Tuesday, December 18, 2012

ညှို့ မဂ္ဂဇင်း နှင့် မြန်မာ့အလင်းအာဘော်


ကျွန်တော့်စိတ်ထဲမှာ ကြိုတင်မျှော်လင့်ထားပြီးသားမို့ မအံ့သြပေမယ့် စိတ်ထဲမှာ ၀မ်းသာသွားမိတာတော့ အမှန်ပါပဲ။ သြော်.... မြန်မာ့အလင်းသတင်းစာမှာ ပါလာတဲ့ ဆောင်းပါးတစ်ပုဒ်အကြောင်းကို ပြောနေတာပါ။ ညှို့မဂ္ဂဇင်းကို ဖတ်ရကတည်းက အဲဒီလိုတော့ ဖြစ်လာနိုင်တယ်လို့ တွေးမိပါတယ်။ ရေးလည်းရေးသင့်တယ်လို့ ထင်မိလို့ပါ။ အဲဒီအတွက်လည်း မြန်မာ့အလင်းသတင်းစာက စာတည်းအဖွဲ့ကို ကျေးဇူးတင် အသိအမှတ်ပြုပါကြောင်း ဒီနေရာကနေ မှတ်တမ်းတင်လိုက်ပါရစေ။ ကိုယ့်ရဲ့ ကြိုတင်မှန်းဆချက် မှန်ခဲ့တဲ့အတွက်လည်း ကျေနပ်မိတာကို ၀န်ခံပါတယ်။

တစ်ဦးနဲ့တစ်ဦး အမြင်အမျိုးမျိုး၊ ခံယူချက်အမျိုးမျိုးမို့ မင်းမှားတယ်၊ ငါမှန်တယ်လို့ ဒီနေရာမှာ အငြင်းမပွားလိုပါဘူး။ ကျွန်တော့်ရဲ့ မြန်မာ့သွေး စာဖတ်သူတွေအားလုံးဟာ အရွယ်ရောက်ပြီးတဲ့ ခေတ်ပညာတတ် လူငယ်တွေများတာမို့ ကိုယ့်အသိဉာဏ်နဲ့ကိုယ်၊ ကိုယ့်ဆင်ခြင်ဉာဏ်နဲ့ကိုယ် ဝေဖန်ပိုင်းခြားတတ်ကြလိမ့်မယ်ဆိုတာ လုံးဝ သံသယ မရှိမိပါဘူး။ အဲဒါကြောင့် ကျွန်တော်ကိုဉာဏ်ကတော့ ဒီလိုမြင်တယ်၊ ဒီလိုတွေးတယ်၊ ဒီလိုဝေဖန်တယ်လို့ မပြောလိုတော့ပါဘူး။ စာဖတ်သူတွေကပဲ နှိုင်းယှဉ်စဉ်းစားကြပါလို့ ပြောလိုပါတယ်။

ဒီနေရာမှာ ၀န်ခံချင်တာတစ်ခု ရှိပါတယ်။ မင်းလည်း အဲဒီမဂ္ဂဇင်းကို ဖတ်တာပဲ မဟုတ်လားလို့ မေးလာမယ့် လူတွေကိုပါ။ ဟုတ်ကဲ့ အမှန်အတိုင်း ကျွန်တော်ဝန်ခံပါတယ်။ အဲဒီမဂ္ဂဇင်းကို ကျွန်တော်ဖတ်ခြင်းသည် ဘာဗဟုသုတရမလဲ၊ ဘာပညာတွေ လေ့လာနိုင်မလဲဆိုတဲ့ စိတ်ကူးနဲ့ ဖတ်ခဲ့တာ မဟုတ်ပါဘူး။ ယောက်ျားတို့ရဲ့ တပ်မက်တဲ့စိတ်နဲ့ ဖတ်ခဲ့တာပါ။ ယောက်ျားတိုင်းကို ဆိုလိုတာမဟုတ်ပေမယ့် သာမန်ပုထုဇဉ်လူသား ယောက်ျားတစ်ဦးရဲ့ စိတ်ကိုဆိုလိုကြောင်း နားလည်ပေးစေလိုပါတယ်။ အဲဒီအတွက် ကျွန်တော် အဲဒီမဂ္ဂဇင်းကို မဖတ်ခဲ့ဘူးလို့ မငြင်းလိုပါ၊ ကြိုက်သလားဆိုရင် နှစ်ပိုင်းဖြေပါမယ်။ မြန်မာ့လူဘောင်အတွက် မကြိုက်ပါဘူး၊ ကျွန်တော့်အတွက်ကတော့ ယောက်ျားစိတ်နဲ့ ကြိုက်နှစ်သက်ကြောင်းပါ။ ဒါကြောင့် မကြိုက်ခြင်းသည် ကျွန်တော့်ဆင်ခြင်ဉာဏ်၊ ကျွန်တော့်ဦးနှောက်က မကြိုက်ခြင်းဖြစ်ပြီး၊ ကြိုက်ခြင်းကတော့ ကျွန်တော့်ရဲ့ တဏှာစိတ်၊ အကုသိုလ်စိတ်က ကြိုက်ခြင်းဖြစ်ကြောင်း အတိအလင်း ပြောလိုပါသည်ခင်ဗျား။

မြန်မာ့အလင်းသတင်းစာ၊ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်၊ စာမျက်နှာ ၁၀ ပါ ဆောင်းပါး (စာလုံးများကို သေချာမမြင်ရပါလျှင် မိမိစက်အတွင်းသို့ ဦးစွာသိမ်းယူပြီးမှ မြင်ကွင်းချဲ့၍ ဖတ်ရှုနိုင်ပါသည်။)


ညှို့ မဂ္ဂဇင်း Download ယူရန်။

ကျွန်တော့်သူငယ်ချင်းတွေ ပြောသည့်စကားတစ်ခွန်းကိုလည်း မမေ့မလျော့ ပြောလိုပါသေးသည်။ ကျွန်တော်က စာအုပ်ဆိုင်တွင် ညှို့မဂ္ဂဇင်းကို သွားဝယ်ရာ မရှိတော့ဘူးဟုပြောကြောင်း၊ ရောက်တာနဲ့ ချက်ချင်းကုန်သွားသည်ဟု ဆိုင်မှပြောလိုက်သည့်အကြောင်းကို ပြောပြဖြစ်ပါသည်။ ထိုအခါ သူငယ်ချင်းများက အကြံပေးပါသည်။ အဲဒီမဂ္ဂဇင်းကို စာအုပ်ဝယ်ပြီး သို့မဟုတ် ငှားပြီး ဖတ်ဖြစ်အောင် ဖတ်ပါတဲ့။ အွန်လိုင်းမှာတင်ထားတဲ့ PDF ဖိုင်ထက် အများကြီး ပိုလန်းသည်ဟု ဆိုပါသည်။ ဟုတ်မဟုတ် စာအုပ်မူရင်းနှင့် ဖတ်ဖူးသူများက ပိုသိပါလိမ့်မည်။ ကျွန်တော်ကတော့ ယခုအချိန်အထိ PDF ဖိုင်ဖြင့်သာ ဖတ်ဖူးသေးကြောင်းပါခင်ဗျား။

မြန်မာအွန်လိုင်းရပ်ဝန်း ထုံးစံအတိုင်း ထိုမဂ္ဂဇင်း၏ မူလတင်ပေးသူသည် မည်သူမှန်း မသိတော့ပါ။ တစ်ယောက်တစ်ဆင့်ဖြင့် ကူးယူဖြန့်ဝေလာခဲ့ရာ ဟိုလူကလည်း သူတင်ခဲ့သလိုလို၊ ဒီလူကလည်း သူတင်ခဲ့သလိုလိုမို့ ဘယ်သူတင်ခဲ့ကြောင်းကို ကျွန်တော်သေချာမသိပါ။ သို့သော် အထောက်အထား အချက်အလက် အချို့အရ နှာသခင် (ဒို့တဏှာအစည်းအရုံး) က တင်တာလို့ သိရပါတယ်။ ဘယ်သူမှန်း မသိပေမယ့် အွန်လိုင်းမှာ ဖတ်ခွင့်ရအောင် လုပ်ပေးခဲ့တဲ့အတွက်တော့ ကျေးဇူးတင်လိုက်ပါတယ်ဗျာ။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်၊ အင်္ဂါနေ့။
နံနက် ၆ နာရီ ၆၉ မိနစ်တွင်ပြီး၏။ 

No comments:

Post a Comment

 
Web Statistics