Thursday, February 03, 2011

ဟာသလေးတွေနဲ့ ရယ်မောကြရအောင်


အပြစ်တင်သင့်တာပေါ့
ဘောလုံးပွဲကြည့်စဉ် မိန်းမက ယောက်ျားကို မေးသည်။

"မောင်ရေ၊ ဟိုရှေ့က ပွဲကြည့်သူကို ဘာဖြစ်လို့ သူ့အနားကလူတွေ အပြစ်တင်ရသလဲ"

"ဒိုင်လူကြီးကို သူ ပုလင်းနဲ့ ပစ်လိုက်လို့လေ"

"ဒါပေမယ့် ဒိုင်လူကြီးကိုမှ မထိတာပဲ"

"အဲဒါကြောင့် သူ့ကို ၀ိုင်းဆဲကြတာပေါ့ကွာ"


- * - * - * - * - * - * - * - * - * - * - * -

ပေါ်တော့မယ်၊ ပြန်ခေါ်ပါ
နိုင်ငံတကာတင်းမာမှုလျော့ပါးရေး၊ ပြည်သူအချင်းချင်း ချစ်ကြည်ရေး၊ အပြန်အလှန် နားလည်မှုရရေးတို့ကို ရှေ့ရှုသောအားဖြင့် မိမိတို့၏ အတွင်းရေးမှူးမများကို အလဲအလှယ်လုပ်ရန် ဆိုဗီယက် ကွန်မြူနစ်ပါတီခေါင်းဆောင် အင်ဒရိုပေါ့နှင့် အမေရိကန်သမ္မတ ရေဂင်တို့ သဘောတူလိုက်ကြသည်။

တစ်ပတ်ကြာသော် အမေရိကန်မသည် သမ္မတရေဂင်ထံ ဖုန်းဆက်ကာ တိုင်ပြော ပြောသည်။

"သမ္မတကြီးရှင့်၊ ကျွန်မ ဒီမှာ အလုပ် မလုပ်နိုင်တော့ဘူး။ မီနီစကတ်အစား Midi စကတ် (ခြေဆစ်နားအထိ ရောက်သောစကတ်) ကိုပဲ ၀တ်ရမယ်၊ လည်ဟိုက်အင်္ကျီအစား လုံလုံခြုံခြုံ အင်္ကျီကို ၀တ်ရမယ်လို့ ကျွန်မကို တစ်ချိန်လုံး အမိန့်ပေးသလို၊ မေတာရပ်ခံသလို ပြောနေကြတယ်ရှင့်၊ ဒီအတိုင်းသာဆိုရင် မကြာခင် ကျွန်မရဲ့ အလှတွေကို ဘယ်သူမှ ဘာမှ မြင်ရတော့မှာ မဟုတ်ဘူးရှင့်"

ရုရှားအတွင်းရေးမှူးမကလည်း အင်ဒရိုပေါ့ထံ ဖုန်းဆက်ကာ စိုးရိမ်စကားပြောသည်။

"ရဲဘော် အင်ဒရိုပေါ့၊ ဒီမှာဆက်ပြီး အလုပ်လုပ်ဖို့ မလွယ်တော့ဘူး။ စကတ်ကို တိုသထက်တိုအောင် ၀တ်ပါ၊ လည်ဟိုက်အင်္ကျီကိုလည်း သည်ထက်ပိုပြီး ကျယ်ကျယ်လေး ချုပ်ဝတ်ပါလို့ သူတို့ တစ်ချိန်လုံး ပြောနေတယ်။ ဒီအတိုင်းသာဆို မကြာခင် ခြောက်လုံးပြူးကိုရော၊ ကျွန်မ အင်း... ကျွန်တော် ယောက်ျားဖြစ်တယ်ဆိုတာပါ သူတို့ မြင်သွားတော့မယ် ခင်ဗျ"

- * - * - * - * - * - * - * - * - * - * - * -

နံပါတ်ပြောင်းပြန်
အပျော်စီးလှေများ ငှားရမ်းသော စခန်းတွင်ဖြစ်သည်။ ကယ်ဆယ်ရေးလုပ်သားက မိုက်ကရိုဖုန်းမှတဆင့် အော်နေသည်။

"လှေနံပါတ် 99၊ ကမ်းဘက်ကို ပြန်လှော်ခဲ့ပါ၊ ခင်ဗျားရဲ့အချိန် ကုန်သွားပါပြီ"

အချိန်အနည်းငယ် ကြာသွားသည်။ လှေ ကမ်းဘက် ပြန်မကပ်လာချေ။

"လှေနံပါတ် 99၊ အမြန်ဆုံး ကမ်းပြန်ကပ်ပါ၊ ဒါမှ မဟုတ်ရင် ခင်ဗျားဆီက အချိန်ပိုခ ထပ်တောင်းရပါလိမ့်မယ်"

ကယ်ဆယ်ရေးသမား၏ အကူချာတိတ်က သူ့ဆရာကို ပြောသည်။

"ကျွန်တော်တို့စခန်းမှာ လှေ ၇၅ စီးပဲ ရှိတယ်၊ ဘယ်က နံပါတ် ကိုးဆယ့်ကိုး ရောက်လာတာလဲ"

ကယ်ဆယ်ရေးသမား ခေတမျှ မင်သက်မိသလို ဖြစ်သွားသည်။ ထို့နောက် ရေထဲ ပြေးဆင်းသည်။ ပါးစပ်မှလည်း အော်သည်။

"လှေနံပါတ် 66၊ ခင်ဗျား တစ်ခုခု ပြသနာပေါ်နေသလား"

* * * * * * * * *
မောင်ကောင်းထိုက် ရဲ့ ဟာသပဒေသာထဲက ဟာသအချို့ပါဗျာ။ ရယ်မောပျော်ရွှင်နိုင်ကြပါစေ။

No comments:

Post a Comment

 
Web Statistics