Tuesday, June 01, 2010

မွတ်သိပ်သော နှလုံးသား - အောင်သင်း


မည်သည့်ကျောင်းဆရာမျှ တပည့်များအား တစ်သက်လုံး သုံးမကုန်နိုင်လောက်အောင် ပညာသုတကို ပေးလိုက်နိုင်သည်မဟုတ်။ ကျောင်းသား၏ နှလုံးသားကို မွတ်သိပ်လာအောင် လုပ်နိုင်သူပင်လျှင် အတော်ဆုံးသော ကျောင်းဆရာဖြစ်သည်ဟု "ဆာရစ်ချတ် လစ်ဗင်းစတုန်း" ဆိုသော ပုဂ္ဂိုလ်ကြီးက မိန့်ဆိုခဲ့ဖူးပါသည်။ ထိုအချက်ကို ကျွန်တော် လှိုက်လှိုက်လှဲလှဲ သဘောတူပါသည်။ ပညာ မွတ်သိပ်လာသူတစ်ယောက်သည် ပညာကို သူ့ဘာသာသူ ရှာလာပါလိမ့်မည်။ ပြင်းပြင်းထန်ထန် ဆည်းပူးလာပါလိမ့်မည်။ သူ့ဘ၀တွင်လည်း စိတ်ချလောက်ပြီ ဖြစ်ပါသည်။

No comments:

Post a Comment

 
Web Statistics