရမှာပါပဲ။ စာဖတ်တဲ့လူဆိုတာ မေးထားတဲ့မေးခွန်းနဲ့ ဖြေထားတဲ့ အဖြေတွေကိုဖတ်ပြီး မေးတဲ့လူက အဆင့်ရှိသလား၊ အပေါစားမေးခွန်းလား၊ ဖြေတဲ့လူကရော တကယ်ဖြေထားတာလား၊ အာဖျံကွီးလုပ်နေတာလား ဆိုတာကို နားလည်ကြပါတယ်။ အဲဒီအတွက် အင်တာဗျူးကောင်းတယ်၊ မကောင်းဘူးဆိုတာကို ဘာဖြစ်လို့ ပြဿနာဖြစ်ခဲ့တဲ့ သတင်းထောက်မက ဆုံးဖြတ်ရတာလဲ။ စာဖတ်ပရိသတ်က ဆုံးဖြတ်မှာပေါ့။ ထက်ထက်မိုးဦးက ဖြေချင်သလိုဖြေပါစေ၊ ကိုယ်ကလည်း ပြန်ထည့်ပေးလိုက်ပေါ့။ စာဖတ်တဲ့လူတွေက သိပါတယ်။

ထက်ထက်မိုးဦးအကြောင်းကို ကလေးကအစ ခွေးအဆုံး အကုန်သိတယ်။
ဒီလိုပြောရတာက အကြောင်းရှိပါတယ်။ ကျွန်တော်ကိုယ်ကျွန်တော်ပဲ ခိုင်းနှိုင်းပြီး ပြောပါ့မယ်။ ရုပ်ရှင်မင်းသား၊ မင်းသမီးတွေ တစ်ခုခု ထစ်ခနဲဖြစ်တိုင်း စိတ်ဝင်စားတဲ့အထဲမှာ ကျွန်တော်မပါ,ပါဘူး။ မဂ္ဂဇင်းဖတ်တဲ့အခါ မင်းသမီးငယ်ငယ်ချောချောလေးတွေ စတိုင်လ်လန်းလန်းနဲ့ ရိုက်ထားတဲ့ ဓာတ်ပုံတွေကို အားမနာတမ်းကြည့်ပါတယ်။ ဒါပေမယ့် သူတို့တွေရဲ့ ဆိုင်ဖွင့်တဲ့သတင်းတွေ၊ အကြိုက်ဆုံးဆိုတာတွေ၊ လတ်တလောနှလုံးသားရေးဆိုတာတွေ စတာတွေကို မဖတ်ပါဘူး။ (ဒါရိုက်တာတို့၊ စာရေးဆရာတို့၊ အဆိုတော်တို့ဆိုရင်တော့ တစ်ခါတလေ ကိုယ်ကြိုက်တဲ့လူဆိုရင် ဖတ်ဖြစ်ပါတယ်။ ဤကား စကားချပ်) ပြောချင်တာက အဲဒီလို မင်းသား၊ မင်းသမီးအရေးတွေကို စိတ်မ၀င်စားတဲ့ ကျွန်တော်လိုလူတစ်ယောက်တောင်မှ ထက်ထက်မိုးဦးအကြောင်းကို သူများသိသလောက်တော့ သိပါတယ်။ ထက်ထက်မိုးဦး အိမ်ထောင်ကွဲတာ၊ ဘယ်သူနဲ့ အိမ်ထောင်ကျတာ၊ ကိုယ်ဝန်အဖတ်မတင်တာ၊ နောက်ထပ်ကလေးယူဖို့ စီစဉ်နေတာ စသဖြင့်ပေါ့လေ။ တကူးတက လိုက်ဖတ်စရာမလိုဘဲ သူများပြောတာနဲ့ကို သိနိုင်တာတွေပါ။ အဲဒီတော့ ကျွန်တော်ပြောချင်တာက မေးတဲ့လူအနေနဲ့ စာဖတ်ပရိသတ်ဟာ ဘာတွေကို သိပြီးသားလဲ၊ ဘာတွေကို မသိသေးဘူးလဲဆိုတာ အရင်ဆုံး သိထားရပါမယ်။ အဲဒီအထဲကမှ မသိသေးတာကို မေးချင်တယ်ဆိုရင် ကိုယ်မေးမယ့် အကြောင်းအရာဟာ တစ်ဖက်လူအတွက် စိတ်အနှောင့်အယှက် ဖြစ်နိုင်မလား၊ ကိုယ်ရေးကိုယ်တာကို အတင်းစပ်စုသလို ဖြစ်နေမလား စတာတွေကိုလည်း စဉ်းစားသင့်ပါတယ်။ အစကတည်းကသာ အဲဒီလိုစဉ်းစားပြင်ဆင်ခဲ့ရင် အင်တာဗျူးကောင်းရဖို့အတွက် ဘာမှစိတ်ပူစရာ မရှိပါဘူး။

တစ်ချက်ကလေးတောင် ၀မ်းနည်းစကားမပြောဘူး။
ပြောခဲ့သလို ထက်ထက်မိုးဦးတစ်ယောက် ပထမကိုယ်ဝန်အဖတ်မတင်တာကို လူတိုင်းနီးနီး သိကြပါတယ်။ လူကြီးလူငယ်မရွေး ပရိသတ်တွေကလည်း စိတ်မကောင်းဖြစ်ကြပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း သူ့ရဲ့ ကြော်ငြာပရိသတ်ဖြစ်တဲ့အတွက် အဲဒီကိစ္စအတွက် စိတ်မကောင်းပါဘူး။ အင်တာဗျူးမေးတဲ့ မမသတင်းထောက်က အဲဒါနဲ့ပတ်သက်လို့ အစ်မအတွက် စိတ်မကောင်းပါဘူး။ ပရိသတ်တွေကလည်း အစ်မအတွက် စိတ်မကောင်းဖြစ်နေကြပါတယ် စသဖြင့် တစ်ခွန်းလေးမှ မပြောပါဘူး။ သားသမီးဆိုတာ မိသားစုအတွက်၊ အိမ်ထောင်တစ်ခုအတွက် ဘယ်လောက်အရေးပါသလဲဆိုတာကို အဲဒီအင်တာဗျူးမမ မသိလေရော့သလားလို့ ကျွန်တော်ကပဲ သူ့ကို မေးချင်မိတော့တာပါပဲ။

အံ့ဖွယ်မေးခွန်းပါပဲဗျာ။
ကလေးပျက်ကျပါတယ်ဆိုမှပဲ မေးတဲ့မေးခွန်းကိုဖတ်ကြည့်ဦး။ အဲလိုမျိုးဖြစ်သွားတာ အစ်မဘယ်လို ခံစားရသလဲတဲ့။ သေလိုက်ပါလားဗျာ။ ထက်ထက်မိုးဦး ပြန်ဖြေတာ အင်မတန်မှကို မှန်တဲ့အဖြေခင်ဗျ။ ဖြေသင့်တဲ့အဖြေပါ။ အဲဒီမေးခွန်းက မေးဖို့တောင် မသင့်ပါဘူးတဲ့။ တော်တော်လေးကို အလိုက်ကမ်းဆိုးမသိတဲ့ အင်တာဗျူးသူလို့ အဲဒီတစ်ချက်တည်းနဲ့ ကျွန်တော်က မှတ်ချက်ချလိုက်ပါတယ်။ "ကိုယ်ဝန်ပျက်ကျသွားတော့ ကျွန်မပျော်တာပေါ့ရှင်" ဆိုတဲ့ အဖြေကိုများ ကြားချင်နေရော့သလားလို့ တွေးနေမိတယ်။ အသုဘအိမ်မှာ နေကြာစေ့စား၊ ရေနွေးကြမ်းလေးသောက်၊ ဟာသတွေပြောပြီး ဟားတိုက်ရယ်နေတဲ့လူနဲ့ ဘာမှမခြားဘူးလို့ ကျွန်တော်မြင်မိတယ်။

တစ်ချိန်တုန်းက ထက်ထက်မိုးဦးကို သတိရမိသေးတော့တယ်။
ထက်ထက်မိုးဦးဆိုပြီး လျှမ်းလျှမ်းတောက်ဖြစ်ခဲ့တဲ့ ကာလတစ်ခုကို ပြန်သတိရမိတယ်။ တီဗီမှာလည်း သူ့မျက်နှာချည်းပဲ။ မုန့်ထုပ်တွေမှာလည်း သူ့ဓာတ်ပုံတွေချည်းပဲ။ မဂ္ဂဇင်း၊ ဂျာနယ်တွေမှာလည်း သူ့အကြောင်းတွေချည်းပဲ။ အဲဒီအချိန်တုန်းကတော့ စာနယ်ဇင်းကလူတွေဟာ ထက်ထက်မိုးဦးကို ရွှေဥ,ဥပေးနေတဲ့ ငန်းမလေးလိုမျိုး အရိပ်တကြည့်ကြည့် ရှိနေခဲ့ကြပြီးကာမှ အခုလို ပြဿနာဖြစ်တယ်ဆိုကာမှ စာနယ်ဇင်းသမားတွေအတွက်၊ ဘာအတွက်၊ ညာအတွက်ဆိုပြီး ပြောနေတာမျိုးကတော့ တစ်မျိုးဖြစ်နေသလားလို့ပါ။ မြန်မာတွေရဲ့ ယုံကြည်မှုတစ်ခု ရှိပါတယ်။ ဘယ်အရာပဲဖြစ်ဖြစ် အကြောင်းကြောင့် အကျိုးဖြစ်တယ်လို့ ပြောတတ်ကြတာပါ။ ဒါဆိုရင် အခုလိုဖြစ်သွားရခြင်းရဲ့ အဓိကအကြောင်းရင်းက ဘာလဲဆိုတာကို သေသေချာချာ သုံးသပ်ကြည့်ကြစေချင်ပါတယ်။

ကျွန်တော့်အမြင်ပြောရမှာကို နည်းနည်းဝန်လေးတယ်။
ဘာကြောင့်လဲဆိုတော့ ကျွန်တော့်အမြင်က နည်းနည်းလေး သူများနဲ့တူမှာမဟုတ်ဘူးဗျ။ နည်းနည်းလေး ဟုတ်ချင်မှလည်း ဟုတ်မှာပါလေ။ အများကြီးလည်း ဖြစ်ချင်ဖြစ်မှာပါ။ ရှင်းမပြတော့ဘူး။ ဥပမာလေးတွေနဲ့ ပြောပြပါ့မယ်။ မန်စီးတီးနဲ့ အာဆင်နယ်ပွဲမှာ အဒီဘာရောက ဂိုးသွင်းပြီးတဲ့အချိန်မှာ အာဆင်နယ်ပရိသတ်တွေရှေ့မှာ အောင်ပွဲခံလိုက်တယ်။ အဲဒီပွဲကို ကြည့်နေတဲ့အချိန် တစ်လျှောက်လုံးမှာ ကျွန်တော်တွေးနေခဲ့သလိုမျိုး တကယ်ဖြစ်လာတဲ့အတွက် အဒီဘာရော အောင်ပွဲခံတဲ့အချိန်မှာ ကျွန်တော်လက်သီးလက်မောင်းတန်းပြီးတော့ ထ,အော်ပါတယ်။ ဘေးကအတူကြည့်နေသူတွေ အားလုံးက ကျွန်တော့်ကို ၀ိုင်းကြည့်ကြပါတယ်။ အားလုံးနဲ့တစ်ယောက်ပါ။ တစ်ပွဲလုံး အာဆင်နယ်ပရိသတ်တွေက အဒီဘာယောကို ဖိအားပေးနေတာ၊ ဆဲဆိုနေကြတာကို အပြစ်မပြောကြဘူး။ ပရိသတ်ပဲတဲ့။ အဒီဘာယောကလည်း အဲဒီပွဲမှာ အတော်လေးကို အားကြိုးမာန်တက် လိုက်ကစားခဲ့ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ဘောလုံးကိုအရူးအမူး ကန်တဲ့လူဖြစ်တဲ့အတွက် သူ့ခံစားချက်ကို နားလည်ခဲ့ပါတယ်။ သူကြိုးစားခဲ့တဲ့အတိုင်း ဂိုးသွင်းနိုင်တဲ့အချိန်မှာ သူအောင်ပွဲခံပါတယ်။ ကျွန်တော်ကတော့ လုံးဝကို ကျေနပ်ပါတယ်။ ကျွန်တော်ဆိုရင်လည်း အဲဒီလို လုပ်မိမှာ အသေအချာပါပဲ။ ပရိသတ်မှာ အခွင့်အရေးရှိသလို ကစားသမားမှာလည်း အခွင့်အရေးရှိတာပါပဲ။ နောက်..ဒရော့ဘာကိစ္စ။ ဒရော့ဘာဆိုတာ ကျွန်တော်လုံးဝမကြိုက်တဲ့ ဘောလုံးသမားပါ။ ကျွန်တော်မုန်းတဲ့ ချဲလ်ဆီးအသင်းကမို့ပါ။ ဒါပေမယ့် သူ့ကိုပေါက်တဲ့ အကြွေစေ့နဲ့ ပရိသတ်ကို ပြန်ပစ်တဲ့အခါ ကျွန်တော်သူ့ကို ထောက်ခံမိတယ်။ အားလုံးက ဒရော့ဘာကို မလုပ်သင့်ဘူးတို့၊ စိတ်ဓာတ်မကောင်းဘူးတို့ ပြောနေကြပေမယ့် ကျွန်တော်ကတော့ အဲဒီလို မမြင်ပါဘူး။ ပရိသတ်ကပစ်တာက အပြစ်မဖြစ်ဘဲ ကစားသမားက ပြန်ပစ်တာကျမှ အပြစ်လို့ ယူဆတာကိုတော့ ကျွန်တော်လက်မခံပါဘူး။ နောက်တစ်ခုက မန်ယူက ကင်တိုနာကိစ္စပါ။ အားလုံးသိပြီးတဲ့အတိုင်း ပရိသတ်ကို ကွန်ဖူးကစ်ကန်လိုက်လို့ အရေးယူခံရတဲ့ မန်ယူရဲ့ ဂန္ထ၀င်ကစားသမားကြီးပါ။ အဲဒီတုန်းကလည်း ဘယ်သူတွေဘာပဲပြောပြော ကျွန်တော်ဟာ ကင်တိုနာဘက်ကနေပဲ ရှိခဲ့ပါတယ်။ ကဲ... ဒီလောက်ဆိုရင် ကျွန်တော့်အမြင်ကို သိလောက်ပြီထင်ပါတယ်။ ကစားသမားတွေဟာ လူသားတွေဖြစ်ပါတယ်။ သူတို့မှာ ချစ်ခြင်း၊ မုန်ခြင်း၊ စိတ်ဆိုးခြင်း၊ စိတ်တိုခြင်း၊ ဒေါသထွက်ခြင်း၊ ပျော်ရွှင်ခြင်း၊ ၀မ်းနည်းခြင်း စတဲ့ ခံစားချက်တွေရှိကြပါတယ်။ အရာရာကို သည်းခံဖို့အတွက် သူတို့ဟာ ရဟန္တာတွေ မဟုတ်ကြသလို၊ စက်ရုပ်တွေလည်း မဟုတ်ကြပါဘူး။

ကျွန်တော်ကတော့ ထက်ထက်မိုးဦးဘက်ကပါ။
ထက်ထက်မိုးဦးဟာ တွေ့သမျှ သတင်းထောက်တွေ၊ အင်တာဗျူးသူတွေကို ပါးလိုက်ရိုက်နေသူ မဟုတ်ပါဘူး။ အခုအဖြစ်အပျက်မှာလည်း သူ့ကိုသာ အင်တာမဗျူးခဲ့ဘူးဆိုရင် အဲဒီပြဿနာ ဖြစ်မယ်မထင်ပါဘူး။ အင်တာဗျူးတဲ့အချိန်မှာ အရင်တုန်းက အကြိမ်ပေါင်းများစွာ အမေးခံ၊ အဗျူးခံရသလိုမျိုး ဖြစ်ခဲ့မယ်ဆိုရင်လည်း အရင်တုန်းကလိုတွေပဲ ပြီးသွားမှာပါ။ အခုဟာက လူသားတစ်ယောက်ရဲ့ ခံစားချက်အရ ပေါက်ကွဲတာဖြစ်တဲ့အတွက် အဲဒီလို ပေါက်ကွဲခွင့် သူ့မှာရှိပါတယ်။ ကျွန်တော်ပြောချင်တာက အဲဒါပါ။ ထက်ထက်မိုးဦး ပါးရိုက်လိုက်တာကို မှန်တယ်လို့ ပြောချင်တာ မဟုတ်ပါဘူး။ သူ့ခံစားချက်အရ ဖြစ်လာတဲ့အတိုင်း သူလုပ်လိုက်တာဟာ သူ့ရဲ့အခွင့်အရေးဖြစ်ပါတယ်။ အဲဒီအတွက် တရားရင်ဆိုင်တာတွေ၊ တောင်းပန်တာတွေ၊ ဘာတွေကတော့ ဖြစ်လာမှာပါပဲ။

သတင်းတစ်ခုမှာ ဖတ်လိုက်ရတာက 7Day News ဂျာနယ်တိုက်အနေနဲ့ မကျေနပ်လို့ တရားစွဲဆိုတာလို့ ဆိုတဲ့အတွက် တစ်ခုလောက် ပြန်မေးချင်ပါတယ်။ ထက်ထက်မိုးဦးက လာမေးတဲ့ သတင်းထောက်ကို ပါးရိုက်တာဟာ သူတို့ဂျာနယ်တိုက်ကိုပါ စော်ကားသလို ဖြစ်တယ်ဆိုရင် အင်တာဗျူးသူရဲ့ အဆင့်အတန်းမရှိ မေးခွန်းတွေကလည်း ဂျာနယ်တိုက်တစ်ခုလုံးကို ကိုယ်စားပြုသလား ဆိုတာပါပဲ။ အဲဒါဆိုရင်တော့ ကိုယ့်ဂျာနယ်ရဲ့အဆင့်ကို ကိုယ့်ဘာသာကိုယ်သာ အရင်ပြန်သုံးသပ်ကြည့်ပါဦးလို့ ပြောချင်တာပါပဲ။

ကျွန်တော့်အမြင်ကတော့ နှစ်ဦးနှစ်ဖက်စလုံးက အသီးသီးတောင်းပန်ပြီး ကျေအေးလိုက်ကြရင် ပြီးသွားမယ့်ကိစ္စလို့ မြင်မိပါတယ်။ အရိုက်ခံရသူက ကျွန်မက ကိုယ်ထိလက်ရောက် အလုပ်ခံရတာဆိုရင် လုပ်တဲ့သူကလည်း သူ့ရင်ထဲနှလုံးသားထဲအထိ အစော်ကားခံခဲ့ရတာလို့ ပြန်ဖြေပါလိမ့်မယ်။ တကယ်လည်း အဲဒီသဘော ဖြစ်နေတာကိုး။ ကျွန်တော်နဲ့ ညီအစ်ကိုလိုခင်တဲ့ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းတစ်ယောက်နဲ့ သူ့မိန်းမဟာ သူတို့ရဲ့ ပထမဆုံးကိုယ်ဝန် ပျက်ကျသွားတဲ့အတွက် တစ်ပတ်လောက် ထမင်းလည်းမစား၊ အပြင်လည်းမထွက်ဘဲ ပြန်ပြောတိုင်း မျက်ရည်ကျနေတာကို ကိုယ်တိုင်မြင်တွေ့ကြုံဖူးပါတယ်။

အခုလောလောဆယ်တော့ ထက်ထက်မိုးဦးတစ်ယောက် လူစိတ်ဝင်စားအခံရဆုံး သတင်းလူသား ဖြစ်နေဦးတော့မှာပါပဲ။ ဂျာနယ်တွေလည်း မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ တင်ပြပုံအမျိုးမျိုးနဲ့ ဖတ်လို့ကောင်းဦးတော့မယ်။ ဆရာလူထုစိန်ဝင်း ဘာရေးလာမလဲဆိုတာကို စိတ်ဝင်စားနေမိတယ်။ စာနယ်ဇင်းနဲ့ ပတ်သက်နေတာကိုး။ ကျွန်တော့်အထင်တော့ ကြားနေမယ်ထင်တာပါပဲ။ မေးတဲ့လူကို အပြစ်တင်သလို၊ ထက်ထက်မိုးဦးကိုလည်း ကိုယ်ထိလက်ရောက် လုပ်တဲ့အတွက် အပြစ်ရှိတယ်လို့ ရေးမယ်ထင်ပါရဲ့။ စောင့်ဖတ်နေပါတယ်။ ကျွန်တော့်ခန့်မှန်းချက် မမှားဘူးဆိုရင်တော့ Eleven ဂျာနယ်တစ်ခုခုမှာ ရေးလာလိမ့်မယ် ထင်ပါတယ်။

ဒါတွေဖတ်ကြည့်ပါဦး။
၁။ ထက်ထက်မိုးဦးအကြောင်း The VOICE Weekly ဂျာနယ်မှ သတင်း
၂။ ကိုညီလင်းဆက် ရဲ့ ဘယ်သူ့အလွန်လဲ
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ မေလ ၂၂ ရက်၊ စနေနေ့။
ညနေ ၄ နာရီ ၄၇ မိနစ်တွင်ပြီး၏။
[စာကြွင်း]
ဘယ်သူ့ကိုမှ ထိပါးပုတ်ခတ်လိုခြင်း၊ သာစေနာစေဟု ရည်ရွယ်လိုခြင်း၊ စော်ကားပြောဆိုလိုခြင်း မရှိပါ။ ကျွန်တော့်အရေးအသားများတွင် ရိုင်းပြမှုနှင့် ဒေါသသံအချို့ ပါနေခဲ့ပါလျှင် စာဖတ်သူများကို တောင်းပန်လိုပါသည်။ ကျွန်တော်ခံစားမိသည့်အတိုင်း ရေးပြမိခြင်း ဖြစ်ပါသည်။

54 comments:

  1. " ထက်ထက်မိုးဦးဟာ တွေ့သမျှ သတင်းထောက်တွေ၊ အင်တာဗျူးသူတွေကို ပါးလိုက်ရိုက်နေသူ မဟုတ်ပါဘူး။ "

    ထောက်ခံပါ၏။
    စိတ်မညစ်ညစ်အောင် ဒေါသမထွက်ထွက်အောင် ရန်စသူက မေးတဲ့မမပါ။

    ReplyDelete
  2. ကူးလွေ့8:01 PM

    မှန်တယ် ဗျာ..။ မေးခွန်းက အတင်းအဖျင်း ဆန်လွန်းတယ်.။

    ReplyDelete
  3. ထောက်ခံပါတယ်လူဆိုတာခံစားတတ်တဲ့သူတွေကြီးပါဘဲ
    ခံစား၇လွန်း၇င်ပေါက်ကွဲတတ်ပါတယ်
    ဒါကိုအ၇ှက်မဲ့တယ်အ၇ှက်ကွဲခံတယ်လို့
    အပြစ်မပြောသင့်ပါဘူး

    ReplyDelete
  4. Oxygen9:54 PM

    I'm not agree on this article.

    ReplyDelete
  5. 100% agree with this post.

    ReplyDelete
  6. အမှန်ပါပဲ... မေးခွန်းတွေ ဖတ်မိတယ်.. ဒါမေးရင် ဒါပဲဖြေမှာ ဆိုတာ ကြိုသိနိုင်တာမျိုးတွေ အရေးမပါတာမျိုးတွေပဲ မေးသွားတယ်။ မင်းသား၊ မင်းသမီး personal တချို့ကို ပရိတ်သတ် သိချင်တာ မှန်ပေမယ့် ဒီလောက်ထိတော့ မမေးသင့်ဘူး လို့ထင်တယ်ဗျာ။ ပရိတ်သတ် မသိသေးလို့ မေးတဲ့သဘောမျိုးထက် ပရိတ်သတ်လဲ သိပြီးသား အကြောင်းတွေကို သွားပြောပြီး ရွဲ့နေသလိုပဲ လို့ ခံစားရတယ်။ တကယ်လို့ အဲဒီ အင်တာဗျူး ဂျာနယ်ထဲ ပါလာခဲ့ရင်တောင် ကျွန်တော်ကတော့ အင်တာဗျူးသူဟာ အဆင့်မရှိဘူး လို့ ယူဆမှာပါပဲ။

    ReplyDelete
  7. Anonymous12:29 AM

    hey kaung, nga loe ma thar, min a may loe nay loh, min pyaw chin dar dwee, ywee saung pyi pyaw dar lar kwa, nga loe ma thar, A phan Khan Chin tha lar?

    ReplyDelete
  8. Anonymous6:38 AM

    ကြားကြားချင်းတော့ ထက်ထက် အလွန်လို့ထင်တာ...
    အလုံးစုံသိရတော့ သူ မလွန်ပါဘူး...

    ReplyDelete
  9. ဘယ်သူ့ဘက်က မှားတယ်လို့အတိကျတော့မပြောနိုင်ပေမယ့် အကိုရေးထားတာ တော့လုံးဝထောက်ခံတယ်။
    ထက်ထက် လဲအရင်ကိုယ်ဝန်ပျက်ကျပီး သူများဗျူးထားတာလေးတွေရှိတယ်၊ အဲဒါလေးတွေလဲသူဖြေခဲ့တာဘဲ.. အခု အမျိုးသမီးမေးတာ ရိုင်းလွန်းတယ် လို့ထင်ပါတယ်။
    အဲလောက်တောင်သူများအိပ်ခန်းထဲအတွင်းရေးထိလိုက်ဖွချင်တဲ့သူတွေ အရင့် အရင် အဆိုတော်မင်းသားကြီးတို့ မင်းသမီးတို့ရဲ့ ရှက်ဖွယ်ကောင်းတဲ့ လုပ်ရပ်တွေ ဒီလောက်ပျံ့နေတာ ဘာလို့လိုက်မမေးသလဲ။
    မမေးရဲလို့မမေးတာ.. ထက်ထက်မိုးဦးက သူများမေးရင် အဆင်ပြေအောင် စိတ်မကောင်းလဲလှည့်ပတ်ဖြေပေးနေလို့ အခွင့်ရေးထပ် ယူတာ။
    ဒါပေမယ့် ထက်ထက်မိုးဦး အနုပညာသမားတွေရဲ့ဝင်ငွေကို နှိမ့်ချပြောလိုက် တာတော့ စိတ်မကောင်းဘူး၊ မပြောသင့်ဘူး။
    ဒါပေမယ့် လူဆိုတာ ၀မ်းနည်းပီးရှက်နေတဲ့အချိန် ပါးစပ်က ဘယ်လိုစကား မျိုးထွက်လာမလဲ ဘယ်သူမှမသိနိုင်ပြန်ဘူး။း((

    ReplyDelete
  10. good post... Agree..

    ReplyDelete
  11. မာလာ10:54 AM

    သားလေးက မွေးပြီး မီးတွင်းထဲမှာ ဆုံးသွားတဲ့ မိခင်တစ်ယောက်ကို အမျိုးသမီးတစ်ယောက်အနေနဲ့ လူပီသတဲ့ စိတ်ဓါတ်ရှိခဲ့မယ်ဆိုရင် သတင်းထောက်တွေမပြောနဲ့ သာမန်လူတွေတောင် ဒီလိုမေးခွန်းမျိုးကို မေးကြမှာမဟုတ်ပါဘူး။ အခုဒီသတင်းထောက်ကတော့ လွန်လွန်းပါတဲ့ တဖက်က နာလွန်းနေတဲ့ အနာတွေကိုမှ တစ်ချက်ပြီး တစ်ချက်ထိုးဆွပေးနေတယ်လို့ပဲ ခံစားရတယ်..။ ထက်ထက်အတွက်လဲ စိတ်မကောင်းဖြစ်ရတယ်.။

    ReplyDelete
  12. Anonymous11:47 AM

    အော်...ဒီကိစ္စက ဒီလောက်ကို အရေးကြီး သွားတာလား။ စာတစ်စောင် ပေတစ်ဖွဲ့နဲ့ တောင် ရေးနေကြတယ်ဆိုတော့...

    ReplyDelete
  13. Anonymous1:20 PM

    (အခုဟာက မြန်မာပြည်ကို ကယ်တင်မယ့်အလုပ်တွေ လုပ်နေသလိုလို၊ သူတို့မှမကယ်ရင် မြန်မာပြည်သူတွေကပဲ နေ့ချင်းညချင်း သေကြတော့မလို ရေးနေ၊ ဖွနေ၊ မြှောက်ပေးနေတဲ့ သူတို့ကိုယ်သူတို့ အားကိုးအားထားပြုရာ သတင်းဌာနကြီးလို့ ပြောနေကြတဲ့ စာမျက်နှာတွေ ဖြစ်နေတာပါပဲ။) အဲဒါ ဘယ်သူ့ကို ရည်ရွယ်ပြီး ပြောတာလဲ? သေသေချာချာ သိချင်ပါတယ်။

    ကိုဉာဏ်က (ဘယ်သူ့ကိုမှ ထိပါးပုတ်ခတ်လိုခြင်း၊ သာစေနာစေဟု ရည်ရွယ်လိုခြင်း၊ စော်ကားပြောဆိုလိုခြင်း မရှိပါ။) ဟု ရေးသားထားသော်လည်း အမည်မဖေါ်ပြသော မဖွဲ့အစည်း (သို့) လူတစ်ဦးကို ကိုဉာဏ်က ထိပါးပုတ်ခတ်ရေးသားသွားပါသည်။ အဲဒါ ဘယ်သူ့ကို ရည်ရွယ်ပြီး ပြောတာလဲ? သေသေချာချာ သိချင်ပါတယ်။

    ReplyDelete
  14. Anonymous1:48 PM

    mizzima တို့ irrawady တို့ပေါ့... အလကားနေ မင်းသမီးသတင်းလည်း ထပ်တလဲလဲ တင်နေတယ် ..

    စကားစပ်တုန်း... သတင်းထောက်မ တချက်တည်း ရိုက်ခံရတာ နည်းတောင်နည်းသေးတယ် မဗာပြည်က စာနည်းဇင်းတချို့ကို အတော်ကြည့်မရတာကြာပြီ အနုပညာသမားတွေချည်းပတ်ရမ်းနေတယ်...သူတို့ပထွေး စစ်အစိုးရကို သွားမေးဘာလား ..အဲခါကျမှ အတော်လှမယ် ... ကြည့်လို့ကိုမရဘူး အဲဒီ ဂျာနယ်လစ်တွေ...ထက်ထက်မိုးဦးမမှန်ပေမယ့် ကောင်မ အရိုက်ခံရတာ နည်းတောင်နည်းသေးတယ် ဒါမှလည်း နောင်များမှာ မှတ်မှာ

    ReplyDelete
  15. Anonymous2:45 PM

    mizzima တို့ irrawaddy တို့တွေလေ၊ ကိုယ့်နိုင်ငံကို နိုင်ငံတကာဈေးကွက်မှာ မျက်နှာအိုးမည်းသုတ်တယ်။ ဒေါ်စုလည်းဘဲ စီးပွါးရေးပိတ်စို့ရေးတော့ အရှက်မရှိအော်ထားတော့၊ နာဂစ်ဖြစ်တုန်းက ကူကြပါလို့ တစ်ချက်မှမပြောဘူး၊ အာဏာရူးနေတာ၊ အခုမှ လူမှူရေးလုပ်ပါမည် ဘာညာနဲ့။ မရှက်မရှိလိုက်တာ သန်းရွှေထက် ပိုဆိုးတယ်။

    ReplyDelete
  16. Anonymous3:19 PM

    (mizzima တို့ irrawady တို့ပေါ့... အလကားနေ မင်းသမီးသတင်းလည်း ထပ်တလဲလဲ တင်နေတယ် ..) သူတို့မင်းသမီး အသုံးမကျတော့လို့ ပြည်သူ့အချစ်တော် ထက်ထက်မိုးဦး ဘက်ဦးလှည့်လာတာနေမှာ

    ReplyDelete
  17. Anonymous3:26 PM

    ဟုတ်တယ် mizzima တို့ irrawady တို့ရဲ့ မင်းသမီးက သန်းရွှေနဲ့အပြိုင် ပြည်သူတွေငတ်အောင် ကြံစည်လို့ ပြည်သူ့အချစ်တော် မဟုတ်တော့ပါဘူး။ mizzima တို့ irrawady တို့လဲ ပြေးလမ်းပေါက်ရှာနေပြီပေါ့၊ အလုပ်မဟန်တော့ဘူးလေ။

    ReplyDelete
  18. ဟာ... ဒီကောင်တွေကလည်း နေရာတစ်ကာ လိုက်ဟောင်နေတော့တာပဲ

    ReplyDelete
  19. Anonymous5:23 PM

    7Days ဂျာနယ်ကို အိမ်အကျယ်ချုပ်ချပေးပါ ဗိုလ်ချုပ်မှူးကြီးသန်းရွှေခင်ဗျား

    ReplyDelete
  20. Anonymous5:28 PM

    I just hate that interviewer.. Whatever Htet Htet Moe Oo did was reasonable . really bullshit questions, hope she will get something the same in return. how can such a interviewer dare to sue htet htet moe oo? no matter what outcome is, she must know that everyone is not taking side with her.
    Good luck

    ReplyDelete
  21. ဖတ်ရတာ အရမ်းပဲ စိတ်လဲမကောင်း ဒေါလဲကန်မိပါတယ်...အကယ်၍ ထက်ထက်သာ အဲဒီနေ့မှာ ပါးမရိုက်လိုက်ပဲ ဒီအမျိုးသမီးကို ဒီအတိုင်းလွှတ်ပေးလိုက်ရင်လဲ ဂျာနယ်မှာ ထက်ထက်က ကောင်းစွာဖြေဆိုလိုတဲ့ ပုံစံမရှိဆိုတဲ့ အာဘော်မျိုး နဲ့ ဖော်ပြဦးမှာပါပဲ... ထက်ထက်အနေနဲ့ ကိုယ်ထိလက်ရောက်မစော်ကားပဲနဲ့ သီးခံလိုက်ရင်လဲ ဂုဏ်သိက္ခာကို စော်ကားတယ်ဆိုပြီး ဒီအမျိုးသမီးကို တရားစွဲဖို့ ဖြစ်မယ်မထင်ပါဘူး... ဒါဆိုလဲ အဲဒီဂျာနယ်တွေက ထက်ထက်က အနာပေါ် တုတ်ကျလို့ နာတယ် ဆိုပြီး ရေးကြဦးမှာပါပဲ... ဒီကိစ္စမှာ ထက်ထက် ဒီလိုလုပ်လိုက်တာ မှန်တယ်လို့ မပြောလိုပါဘူး... ဘာမှမလုပ်လိုက်ပဲ လူမသိ သူမသိ အမေးခံရတဲ့ လူက စော်ကားခံရပြီး ပြီးသွားခဲ့တဲ့ အင်တာဗျူးတွေလဲ ဒုနဲ့ ဒေး ရှိနေမှာပါပဲ။ ထက်ထက်ဒီလိုလုပ်လိုက်မှသာ စာနယ်ဇင်းတွေက မခံမရပ်နိုင်ထဖြစ်ကြတာပါ။ ဒါကြောင့် တရားရင်ဆိုင်ကြရင်လဲ ၂ ဖက်လုံးကို အရှိကို အရှိအတိုင်း အမှန်တိုင်း ဆုံးဖြတ်ပေးပြီး အင်တာဗျူးတဲ့မမကိုလဲ အပြစ်ရှိရင် အပြစ်ရှိကြောင်း မှန်မှန်ကန်ကန် ဆုံးဖြတ်ပေးမှသာ နောက်ကို ဂျာနယ်တွေက ဒီလို လက်လွတ်စပယ် စည်းလွတ်ဝါးလွတ် မမေးရဲ မရေးရဲကြမှာပါ... ထက်ထက်ကတော့ အားလုံးအတွက်ရင်းလိုက်ရတဲ့ သဘောဖြစ်သွားတာပေါ့... အမှန်အတိုင်း ဖြစ်စေချင်ပါတယ်... မြန်မာ့ စာနယ်ဇင်းတွေ ပရိတ်သတ်ပေးရတဲ့ တန်ဖိုးနဲ့ ထိုက်တန်တဲ့ ရသကို ပေးနိုင်တဲ့ စာနယ်ဇင်းအဖြစ်ပဲ ပြန်ဖြစ်စေချင်ပါတယ်.. ပေါ်ပြူတာဖြစ်တဲ့ အနုပညာသည်တွေရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို ဟိုလိုလို ဒီလိုလို လျောက်ရေးပြီး ပရိတ်သတ် ပိုက်ဆံညာယူနေတာတွေ ရပ်တန်းကရပ်စေချင်ပါပြီ..

    ဂျာနယ်တွေရဲ့ အာဘော်တွေပဲရပြီး လောင်းရိပ်မိနေတဲ့ အင်တာနက်မရနိုင်တဲ့ မြန်မာပရိတ်သတ် အတွက် အစ်ကို့ရဲ့ ပို့စ်ကိုရော ကိုညီလင်းဆက်ရဲပပို့စ်ကိုရော ဂျာနယ်တွေမှာ ဖော်ပြလို့ရရင် ဖော်ပြစေချင်တယ်... ဒါမှမဟုတ် ပြည်သူပိုင် သတင်းစာကနေဖြစ်ဖြစ်ပေါ့။

    ReplyDelete
  22. Anonymous2:38 AM

    ပြည်သူ့အချစ်တော်ကိုတရားစွဲသောသူသည် ကိုယ့်ကိုကိုယ်ကြိုးစင်ပေါ်သတ်သေသလိုပါဘဲ 7Daysကိုမဖတ်ကြနဲ့တော့ မွဲပလေ့စေ။

    ReplyDelete
  23. Anonymous8:12 AM

    (Anonymous said...
    (အခုဟာက မြန်မာပြည်ကို ကယ်တင်မယ့်အလုပ်တွေ လုပ်နေသလိုလို၊ သူတို့မှမကယ်ရင် မြန်မာပြည်သူတွေကပဲ နေ့ချင်းညချင်း သေကြတော့မလို ရေးနေ၊ ဖွနေ၊ မြှောက်ပေးနေတဲ့ သူတို့ကိုယ်သူတို့ အားကိုးအားထားပြုရာ သတင်းဌာနကြီးလို့ ပြောနေကြတဲ့ စာမျက်နှာတွေ ဖြစ်နေတာပါပဲ။) အဲဒါ ဘယ်သူ့ကို ရည်ရွယ်ပြီး ပြောတာလဲ? သေသေချာချာ သိချင်ပါတယ်။

    ကိုဉာဏ်က (ဘယ်သူ့ကိုမှ ထိပါးပုတ်ခတ်လိုခြင်း၊ သာစေနာစေဟု ရည်ရွယ်လိုခြင်း၊ စော်ကားပြောဆိုလိုခြင်း မရှိပါ။) ဟု ရေးသားထားသော်လည်း အမည်မဖေါ်ပြသော မဖွဲ့အစည်း (သို့) လူတစ်ဦးကို ကိုဉာဏ်က ထိပါးပုတ်ခတ်ရေးသားသွားပါသည်။ အဲဒါ ဘယ်သူ့ကို ရည်ရွယ်ပြီး ပြောတာလဲ? သေသေချာချာ သိချင်ပါတယ်။
    1:20 PM )

    အဲဒီ မေးခွန်းမေးတဲ့ အနောနိမတ်

    မှတ်ပြီလား။ မေးထားတာကို ဘလော့ဂါကတောင် ပြန်ဖြေစရာမလိုဘူး။ ဖတ်တဲ့လူတွေကချည်း ဖြေပြသွားတာ။ မှတ်ပြီလား။ ဟင်။

    ခု သိပြီလား။ ဘယ်ဟာတွေကို ပြောထားတာလဲ ဆိုတာ။

    ReplyDelete
  24. Anonymous9:47 AM

    mizzima တို့ irrawady တို့ရဲ့အရေးသားကြောင့် မြန်မာပြည်ကိုမုန်းတီးရေးစစ်ဆင်ရေးအောင်မြင်သလို ပြည်သူတွေကလည်းသူတို့ကိုမုန်းတီးနေပြီ။

    ReplyDelete
  25. Anonymous9:56 AM

    mizzima နဲ့ irrawady တို့က မြန်မာပြည်မုန်းတီးရေးဝါဒဖြန့်သလို 7Days ကလဲပြည်သူ့အချစ်တော်ကို လူတွေမုန်းတီးအောင်ဖန်တီးနေတယ်။ ဒီစာနယ်ဇင်းတွေအလွန့်ကိုမောက်မာလာပြီ၊ ၀ယ်မဖတ်ကြနဲ့တော့ ဒါမှသူတို့မှတ်မှာ။

    ReplyDelete
  26. Anonymous1:02 PM

    ထောက်ခံပါတယ်ဗျာ.... အဲလို personal questions တွေကိုက တော်တော်လွန်နေဘီ.. အဲဒါကိုမှ... သူ့ကို လူကြားသူကြားထဲ အလုပ်လုပ်နေတုန်းမှာ သွားမေးတာကတော့ လွန်တာပေါ့လေ....
    တခါတလေကျတော့လဲ သတင်းထောက်တွေက သတင်းဖြစ်ရင်ပြီးရောဆိုပြီးတော့များ လိုက်ရေးနေကြသလားမသိပါဘူးလေ...
    ဒီကြားထဲ ဆရာ လူထုစိန်ဝင်းကလဲ ရေးသေးတယ်...
    သတင်းထောက်ဆိုတာ celebrity personal ကိစ္စတွေကို မေးပိုင်ခွင့်ရှိတယ်လို့... ဆရာပဲရေးတာပါဆရာရယ်... “ရှက်စိတ်” ဆိုတဲ့စာအုပ်မှာ.... အဲလိုသတင်းတွေက လူထုကို အကျိုးမပြုဘူးလို့လေ... ရန်ရှာတာမဟုတ်ပါဘူးခင်ဗျာ.. အဲလိုတွေ ကွဲလွဲနေလို့ပါ....
    အဲဒီလို personal တွေ မေးမယ့်အစား တခြား အကျိုးရှိတာလေးတွေ မေးကြပါလားဗျာ.... ကိုညီလင်းဆက်ဆီကနေပြီးတော့ အင်တာဗျူးမေးခွန်းလေးတွေကို ဖတ်လိုက်ရပါတယ်... သူမေးတာတွေက မသိလို့မေးတာမဟုတ်ဘဲနဲ့ လူကို ချောင်ပိတ်ရိုက်သလို ခံစားနေရတာပဲ.....
    အရင်တုန်းကတော့ ဒီ မင်းသား မင်းသမီးတွေအကြောင်းကို ကျနော်လဲ စိတ်မ၀င်စားလို့မသိခဲ့ဘူး... ဒါပေမယ့် ခုဟာကတော့ မေးတဲ့လူက တမင် ပွဲမဆူဆူအောင် မေးနေတယ်လို့ထင်ပါတယ်...
    အဲလို စိတ်ကို ဆွပြီးတော့ ဒေါသထွက်ရင် များ သတင်းထဲ ထည့်ရေးချင်လို့များလား..... ဒါမျိုးတွေက နိုင်ငံခြားမှာလဲခဏခဏ တွေ့နေရတဲ့ကိစ္စပဲလေ...
    ဘယ်သူမှန်လို့ ဘယ်သူမှားတယ်တော့ မပြောတတ်ပါဘူးခင်ဗျာ.. ကျနော်စဉ်းစားမိတာလေးကို ရေးသွားတာပါ...

    ReplyDelete
  27. Anonymous7:47 PM

    ဂျာနယ်လစ်တွေတစ်ပြားမတန်ဘူးလို့ထက်ထက်ကပြောတယ်ဆိုပြီး စာနယ်ဇင်းအားလုံးကို 7Days ကသူ့ဖက်ပါအောင်ဆွဲဆောင်သွားတယ်။ အအတွေကတော့ယုံမှာပေါ့၊ ယုံတဲ့သူတွေကတစ်ပြားမတန်တဲ့ဦးနှောက်ရှိလို့ပေါ့။ တစ်ပြားမတန်တဲ့စာနယ်ဇင်းအားလုံးတွေလဲပေါမှပေါ။ ကိုယ့်နိုင်ငံကိုရောင်းစားနေတဲ့ ပြည်ပမှာဟောင်နေတဲ့ခွေတွေလဲရှိ။

    ReplyDelete
  28. Anonymous7:49 PM

    ပြည်ပမှာဟောင်နေတဲ့ခွေးတွေ ငရဲမင်းကြီးကစောင့်မျော်လျက်ပါ

    ReplyDelete
  29. Anonymous10:43 AM

    (ကိုညီလင်းဆက်ဆီကနေပြီးတော့ အင်တာဗျူးမေးခွန်းလေးတွေကို ဖတ်လိုက်ရပါတယ်...)
    ကိုညီလင်းဆက်က I love myanmar facebook ကနေ ကူးယူသွားတယ်လို့ထင်တယ်။ The Voice Journal ဈေးကွက်ထဲမထွက်ခင်မှာ I LOVE MYANMAR က အွန်းလိုင်းပေါ်အမြဲတင်တယ်။ http://www.facebook.com/pages/i-Love-Myanmar/273919856576?v=wall

    ReplyDelete
  30. Anonymous4:04 PM

    အဲဒီ မိန်းက ကိုယ်ဝန်အဲလိုဖြစ်တဲ့ အချိန် မကြုံပါစေနဲ့လို့ ဆုတောင်းပေးလိုက်ပါတယ်....


    ထက်ထက်တယောက်ထဲ အိမ်ထောင်ရေး မလှတာ မဟုတ်ဘူး.... အနုပညာရှင်တော်တော်များများ..... ဖြစ်ပျက်နေကြတာတွေ ကျတော့ ဘာလို့ သွားမမေးလဲ.... ကျော်ဟိန်းတို့ လို ငပွကြီးတွေ ကိုသွားမေးရဲရင် အဲဒီ သတင်းထောက်မကို ပါးစပ်ရွှေကွပ်ပေးထားမယ်...

    ထက်ထက်ဆို လှူလိုက်တာလဲ အများကြီးပဲ... စိုးညီအမတွေနဲ့ ယှဉ်ကြည့်ပါဦး... သူတို့တွေကိုရော ဘာလို့သွားမမေးတာလဲ......

    စိတ်ပျက်စရာကောင်းလိုက်တဲ့ကျီးကန်းအတွေပါပဲ...

    မြန်မာပြည်က စာနယ်ဇင်းသမားတွေ ကြည့်မရလို့ ဘာစာအုပ်မှမဖတ်တာကြာပေါ့....


    စာနယ်ဇင်သမားတွေစုပြီး သူတို့ လုပ်ပိုင်ခွင့်ကိုအပြည့်ဝယူပြီး ကျီကန်းလိုအာတတ်တဲ့အတွက် ပိုလို့တောင် ရွံသွားသေးတယ်.....

    ReplyDelete
  31. ထက်ထက်မိုးဦးမို့လို့ပေါ့
    ပါးရိုက်ရုံလောက်ပဲရိုက်တာ
    ငါသာဆိုရင်........
    လည်မျိုနင်းသတ်တယ် :(
    ကိုယ်ချင်းရယ်မှမစာနာနော်
    လူဆိုးမ!

    ReplyDelete
  32. ပြောလိုက်စမ်းပါ 7days news journal ကို......
    ပြည်သူတွေရဲ့ ၉၉.၉၉ ရာခိုင်နှုန်းက
    ထက်ထက်ဘက်ကပါလို့.........

    ReplyDelete
  33. ဒါမျိုးတော့ မမေးသင့်ပါဘူး..ထက်ထက်ရဲ့ပရိတ်သတ်တယောက်
    အနေနဲ့လက်မခံနိုင်ဘူး..........7days news journal
    အနေနဲ့ထက်ထက်ကိုတောင်းပန်သင့်တယ်....မတောင်းပန်ရင်..
    7days journal ကိုနောက်ဘယ်တော့(ဘယ်တော့) မှလုံးဝ
    (လုံးဝ) မ၀ယ်တော့ဘူး.....sorry ပဲ...
    7days new journal ရေ..တာ့တာပဲ........

    ReplyDelete
  34. နွေးနွေး9:38 PM

    ပရိတ်သတ် သိချင်လို့ မေးပေးတာဆိုရင် တကယ်သိချင်တာလေးတွေ မေးပေးပါလို့... စိုင်းစိုင်းတို့ ၀တ်မှုံရွှေရည်တို့ ဖိုးလပြည့်တို့ ဘာတို့ ညာတို့ သွားမေးပေးပါ...:)

    ReplyDelete
  35. Anonymous12:17 AM

    Htet Htet Moe Oo facebook

    http://www.facebook.com/pages/Htet-Htet-Moe-Oo-/128899947123005

    ReplyDelete
  36. Anonymous12:18 AM

    http://www.facebook.com/pages/Htet-Htet-Moe-Oo-/128899947123005

    ReplyDelete
  37. Anonymous2:01 AM

    ပါးမရိုက်နဲ့ နာမှာမဟုတ်ဘူး၊ ငရုတ်ကျည်ပွေ့ နဲ့ မေးတဲ့ပါးစပ်ကိုဆို့ထားလိုက် !!!!!!!!!

    ReplyDelete
  38. Anonymous11:42 AM

    လူဆိုးမ ပြည်သူ့အချစ်တော်ကိုစော်စော်ကားကားမေးရသလား လူဆိုးမရေ

    ReplyDelete
  39. Anonymous11:46 AM

    စိုးမြတ်သူဇာလဲ တရားမ၀င်လင်ထောင်ချီရှိခဲ့တယ်.. ခုလဲသူများယောကျားကိုလုယူတယ် နောင်တမရသေးဘူး။
    ထက်ထက်ကဘ၀တည်ငြိမ်ချင်ပြီ ကလေးလဲလိုချင်လှပြီ ကျန်းမာရေးလဲမကောင်းရှာဘူး ကောင်းအောင်နေချင်သူကို ငရဲကလာနှောက်ယှက်တယ်။

    ReplyDelete
  40. Anonymous11:57 AM

    မထက်ထက်မှားတာပေါ့..မှားတာမှယောက်ျားစယူကတည်းကမှားတာ...
    မထက်ထက်က ဟို မနန်ဒါလှိုင်လို စစ်ရေးစစ်ရာထူးကြီးကြီးတွေနဲ့ဘာညာဘာညာပါလား အမရဲ့.ဒါဆိုလေ..အမဘ၀တွေများတာလည်းမေးမှာမဟုတ်ဘူး..
    7Days ဂျာနယ်ကိုအရမ်းကျေးဇူးတင်ပါတယ်..ပရိတ်သတ်သိချင်တာကို
    ဒီလိုအနစ်နာခံပြီးမေးပေးလို့လည်း..
    နောက် ပရိတ်သတ်သိချင်တာတွေရှိသေးတယ်..မသိမှာစိုးလို့ရေးပေးလိုက်တယ်နော်..
    ၁။ ၀တ်မှုန်ရွှေရည် ၊ စိုင်းစိုင်းနဲ့ ဖိုးလပြည့် ကိတ်စ
    ၂။ မိုးဟေကိုရဲ့ ပထမရော၊ ဒုတိယရော ဗွီဒီယိုကိတ်စ
    ၃။ မမိုးဟေကိုရဲ့ ခုလက်ရှိချစ်သူရဲ့ အရင်အိမ်ထောင်ရေးကိတ်စ
    ၄။ မအူဝဲ နဲ့ ဗိုလ်ချုပ်တင်ဦးသား ကိတ်စ
    ၅။ ကိုပြေတီဦး နဲ့ ---- ကိတ်စ
    ၆။ မသက်မွန်မြင့်နဲ့ ကိုအောင်ကောင်းထက်က ဘာလို့ ကွဲသွားတာလဲ ဆိုတာ..အဲဒါလေးတွေလည်း အနစ်နာခံပြီးမေးပေးပါဦးလို့
    ဒါတောင် ကျန်သေးတယ်နော်..ဂျာနယ်ကိုအားနာလို့
    အမြဲတမ်းအားပေးနေပါမယ် အဲဒါလေးတွေတာပါလာရင်ပေါ့..ဟဲဟဲ

    ReplyDelete
  41. ခြင်1:05 PM

    ဒီကိစက မင်းသမီး ရဲ့ အညှီအဟောက် လို့ ရုတ်တရက် ထင်ရင် ထင်စရာပဲ... ဒါပေမယ့် လူတွေ ၀င်ပြောနေကြတာ ရွဲ့စောင်းနေတဲ့ စာနယ်ဇင်းလောက ကိုပါ.... သူတို့ကလဲ လွန်တာ များနေပြီ.... အနှစ်ကို မရှိတော့ဘူး... အကျိုးပြုဘို့ဆို ဝေးရော.... သောက်ညင်ကပ်တယ်...

    ReplyDelete
  42. Anonymous2:22 PM

    လူဆိုးမရဲံ မေးခွန်းစကားအသုံးနှုန်းတွေက ပညာမတတ်တဲ့သူက ပညာတတ်ချင်ဟန်ဆောင်တဲ့ စာသားတွေသုံးထားတယ်။ ရိုးရိုးစကားပြောနဲ့ မေးပါလားဟဲ့

    ReplyDelete
  43. Anonymous2:35 AM

    ဖတ်ရတာ အရမ်းကောင်းပါသည်..အပြည့်အ၀ထောက်ခံပါသည်..ထက်ထက်မိုးဦးကို နားလည်ပေးကြသောသူတွေ ရေးသားချက်တွေကလည်း..တကယ့်ရှယ်တွေပါဘဲ..

    ReplyDelete
  44. Anonymous3:37 PM

    မိန်းမချင်း ကိုယ်ချင်းစာသင့်ပါတယ်။ ကိုယ်ထိလက်ရောက် လုပ်တယ်ဆိုတာတော့ မထက် မှားသွားတာပေါ့နော်။ မထက်နေရာမှာ ကိုယ်သာဆိုရင် ဒီထက်တောင် ဆိုးသွားမယ်ထင်တာပဲ။ လက်ရှိဘ၀လေးကို ဘယ်လိုဖြတ်သန်းနေသလဲဆိုတဲ့မေးခွန်းကလည်း တစ်မျိုးကြီးဖြစ်နေတယ်လို့ ထင်တယ်။ ဘာလို့လဲဆိုတော့ အဲ့ဒီမေးခွန်းမှာ အဓိပါယ်တွေအများကြီး ပါနေတယ်လေ။ ဒီလောက်စိတ်ညစ်စရာတွေကြားထဲမှာ ဘယ်လိုများ အသက်ရှင်နေတာလဲဟယ်လို့ မေးနေတာနဲ့ တူမနေဘူးလား။ အဲ့ဒီအမျိုးသမီးက ဘယ်လိုစိတ်ဓါတ်နဲ့ မေးလဲဆိုတာတော့ ဘယ်သူမှ မသိပါဘူး။ ဒါပေမယ့် ဒီကိစမှာ သူလွန်တယ်လို့ ထင်ပါတယ်။ နောက်ပြီး သူ့မှာ journalist တစ်ယောက်ရဲ့အရည်အချင်း လုံးဝမရှိပါဘူး။ မထက်ကို အရမ်းသနားတယ်။

    ReplyDelete
  45. Anonymous3:40 PM

    7 Day News Journal ကို ဒီနေ့ကစပြီး လုံးဝမ၀ယ်တော့ဘူး။ ထက်ထက်ရဲ့ပရိသတ်တစ်ယောက်အနေနဲ့ အရမ်းစိတ်မကောင်းဖြစ်မိပါတယ်။ တကယ်ဆိုလို့ရှိရင် ဟိုကောင်မကို နုတ်နုတ်စင်းပစ်ရမှာ။ ဒီလောက်တောင် မညှာမတာ မေးချင်တဲ့ကောင်မ နည်းတောင်နည်းသေးတယ်။

    ReplyDelete
  46. I would say both sides,but definitely the journalist who started questioning those personal questions. Firstly,7days news should hire somone who knows how to interview or accompanied by an experienced staff to go for interview like this.Secondly, This really stated that the journalist was lack of xperience where she cannot decided if that was the suitable(appropriate) questions.The journalist should have realised how the actress has been answering-if she knows the answers are not good anymore,she should jus leave instead of asking deep into the personal rather than general (u're not there for SIT DOWN INTERVIEW) THe journalist dont have the main point to ask the definite questions instead asking what she wanted to know.
    Ma Htat was wrong in fact- she must have lost her patienct over this journalist,This couldnt have been the FIRST TIME, but DEFINITELY second or third which made her get upset very easily.
    OVERALL-- LETS HAVE A LOOK AT ALL THE JOURLANLIST asking any personal QUESTIONS TO "SOE" family since THEIR FACES ARE like NAZIs,JUST BCOZ ma htat has a sweet smile,heart warming gestures to ppl,the journallist have had enough guts to approached to the lady.
    THE JOURNAL PPL - shoudl have the proper legistlation to consider what is the right way of INTERVIEWING PEOPLE, rather than INTERVIEWING PERSONALS. ( i'm sure TOM cRUISE, NICOLE KIDMAN, PENELOPE CRUISE, or KATHY were even asked those kinds of questions!

    ReplyDelete
  47. i like ur post.now they r just using to ma htet for their business.that's why we shouldn't read that 7 days journal

    ReplyDelete
  48. Anonymous2:05 PM

    ကျွန်တော်ကတော့ ဘယ်သူမှားတယ်မှန်တယ် သိပ်စိတ်မဝင်စားပါဘူး။ ရှင်းနေလို့ပါ။
    ထက်ထက်မိုးဦးမှန်တယ်.. ဒီလိုလုပ်သင့်တယ်.. နည်းတောင်နည်းသေး လို့ပြောသူများကိုတော့ ဖိတ်ခေါ်ချင်ပါတယ်။
    ကျွန်တော့်ကို ပါးစပ်ကနေကြိုက်သလို ပြောနိုင်ပါတယ်။ ကြိုက်တဲ့မေးခွန်းမေးနိုင်ပါတယ်။ စိတ်ကြိုက်စော်ကားနိုင်ပါတယ်။ ကျွန်တော်က ပါးပဲပြန်ရိုက်ပါ့မယ်။ လည်ပင်းတော့ မညစ်ရဲပါဘူး.. အဟီး.. ပါးစပ်နဲ့ တစ်ခွန်းမှ ပြန်မပြောပါဘူး။ ဘယ်လိုလည်းခင်ဗျာ..
    :D

    ReplyDelete
  49. ကိုနေလင်းအောင်9:35 PM

    ကိုဉာဏ် (ပန်းလောင်မြေ)ရေ.. ကျွန်တော်လဲ ထက်ထက်မိုးဦးပရိတ်သတ်မဟုတ်ပါဘူး..ဒါပေမယ့် ဒီကိစ္စအတွက်တော့ ဂျာနယ်လစ်တွေကို အမှတ်မပေးနိုင်တာအမှန်ပဲ..ညောင်မြစ်တူးလို့ ပုတ်သင်ဥပေါ်တယ်ပဲပြောရမလား.. ထက်ထက်မိုးဦးကိုကျေးဇူးတင်မိတယ်... သူ့ကြောင့်မြန်မာဂျာနယ်လစ်တွေရဲ့ စိတ်ဓာတ်၊သဘောထားနဲ့ အဆင့်အတန်းကို စာဖတ်တဲ့သူတွေတော်တော်များများရိပ်မိကုန်တယ်။

    ReplyDelete
  50. Anonymous9:36 PM

    I do like it as a fair and square comment.

    ReplyDelete
  51. Night Wolf9:21 AM

    "QUOTE From one Anonymous"
    (ကျွန်တော်ကတော့ ဘယ်သူမှားတယ်မှန်တယ် သိပ်စိတ်မဝင်စားပါဘူး။ ရှင်းနေလို့ပါ။
    ထက်ထက်မိုးဦးမှန်တယ်.. ဒီလိုလုပ်သင့်တယ်.. နည်းတောင်နည်းသေး လို့ပြောသူများကိုတော့ ဖိတ်ခေါ်ချင်ပါတယ်။
    ကျွန်တော့်ကို ပါးစပ်ကနေကြိုက်သလို ပြောနိုင်ပါတယ်။ ကြိုက်တဲ့မေးခွန်းမေးနိုင်ပါတယ်။ စိတ်ကြိုက်စော်ကားနိုင်ပါတယ်။ ကျွန်တော်က ပါးပဲပြန်ရိုက်ပါ့မယ်။ လည်ပင်းတော့ မညစ်ရဲပါဘူး.. အဟီး.. ပါးစပ်နဲ့ တစ်ခွန်းမှ ပြန်မပြောပါဘူး။ ဘယ်လိုလည်းခင်ဗျာ..
    :D)


    ဒီလိုပြောတဲ့ Anonymous ကို တစ်ခုလောက်မေးချင်ပါတယ်... အဲလို မျိုးပါစပ်နဲ့ ကြိုက်သလိုမေး... ကြိုက်သလိုပြောဆိုတာကို ဘယ်လိုအခြေအနေနဲ့ ဘယ်လိုအချိန်အခါ ဆိုတာ ထည့်မတွက် ပဲ... ကလေးအတွေးနဲ့ လွယ်လွယ်လေး ပြောတယ်လို့ပဲထင်ပါတယ်...
    အပြောခံ.. စော်ကားခံရတဲ့ သူရဲ့  လက်ရှိ ခံစားချက်... ရင်ဆိုင်နေရတဲ့ ပြသနာ တွေ... ဆုံးရှုံးမှုတွေကြောင့် ထိခိုက်ရတဲ့ အချိန်ဆိုတာတွေကို ထည့်မတွက်တော့ဘူး လား....
    ဘာကောင်မှ မဟုတ်တဲ့သူတွေ.. သူ့လို ပြသနာ ကြီးကြီး မကြုံနေရတဲ့ လူတွေ... ဆို အဲလိုလွယ်လွယ်ပြောလို့ရတာပေါ့....
    သူရိုက်တာကို မှန်တယ် လို့ ပြောနေတာ မဟုတ်ပါဘူး.... ဒါပေမယ့် ဘာကြောင့်အဲလို ဖြစ်ရတာလဲ ဆိုတာကို နဲနဲ ဆင်ခြင်ပြီး မှ ပြောသင့်ပါတယ်..
    အဲလိုမေးရင် အဲလိုဖြစ်တတ်တယ် ဆိုတာ သိသင့်ပါတယ်...

    ဘုရားဟောသလိုပါပဲ.. အကြောင်းရှိလို့ အကျိုးဖြစ်တဲ့ ကိစ္စမှာ... တစ်ဘက်သက် မပြောပါနဲ့...
    သူ့အခြေအနေ.. နဲ့ ကိုယ့်အခြေအနေ... မတူတာကို နားလည်ပါ...


    ဆရာဦးမင်းလူပြောဖူးတဲ့ ဥပမာ ရှင်းရှင်းလေး... တစ်ခုလိုပြောရရင်...
    "တစ်ထွာ ဆိုတဲ့ ဆံပင်ဟာ..
    ယောက်ကျားလေး တစ်ယောက်အတွက် အရှည်ကြီး...
    မိန်းကလေး တစ်ယောက်အတွက် ... တိုတိုလေး...
    ဆိုတာ သဘောပေါက်ပါ.."

    မိန်းကလေး တစ်ယောက်ကို လူကြားထဲ ပါးနမ်းပြီး... မကျေနပ်ရင် ငါ့ ပြန်နမ်းလေ.. ငါကြည်ကြည်သာသာ ခံမယ်ဆိုတာမျိုး လုပ်လို့ ရမယ် ထင်ပါသလား????

    (ထင်တယ်ကွာ လို့ ဖင်ပိတ်ငြင်းရင်တော့... အဲဒီကောင်မလေး နေရာမှာ... ခင်ဗျား.. နှမဆို ရင် ဘယ်လိုနေမလဲတွေးကြည့်ပါ)

    ReplyDelete
  52. Night Wolf9:22 AM

    (QUOTE From one Anonymous )
    "ကျွန်တော်ကတော့ ဘယ်သူမှားတယ်မှန်တယ် သိပ်စိတ်မဝင်စားပါဘူး။ ရှင်းနေလို့ပါ။
    ထက်ထက်မိုးဦးမှန်တယ်.. ဒီလိုလုပ်သင့်တယ်.. နည်းတောင်နည်းသေး လို့ပြောသူများကိုတော့ ဖိတ်ခေါ်ချင်ပါတယ်။
    ကျွန်တော့်ကို ပါးစပ်ကနေကြိုက်သလို ပြောနိုင်ပါတယ်။ ကြိုက်တဲ့မေးခွန်းမေးနိုင်ပါတယ်။ စိတ်ကြိုက်စော်ကားနိုင်ပါတယ်။ ကျွန်တော်က ပါးပဲပြန်ရိုက်ပါ့မယ်။ လည်ပင်းတော့ မညစ်ရဲပါဘူး.. အဟီး.. ပါးစပ်နဲ့ တစ်ခွန်းမှ ပြန်မပြောပါဘူး။ ဘယ်လိုလည်းခင်ဗျာ..
    :D"


    ဒီလိုပြောတဲ့ Anonymous ကို တစ်ခုလောက်မေးချင်ပါတယ်... အဲလို မျိုးပါစပ်နဲ့ ကြိုက်သလိုမေး... ကြိုက်သလိုပြောဆိုတာကို ဘယ်လိုအခြေအနေနဲ့ ဘယ်လိုအချိန်အခါ ဆိုတာ ထည့်မတွက် ပဲ... ကလေးအတွေးနဲ့ လွယ်လွယ်လေး ပြောတယ်လို့ပဲထင်ပါတယ်...
    အပြောခံ.. စော်ကားခံရတဲ့ သူရဲ့  လက်ရှိ ခံစားချက်... ရင်ဆိုင်နေရတဲ့ ပြသနာ တွေ... ဆုံးရှုံးမှုတွေကြောင့် ထိခိုက်ရတဲ့ အချိန်ဆိုတာတွေကို ထည့်မတွက်တော့ဘူး လား....
    ဘာကောင်မှ မဟုတ်တဲ့သူတွေ.. သူ့လို ပြသနာ ကြီးကြီး မကြုံနေရတဲ့ လူတွေ... ဆို အဲလိုလွယ်လွယ်ပြောလို့ရတာပေါ့....
    သူရိုက်တာကို မှန်တယ် လို့ ပြောနေတာ မဟုတ်ပါဘူး.... ဒါပေမယ့် ဘာကြောင့်အဲလို ဖြစ်ရတာလဲ ဆိုတာကို နဲနဲ ဆင်ခြင်ပြီး မှ ပြောသင့်ပါတယ်..
    အဲလိုမေးရင် အဲလိုဖြစ်တတ်တယ် ဆိုတာ သိသင့်ပါတယ်...

    ဘုရားဟောသလိုပါပဲ.. အကြောင်းရှိလို့ အကျိုးဖြစ်တဲ့ ကိစ္စမှာ... တစ်ဘက်သက် မပြောပါနဲ့...
    သူ့အခြေအနေ.. နဲ့ ကိုယ့်အခြေအနေ... မတူတာကို နားလည်ပါ...


    ဆရာဦးမင်းလူပြောဖူးတဲ့ ဥပမာ ရှင်းရှင်းလေး... တစ်ခုလိုပြောရရင်...
    "တစ်ထွာ ဆိုတဲ့ ဆံပင်ဟာ..
    ယောက်ကျားလေး တစ်ယောက်အတွက် အရှည်ကြီး...
    မိန်းကလေး တစ်ယောက်အတွက် ... တိုတိုလေး...
    ဆိုတာ သဘောပေါက်ပါ.."

    မိန်းကလေး တစ်ယောက်ကို လူကြားထဲ ပါးနမ်းပြီး... မကျေနပ်ရင် ငါ့ ပြန်နမ်းလေ.. ငါကြည်ကြည်သာသာ ခံမယ်ဆိုတာမျိုး လုပ်လို့ ရမယ် ထင်ပါသလား????

    (ထင်တယ်ကွာ လို့ ဖင်ပိတ်ငြင်းရင်တော့... အဲဒီကောင်မလေး နေရာမှာ... ခင်ဗျား.. နှမဆို ရင် ဘယ်လိုနေမလဲတွေးကြည့်ပါ)

    ReplyDelete
  53. Night Wolf9:23 AM

    (QUOTE From one Anonymous )
    "ကျွန်တော်ကတော့ ဘယ်သူမှားတယ်မှန်တယ် သိပ်စိတ်မဝင်စားပါဘူး။ ရှင်းနေလို့ပါ။
    ထက်ထက်မိုးဦးမှန်တယ်.. ဒီလိုလုပ်သင့်တယ်.. နည်းတောင်နည်းသေး လို့ပြောသူများကိုတော့ ဖိတ်ခေါ်ချင်ပါတယ်။
    ကျွန်တော့်ကို ပါးစပ်ကနေကြိုက်သလို ပြောနိုင်ပါတယ်။ ကြိုက်တဲ့မေးခွန်းမေးနိုင်ပါတယ်။ စိတ်ကြိုက်စော်ကားနိုင်ပါတယ်။ ကျွန်တော်က ပါးပဲပြန်ရိုက်ပါ့မယ်။ လည်ပင်းတော့ မညစ်ရဲပါဘူး.. အဟီး.. ပါးစပ်နဲ့ တစ်ခွန်းမှ ပြန်မပြောပါဘူး။ ဘယ်လိုလည်းခင်ဗျာ..
    :D"


    ဒီလိုပြောတဲ့ Anonymous ကို တစ်ခုလောက်မေးချင်ပါတယ်... အဲလို မျိုးပါစပ်နဲ့ ကြိုက်သလိုမေး... ကြိုက်သလိုပြောဆိုတာကို ဘယ်လိုအခြေအနေနဲ့ ဘယ်လိုအချိန်အခါ ဆိုတာ ထည့်မတွက် ပဲ... ကလေးအတွေးနဲ့ လွယ်လွယ်လေး ပြောတယ်လို့ပဲထင်ပါတယ်...
    အပြောခံ.. စော်ကားခံရတဲ့ သူရဲ့  လက်ရှိ ခံစားချက်... ရင်ဆိုင်နေရတဲ့ ပြသနာ တွေ... ဆုံးရှုံးမှုတွေကြောင့် ထိခိုက်ရတဲ့ အချိန်ဆိုတာတွေကို ထည့်မတွက်တော့ဘူး လား....
    ဘာကောင်မှ မဟုတ်တဲ့သူတွေ.. သူ့လို ပြသနာ ကြီးကြီး မကြုံနေရတဲ့ လူတွေ... ဆို အဲလိုလွယ်လွယ်ပြောလို့ရတာပေါ့....
    သူရိုက်တာကို မှန်တယ် လို့ ပြောနေတာ မဟုတ်ပါဘူး.... ဒါပေမယ့် ဘာကြောင့်အဲလို ဖြစ်ရတာလဲ ဆိုတာကို နဲနဲ ဆင်ခြင်ပြီး မှ ပြောသင့်ပါတယ်..
    အဲလိုမေးရင် အဲလိုဖြစ်တတ်တယ် ဆိုတာ သိသင့်ပါတယ်...

    ဘုရားဟောသလိုပါပဲ.. အကြောင်းရှိလို့ အကျိုးဖြစ်တဲ့ ကိစ္စမှာ... တစ်ဘက်သက် မပြောပါနဲ့...
    သူ့အခြေအနေ.. နဲ့ ကိုယ့်အခြေအနေ... မတူတာကို နားလည်ပါ...


    ဆရာဦးမင်းလူပြောဖူးတဲ့ ဥပမာ ရှင်းရှင်းလေး... တစ်ခုလိုပြောရရင်...
    "တစ်ထွာ ဆိုတဲ့ ဆံပင်ဟာ..
    ယောက်ကျားလေး တစ်ယောက်အတွက် အရှည်ကြီး...
    မိန်းကလေး တစ်ယောက်အတွက် ... တိုတိုလေး...
    ဆိုတာ သဘောပေါက်ပါ.."

    မိန်းကလေး တစ်ယောက်ကို လူကြားထဲ ပါးနမ်းပြီး... မကျေနပ်ရင် ငါ့ ပြန်နမ်းလေ.. ငါကြည်ကြည်သာသာ ခံမယ်ဆိုတာမျိုး လုပ်လို့ ရမယ် ထင်ပါသလား????

    (ထင်တယ်ကွာ လို့ ဖင်ပိတ်ငြင်းရင်တော့... အဲဒီကောင်မလေး နေရာမှာ... ခင်ဗျား.. နှမဆို ရင် ဘယ်လိုနေမလဲတွေးကြည့်ပါ)

    ReplyDelete

 
Web Statistics