Monday, September 27, 2010

လူဝတ်ကြောင်တို့အတွက် နံနက်ခင်းသြ၀ါဒများ - မဟာဂန္ဓာရုံဆရာတော်


ဆွမ်တော်တင်ကို စားသောက်ကောင်းပါတယ်
"ဘုရားဆွမ်းတော်တင်စာ မစားကောင်းဘူး" တဲ့။ ဘုရားကျောင်းဒကာ အနာထပိဏ်၊ ကျောင်းအမ ၀ိသာခါတို့ဆိုတာ ခဏခဏ အိမ်ပင့်၊ ဘုရားအမှူးရှိတဲ့ သံဃာတွေ အိမ်ပင့်ဆွမ်းကပ်ပြီးတော့ ဘုရားက ကျန်တဲ့ဆွမ်းကြွင်းဆွမ်းကျန်တွေ စားကြတာပဲ။ ဘာလို့ မစားကောင်းရမှာလဲ။ ဒါကြောင့် ဘုရားကိုဆွမ်းတော်တင်လျှင် တစ်ပါးစာ ၀လောက်အောင် ကျကျနန ပြင်ပါ၊ တင်ပါ။ ပြီးလောက်တဲ့အချိန်မှာ ဆွမ်းတော်တင်ကို ချပြီး စားသောက်ကောင်းပါတယ်။

နတ်တင်နှင့် ဘုရားတင်
တို့မြန်မာတွေမှာ ဆွမ်းတော်မတင်ခင်က နတ်ကိုးကွယ်မှုနဲ့ လာခဲ့ကြတာဆိုတော့ ရောနေတယ်၊ ဘုရားနဲ့ စပ်လာလျှင် နတ်ပွဲထက် သန့်ရှင်းဖို့ လိုအပ်တာပေါ့။ ဒီကနေ့တင်တဲ့ဆွမ်း မနက်ဖြန်ရောက်အောင် ထားတာလည်း မကောင်းဘူး၊ ကြွက်နှိုက်တတ်တယ်၊ အများအားဖြင့် ပုဂံခေတ်က အစွဲတွေ မပျောက်နိုင်လို့ နတ်တင်နှင့် ဘုရားတင် ရောထွေးရှုပ်ပွေနေကြတာ။

ဒါကို အတုယူကြစမ်းပါ
လူ လူ ဘုန်းကြီး ဘုန်းကြီး၊ အရှည်ကို မျှော်ရပါတယ်။ ဘ၀ပဒေသာ ပန်းခြံကြီးနဲ့တူတဲ့ လူ့ဘ၀ကို ပစ်မထားကြပါနဲ့။ ကိုယ်စိုက်ထားတဲ့ ပန်းခြံကြီးထဲက ကိုယ်လိုချင်တဲ့ ပန်းကို ခူးပြီး မလိုချင်တာ မကောင်းတာကို ထားခဲ့သလိုပေါ့။ လောကီအာရုံ ကာမဂုဏ်တွေကို ဖယ်ထားခဲ့ပြီး ပါရမီပန်းတွေကို နေ့စဉ် လှလှပန်ဆင်သွားကြဖို့ပါပဲ။ ဘုရားအလောင်းနဲ့ ဆွေမျိုးတော်တွေက ဘ၀ပါရမီပန်းတွေကို ဆင်မြန်းပြီး လာခဲ့ကြတယ်၊ ဒါကို အတုယူကြစမ်းပါ။

No comments:

Post a Comment

 
Web Statistics