Wednesday, December 05, 2012

တရားဥပဒေစိုးမိုးရေးနှင့် ငြိမ်ဝပ်ပိပြားရေး (Law and Order)


ကွန်ဆာဗေးတစ်များရော လစ်ဘရယ်များကပါ တရားဥပဒေစိုးမိုးရေးသည် နိုင်ငံတစ်နိုင်ငံအတွက် အရေးအကြီးဆုံးဟု လက်ခံကြသည်။ တရားဥပဒေစိုးမိုးရေး မရှိလျှင် မင်းမဲ့တိုင်းပြည်ဟု ဆိုကြသည်။ အစိုးရဟူ၍ရှိသော်လည်း အစိုးရက တရားဥပဒေစိုးမိုးရေးကို မဆောင်ရွက်နိုင်လျှင်၊ သို့တည်းမဟုတ် အစိုးရက တရားဥပဒေအပေါ်က လွှမ်းမိုးနေလျှင်လည်း မင်းမဲ့တိုင်းပြည်ပင်ဖြစ်သည်။ တရားဥပဒေစိုးမိုးရေး၏ အဓိကလက္ခဏာမှာ ပြစ်မှုဆိုင်ရာဥပဒေများနှင့် တရားမဥပေဒများနှင့်အညီ ပုံမှန်ဆောင်ရွက်မှုများ ရှိနေရမည်။ တရားရုံးများသည် လွတ်လပ်ရမည်။ ဥပဒေအတိုင်း အရေးယူဆောင်ရွက်သော ရဲအဖွဲ့၏ လုပ်ငန်းများ ပုံမှန်လည်ပတ်နေရမည်။

ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်သည် တရားဥပဒေစိုးမိုးရေးရှိမှ အကောင်အထည်ပေါ်နိုင်သည်ဟု ဆိုသ်ည။ ၁၉၆၈ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် အမေရိကန် အင်ဒီပင်းဒင့်ပါတီ၏ ကိုယ်စားလှယ်လောင်းအဖြစ် ဂျော့ဝေါလေ့စ် ၀င်ပြိုင်ခဲ့ရာတွင် တရားဥပဒေစိုးမိုးရေးကို နိုင်ငံရေးကြွေးကြော်သံအဖြစ်တင်၍ မဲဆွယ်လှုံ့ဆော်ခဲ့သည်။ ဗြိတိန်တွင်လည်း ကွန်ဆာဗေးတစ်ပါတီသည် တရားဥပဒေစိုးမိုးရေးကို ရွေးကောက်ပွဲ ကြွေးကြော်သံအဖြစ်တင်၍ လှုံ့ဆော်လေ့ရှိသည်။

[မောင်ဝံသ၊ ခေတ်မီနိုင်ငံရေးဝေါဟာရအဘိဓာန်၊ စာမျက်နှာ-၂၉၉၊ ၃၀၀]

No comments:

Post a Comment

 
Web Statistics