Wednesday, October 20, 2010

သစ်ရွက်ပုံပြင် - ကိုဉာဏ် (ပန်းလောင်မြေ)


စိမ်းစိမ်းဖားဖား
ငွါးငွါးစွင့်စွင့်
လှပစုံစွာ
ရှိခဲ့ပါလည်း
ဝေရာမှကြွေ
ကြွေရာမှခြောက်
ခြောက်ရာမှဆွေး
ဆွေးရာမှပျောက်
ဘယ်ကိုရောက်သည် မသိပြီ။

ငါဟဲ့လူသား
မာနများနှင့်
ငါကားဘာကောင်
ဘ၀င်ဆောင်ခဲ့
နောင်ခါတစ်နေ့
ခန္ဓာရွေ့သော်
ဘယ်ကိုရောက်မည် မသိပြီ။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့။
နံနက် ၁ နာရီ ၃၀ မိနစ်တွင်ပြီး၏။

2 comments:

  1. ကိုညဏ်ရေ။
    တရားတော့ မဟောပါနဲ့ဦးဗျာ၊
    ဒီကဗျာလောက်နဲ့တင်ကျေနပ်တော့နော်၊

    ReplyDelete
  2. အသက်က စကားပြောမပြောတော့မသိဘူး
    ကဗျာကတော့ စကားပြောနေပြီ

    ခင်မင်လျက်

    ReplyDelete

 
Web Statistics