သတ္တိကောင်းရမယ်။ ဘယ်လို သတ္တိလဲ။ စိန်ခေါ်ရဲတဲ့ သတ္တိ ဖြစ်ရမယ်။ ဦးနှောက် ခါးတောင်းကျိုက်ထားနော်။ လူခါးတောင်းကျိုက်တဲ့လူ ကူလီပဲ ဖြစ်မှာပေါ့။ ဦးနှောက်ခါးတောင်းကျိုက်မှ ခေါင်းဆောင်ဖြစ်မှာ။
အဲဒီ ဦးနှောက်ခါးတောင်းကျိုက်တာမှာလည်း ရေရှည်ခံတဲ့ သတ္တိမျိုး ဖြစ်ရမယ်။ အဲဒီသတ္တိကို "ဇွဲ" လို့ ခေါ်တယ်။ အဲဒီဇွဲက ဘယ်မှာ ပြန်ဖြစ်သလဲဆိုရင် ခုနက ပြောခဲ့တဲ့ ကြီးပွားရမယ်ဆိုတဲ့ ယုံကြည်ချက်။ အဲဒီဥစ္စာကနေ ဇွဲကို ပြန်ထိန်းတယ်။

အောင်သင်း
ရည်မှန်းချက်
သင့်ဘ၀၊ ဇန်န၀ါရီ၊ ၁၉၉၄။
No comments:
Post a Comment