- မိမိအတွင်းစိတ်နှင့် စွမ်းရည်ကို ဆန်းစစ်၍ ဘ၀အထုံကို ရှာပါ။
- ဘ၀ကံကြောင့် မိမိ လိုချင်သည့် ပန်းတိုင်သို့ တိုက်ရိုက် မသွားနိုင်စေဦးတော့၊ အစားထိုး အောင်မြင်နိုင်သည်ကို သတိရပါ။
- ထိုပန်းတိုင်သို့ ရောက်နိုင်ရန် ဆု မတောင်းပါနှင့်၊ ဆုပန်ပါ။ (ခိုင်မာသော အဓိဋ္ဌာန်ချပါ)
- ကြိုးပမ်းနေခိုက်တွင် မုချ ကြုံရမည်ဖြစ်သော လောကဓံကို သည်းခံရင်ဆိုင်နိုင်အောင် စိတ်ကို လေ့ကျင့်ထားပါ။
- ငယ်ငယ်ရွယ်ရွယ်နှင့် မသေနိုင်အောင် ဂရုစိုက်ပါ။ ကျန်းမာအောင် နေပါ။ (သေလျှင် ဘာမျှ မလုပ်နိုင်၊ မကျန်းမာလျှင်လည်း ဘာမျှ မလုပ်နိုင်။ ဘာမျှ မလုပ်နိုင်လျှင် ဘာမျှ မဖြစ်နိုင်ကြောင်း သတိရပါ)
- တာဝန်သိ လူကြီးများက မိမိတို့အတွက် ရေးထားပေးခဲ့သော စာ၊ လုပ်ပေးခဲ့သမျှ အသီးအပွင့်ကို ရအောင်ဆည်းပူးပါ။
- ကိုယ့်အလှည့် ရောက်လာလျှင်လည်း မျိုးဆက်သစ်အတွက် တစ်ခုခု လုပ်ပေးရမည်ဟူသော တာဝန်သိစိတ်ကို ယခုကတည်းက မွေးပါ။

အောင်သင်း
နှလုံးသားကို လေးပေါ်တင်၍ ပစ်သောအခါ
သင့်ဘဝ
နှလုံးသားကို လေးပေါ်တင်၍ ပစ်သောအခါ
သင့်ဘဝ
No comments:
Post a Comment