Friday, February 08, 2013

သံပုရာသီးချဉ်တည်နည်း


သံပုရာသီးချဉ် အသုံးရအောင်တည်နည်းကား သံပုရာသီး အနုအနွမ်းတို့ကို မပါစေနှင့်။ ရင့်ရင့်ပြွမ်းပြွမ်း အမှည့်ဆွတ်စ လတ်လတ်ကို ပြာထည့်၍ အစပ်ရည်ကုန်အောင် လေးရက် ရေလဲ၍စိမ်လေ၊ ရက်စေ့လျှင် သံပုရာသီးကို ရေစင်အောင်ဆေး၍ နေမှာ တစ်နေ့လှမ်း၊ ခန့်ခန့်ထပ်ထပ်ရှိလျှင် ဆားရည်နှင့် နှစ်ရက်၊ သုံးရက် စိမ်ပြန်၊ သုံးရက်စေ့လျှင် နေပူလှမ်း၊ ခန့်ခန့်ထပ်ထပ်ရှိလျှင် လေးစိတ်ခွဲ၊ ဆားငန်ငန်သွပ်၍ နေမှာ တစ်နေ့လှမ်းပြီးလျှင် ငါးမြင်းရင်းငါးပိ၊ ငါးပတ်ငါးပိအသားကောင်း၊ ကြက်သွန်ဖြူ၊ ငရုတ်ကောင်းကျို၍ ဆီးကို ကျက်စွာချက်၊ ဆီကျက်အေးနှင့်ဖျော်၊ သည်အရည်နှင့် သံပုရာသီး လေးစိတ်ခွဲထဲကို ၀င်အောင်နယ်၍ အိုးသန့်သန့်တွင် ကြပ်ကြပ်သိပ်၊ အပေါ်ကို ဖက်လုံစွာပိတ်၊ ကုပ်ကြပ်ကြပ်နှိပ်၊ ဆီကျက်၊ ဆားရည်ဖျော်၍ အပေါ်က တင်၊ တစ်နှစ် နှစ်နှစ် ခံ၏။ ချက်ဖယောင်းကဲ့သို့ နူးနပ်သည်။ အရသာလည်း လေးလေးကောင်းလှသည်။

သံပုရာသီးမှည့် အကောင်းတည်နည်းပြီး၏။

[ရှေးမြန်မာ စားတော်ကဲ၊ စားတော်ဆက်၊ စားဖိုသည် တို့၏ မြန်မာစားတော်ချက်ကျမ်း မှ ပြန်လည်ကူးယူ ဖော်ပြပါသည်။]

No comments:

Post a Comment

 
Web Statistics