Saturday, February 12, 2011

၆၄ နှစ်မြောက် ပြည်ထောင်စုနေ့ (၂၀၁၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်၊ စနေနေ့)


ယနေ့သည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၏ (၆၄) နှစ်မြောက် ပြည်ထောင်စုနေ့ ဖြစ်ပါသည်။ မြန်မာ့လွတ်လပ်ရေးအတွက် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော တိုင်းရင်းသားခေါင်းဆောင်များအားလုံး ရှမ်းပြည်နယ် ပင်လုံမြို့၌ ပင်လုံစာချုပ် ချုပ်ဆိုခဲ့သည့် နေ့ထူးရက်မြတ်ကို ပြည်ထောင်စုနေ့အဖြစ် သတ်မှတ်ခဲ့ကြခြင်း ဖြစ်ပါသည်။ မြန်မာ့မြေပေါ်တွင်နေထိုင်သော တိုင်းရင်းသားသွေးချင်းများသည် စည်းလုံးညီညွတ်ပြီး တစ်စိတ်တစ်ဝမ်းတည်းဖြစ်ကြောင်း ကမ္ဘာသိအောင် ပြသနိုင်ခဲ့သည့် နေ့ထူးနေ့မြတ် ဖြစ်ပါသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ထူးခြားမွန်မြတ်လှသည့် ပြည်ထောင်စုနေ့ဝယ် မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြကုန်သော တိုင်းရင်းသားလူမျိုးအားလုံး စိတ်ဝမ်းနှလုံး ကြည်သာရွှင်ပြုံးနိုင်ကြပါစေ၊ စိတ်ချမ်းသာ ကိုယ်ကျန်းမာ၍ ကောင်းကျိုးလိုအင်ဆန္ဒများ ပြည့်ဝကြပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။

၆၄ နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုလျက်...
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်၊ စနေနေ့။

No comments:

Post a Comment

 
Web Statistics