Monday, November 05, 2012

ဖတ်မိတဲ့စာအုပ်တွေထဲက (၁)


(က)
ငါးထပ်ကြီး၊ ခြောက်ထပ်ကြီး၊ ကိုးထပ်ကြီး၊ ဆယ်ထပ်ကြီး ဟု ခေါ်တွင်ရခြင်းအကြောင်း
ဘုရားတည်တဲ့အခါ ၀ါးနဲ့ ငြမ်းဆင်ရတယ်။ အဲဒီဝါးကို ခြောက်ပြန်ဆက်ပြီး ဆင်ရတဲ့ဘုရားမို့ ခြောက်ထပ်ကြီး ခေါ်သည်။ ၀ါးငါးပြန်ဆင်တဲ့ ဘုရားကျတော့ ငါးထပ်ကြီး၊ စမ်းချောင်းနားက ကိုးထပ်ကြီးဘုရားကျတော့ ၀ါးကိုးပြန်ဆင်ရတာ။ ပြည်က ဆယ်ထပ်ကြီးဘုရားကျတော့ ၀ါးဆယ်ပြန် ငြမ်းဆင်ရလို့ ဆယ်ထပ်ကြီး။

(ခ)
ရာဘင်ဒြာနတ်တဂိုး မြန်မာပြည်ကို လာခဲ့ဖူးသည်

  1. ၁၉၁၆ ခုနှစ် မေလ ၇ ရက်နေ့မှ ၉ ရက်နေ့အထိ တစ်ကြိမ်။ ရွှေတိဂုံဘုရားလမ်း၊ စိန်ရောင်ခြည်ဘုရားဝင်းအနီးရှိ အိန္ဒိယအမျိုးသား ဆရာဝန်ကြီး မေထာ၏တိုက်တွင် တည်းခိုသည်ဟု ထင်မှတ်ရသည်။
  2. ၁၉၂၄ ခုနှစ် မတ်လ ၂၄ ရက်နေ့မှ ၂၇ ရက်နေ့အထိ တစ်ကြိမ်။ ဂါးဒီးယမ်းသတင်းစာတိုက် အဆောက်အဦ၊ ၃၉၂/၃၉၆ ကုန်သည်လမ်းရှိ တိုက်အိမ်တွင် တည်းခိုသွားခဲ့သည်။


(ဂ)
ရဟန်းပြုသူ ၅ မျိုး

  1. သဒ္ဓါပဗ္ဗဇိတ - ယုံကြည်ခြင်းကြောင့် ရဟန်းပြုသူ
  2. ပညာပဗ္ဗဇိတ - ပညာကြောင့် ရဟန်းပြုသူ
  3. ဘယာပဗ္ဗဇိတ - အပြစ်ဘေးကြောင့် ရဟန်းပြုသူ
  4. မိရိုးဖလာပဗ္ဗဇိတ - မိဘရိုးရာ အစဉ်အလာကြောင့် ရဟန်းပြုသူ
  5. ဒုလ္လဘပဗ္ဗဇိတ - ရခဲသည့်ရဟန်းအဖြစ်ကို ရလိုသောကြောင့် ရဟန်းပြုသူ


[ နန္ဒာမိုးကြယ်၊ မြန်မာ့သမိုင်းဝင် သမိုင်းတင်ခဲ့သော ဖြစ်ရပ်များ ၁၀၀ စာအုပ်မှ ]

No comments:

Post a Comment

 
Web Statistics