ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
အမိန့်ကြော်ငြာစာ
အမှတ်၊ ၉ /၂၀၁၃
၁၃၇၄ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၁ ရက်
(၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ ၈ ရက်)
လာဘ်ပေးလာဘ်ယူမှု အရေးယူဆောင်ရွက်ရေးကော်မတီဖွဲ့စည်းခြင်း
ပြည်ထောင်စုအစိုးရအဖွဲ့သစ် တာဝန်ယူပြီးနောက် ကောင်းမွန်သောအုပ်ချုပ်မှုစနစ်နှင့် သန့်ရှင်းသောအစိုးရ ဖြစ်ပေါ်ရေးအတွက် အစိုးရအဖွဲ့အစည်းများအတွင်း အဂတိတရားများ ကင်းရှင်းရေးနှင့် လာဘ်ပေးလာဘ်ယူမှုများ ပပျောက်စေရေးတို့အတွက် "လာဘ်ပေးလာဘ်ယူမှု အရေးယူဆောင်ရွက်ရေးကော်မတီ" ကို အောက်ပါအတိုင်း ဖွဲ့စည်းလိုက်ပါသည် -
(၁) ဒေါက်တာ စိုင်းမောက်ခမ်း ဥက္ကဋ္ဌဒုတိယသမ္မတ
(၂) ဒုတိယဗိုလ်ချုပ်ကြီး ကိုကို အဖွဲ့ဝင်
ပြည်ထောင်စုဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးဌာန
(၃) ဦးသိန်းညွန့် အဖွဲ့ဝင်
ပြည်ထောင်စုဝန်ကြီး၊ သမ္မတရုံးဝန်ကြီးဌာန (၁)
(၄) ဦးစိုးမောင် အဖွဲ့ဝင်
ပြည်ထောင်စုဝန်ကြီး၊ သမ္မတရုံးဝန်ကြီးဌာန (၂)
(၅) ဦးစိုးသိန်း အဖွဲ့ဝင်
ပြည်ထောင်စုဝန်ကြီး၊ သမ္မတရုံးဝန်ကြီးဌာန (၃)
(၆) ဦးတင်နိုင်သိန်း အဖွဲ့ဝင်
ပြည်ထောင်စုဝန်ကြီး၊ သမ္မတရုံးဝန်ကြီးဌာန (၅)
(၇) ဒေါက်တာ ထွန်းရှင် အဖွဲ့ဝင်
ပြည်ထောင်စုရှေ့နေချုပ်
(၈) ဦးသန်းကျော် အဖွဲ့ဝင်
နိုင်ငံတော်သမ္မတ၏ ဥပဒေအကြံပေးအဖွဲ့
(၉) ဦးလှထွန်း အတွင်းရေးမှူး
ညွှန်ကြားရေးမှူးချုပ်၊ နိုင်ငံတော်သမ္မတရုံး
(ပုံ)
သိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
No comments:
Post a Comment