Wednesday, September 22, 2010

လူဝတ်ကြောင်တို့အတွက် နံနက်ခင်းသြ၀ါဒများ - မဟာဂန္ဓာရုံဆရာတော်


ရောယောင်နေကြတာပဲ
လူတွေမှာ ပိုက်ဆံပေါပြီးတော့ သာသနာပြုဖို့ အလုပ်ကျတော့ နားမလည်ကြဘူး။ တွေ့ရာကြုံရာတွေနဲ့ ရောယောင်နေကြတာပဲ။ ဒီတော့ အောက်တန်းကျကြတာပေါ့။ တချို့က ရဟန်းခံ ရှင်ပြပေးပြီးတော့ ပစ်ထားလိုက်ကြတာပဲ။ ရဟန်းဒကာ ရဟန်းအမတွေဆိုတာကလည်း သူတို့က ပစ္စည်းရှိလျှင် နှိမ်ချင်ကြတယ်။ ဘုန်းကြီးက သာသနာ့ဝန်ထမ်းတွေနဲ့ စပ်လာလျှင် အောက်တန်းက နေရတာကို မကြိုက်ချင်ဘူး။ မခံလည်း မခံချင်ဘူး၊ အဲဒီလို လူတွေနဲ့ဆိုလျှင် ဘယ်တော့မှ မဆက်ဆံကြပါနဲ့။

အထင်သေးနေကြပြီ
ယခုခေတ်က လူကြီးမိဘ ဆရာသမားကို မလေးစားတဲ့ခေတ်၊ ဒီခေတ်ကို တို့က မျက်စိမှိတ်လိုက်နေလို့ မတော်ဘူး။ သူတို့ကမှ ခေတ်မီတယ်လို့ ယူဆနေကြတယ်။ အလားတူပဲ ဆရာသမားတွေကိုလည်း တပည့်တွေက ခေတ်မမီကြဘူးလို့ အထင်သေးနေကြပါပြီ။ ဒါ ဘယ်လောက်မှန်သလဲ။

မဆန်းပါဘူး
ပညာကို တတ်အောင် သင်ကြပါ။ ပညာတတ်တော့ ကိုယ်လုပ်ချင်ရာ လုပ်လို့ဖြစ်ပါတယ်။ "လှိုင်းကြီး လှေအောက်၊ တောင်ကြီး ဖ၀ါးအောက်" ဆိုတာလို အလိုလိုပဲ ကိုယ့်အောက် ခ,လာကြရတာပဲ။ ဒါ သဘာဝပဲ၊ မဆန်းပါဘူး။

No comments:

Post a Comment

 
Web Statistics