Tuesday, May 15, 2012

GSM Internet


ကျွန်တော့်ရဲ့ နှစ်သိန်းတန် ဂျီအက်စ်အမ်ဖုန်းလေး အင်တာနက် ရပါပြီခင်ဗျား။ ဂျာနယ်တွေထဲမှာ အင်တာနက်လျှောက်ပြီး ၂-၃ ရက်အကြာတွင် စတင်သုံးစွဲနိုင်သည်ဟု ဖတ်ရပါသည်။ သို့သော် ကျွန်တော့်တယ်လီဖုန်းကဖြင့် ၅ ရက်လောက် စောင့်လိုက်ရပါတယ်ဗျာ။ အင်တာနက် အမြန်နှုန်း အင်မတန်နှေးကွေးပါသော်လည်း မရှိတာထက်တော့ အများကြီးပိုကောင်းသည်ဟု မှတ်ယူပါသည်။ သတင်းများကို အချိန်နှင့်တပြေးညီ သိခွင့်ရသည်။ အီးမေးလ်တွေ စစ်လို့ရသည်။ ဘလော့ဂ်ကို ကလိလို့ရမည်ပေါ့ခင်ဗျား။ ကျေးဇူးတင်ပါတယ် အမ်ပီတီ။ ကျွန်တော်တို့မလည်း လူတကာကို လိုက်ပြီး ကျေးဇူးတင်နေရတော့တာပါပဲ။ ပိုက်ဆံပေးပြီး သုံးရတဲ့ အင်တာနက်ကိုတောင် သုံးခွင့်ရလို့ဆိုပြီး ကျေးဇူးတင်ရသေးသကိုး။ မောင်မင်းကြီးသားများ ကျန်းမာချမ်းသာကြပါစေ။
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၂ ခုနှစ် မေလ ၁၅ ရက်၊ အင်္ဂါနေ့။

No comments:

Post a Comment

 
Web Statistics