Saturday, October 16, 2010

ဓမ္မပဒဂါထာ (၁၀၇)


ယော စ ၀ဿသတံ ဇန္တု၊ အဂ္ဂိံ ပရိစရေ ၀နေ။
ဧကဉ္စ ဘာဝိတတ္တာနံ၊ မုဟုတ္တမပိ ပူဇယေ။
သာယေ၀ ပူဇနာ သေယျော၊ ယဉ္စေ ၀ဿသတံ ဟုတံ။

ပူဇော်မှန်မှ ကောင်းကျိုးရ
အနှစ်တစ်ရာပတ်လုံး တောထဲမှာ
မီးကို လုပ်ကျွေးပူဇော်တာရယ်...
သီလ သမာဓိ ပညာ
ဂုဏ်ထူးဂုဏ်မြတ်တွေနဲ့
စိတ်ကို ထုံမွှမ်းထားတဲ့
အရိယာပုဂ္ဂိုလ်တစ်ယောက်ကို
ဆွမ်းတစ်ဇွန်း ရေတစ်မှုတ်စာမျှ
အကုန်အကျနည်းနည်းလေးနဲ့
တစ်ကြိမ်တစ်ခါ တစ်ခဏလောက်လေး
လှူဒါန်းပူဇော်တာရယ်...
အဲဒီနှစ်မျိုးထဲမှာ
အရိယာပုဂ္ဂိုလ်တစ်ယောက်ကို
တစ်ကြိမ်တစ်ခဏ ပူဇော်ရခြင်းက
အနှစ်တစ်ရာပတ်လုံး
တောထဲမှာ မီးကို ပူဇော်ရခြင်းထက်
အဆပေါင်းများစွာ
ပိုပြီး မြင့်မြတ်ပါတယ်။
ပိုပြီး အကျိုးပေးကြီးကျယ်ပါတယ်။

No comments:

Post a Comment

 
Web Statistics