Thursday, March 21, 2013

မိတ္ထီလာ ပြီးရင်.....


မိတ္ထီလာမှာဖြစ်တဲ့ကိစ္စ
မနေ့ကတစ်ရက်လုံး သတင်းတွေ ဟိုမှသည်မှ တက်နေတာကို တစ်နေကုန် စောင့်ဖတ်ဖြစ်ပါတယ်။ ဖတ်ရင်းနဲ့ စိတ်ညစ်ရသလို၊ စိတ်လည်းတိုရတယ်။ စိတ်ညစ်ရတာက ထစ်ခနဲရှိတာနဲ့ မင်းမဲ့စရိုက်ဆန်ဆန် လုပ်နေကြတဲ့ လုပ်ရပ်တွေအတွက် တွေးပူမိလို့ ဖြစ်ပါတယ်။ စိတ်တိုရတာကတော့ တက်လာသမျှ သတင်းတွေဟာ ခံစားမှုကိုအခြေခံတဲ့ အတင်းတွေသာ (သတင်းအဆင့် မမီပါ) ဖြစ်နေလို့ပါပဲ။ ဖေ့စ်ဘုတ်လိုမျိုး လူမှုစာမျက်နှာတွေ သုံးနေတဲ့ သာမန်လူတွေက သူတို့မြင်သမျှ၊ သူတို့ကြားသမျှ၊ သူတို့ထင်သမျှ၊ သူတို့တွေးသမျှကို စိတ်ထဲရှိတဲ့အတိုင်း ရေးကြပြောကြတာ အပြစ်ဆိုဖွယ် မရှိပါဘူး (အပြစ်တော့မကင်းပါ)။ ဒါပေမယ့် တရားဝင်ဂျာနယ် ထုတ်ဝေနေတဲ့ သတင်းဌာနတွေက သူတို့ရဲ့ အင်တာနက်စာမျက်နှာတွေမှာ အကြားသတင်း၊ အထင်သတင်း၊ အတင်းသတင်းတွေကို စိတ်ရှိတိုင်း တင်နေတာကတော့ မဖြစ်သင့်တဲ့ကိစ္စလို့ ပွင့်ပွင့်လင်းလင်း ဝေဖန်ချင်ပါတယ်။ မီဒီယာဆိုတဲ့ အဓိပ္ပါယ်ကို သူတို့တွေ နားလည်ဖို့ လိုနေပြီလို့ ကျွန်တော်ကိုဉာဏ် မြင်မိပါတယ်။

တကယ့်အဖြစ်မှန်ကို သိရဖို့
မြန်မာနိုင်ငံမှာ တစ်ခုခုဖြစ်ရင် သတင်းထုတ်ပြန်တာ နောက်ကျတယ်လို့ အမြဲတမ်းဝေဖန်ခံရပါတယ်။ ဒါလည်း မှန်သင့်သလောက် မှန်ပါတယ်။ ကျွန်တော်တို့နိုင်ငံဟာ အခြားသော ဖွံ့ဖြိုးပြီးနိုင်ငံကြီးများကဲ့သို့ အသားကျနေတဲ့ စနစ်တွေ မရှိသေးတာကို ကျွန်တော်တို့ နားလည်ဖို့လိုပါတယ်။ ပြီးတော့ အစိုးရက ထုတ်ပြန်တဲ့သတင်းဆိုတာ အခုဂျာနယ်ထုတ်နေတဲ့ သတင်းဌာနတွေက အင်တာနက်ပေါ်မှာ ရေးသလို ဟိုလူ့ကိုမေး၊ ဒီလူ့ကိုမေးနဲ့ ထင်ရာရေးလို့ရတာ မဟုတ်ပါဘူး။ တာဝန်ခံယူ၊ တာဝန်ယူမှုဆိုတာ ရှိပါတယ်။ ပုဂ္ဂလိကသတင်းဌာနတွေက မှားယွင်းရေးသားမိရင်တောင် ဆောရီးဆိုတဲ့စကား၊ တောင်းပန်အပ်ပါသည် ဆိုတဲ့စကားကို ဂျာနယ်တစ်နေရာမှာ မထင်မရှားလေး ထည့်ပေးလိုက်ရုံနဲ့ ပြီးသားတတ်ပါတယ်။ အစိုးရက ထုတ်ပြန်တဲ့သတင်းဆိုတာက အမှားအယွင်း မခံပါဘူး။ ဂျာနယ်တိုက်တွေကသာ မှားယွင်းရင် ဆောရီးတစ်ခွန်းနဲ့ ပြီးနေပေမယ့် အစိုးရက သတင်းထုတ်ပြန်ချက်များ မှားခဲ့မယ်ဆိုရင် အဲဒီဂျာနယ်တွေကပဲ ၀ိုင်းပြီးတော့ ဆွမ်းကြီးလောင်းကြဦးမှာပါ။ အဲဒီအတွက် အုပ်ချုပ်ရေးပိုင်းက တာဝန်ရှိသူတွေဟာ စိစစ်တာ၊ စစ်ဆေးတာ၊ မေးမြန်းတာ၊ အတည်ပြုတာ၊ အမှုတည်ဆောက်တာ၊ သတင်းထုတ်ပြန်တာ လုပ်ရပါတယ်။ လုပ်နည်းအဆင့်တွေ များပေမယ့် ထုတ်ပြန်တဲ့ သတင်းကလည်း တန်ဖိုးရှိတဲ့သတင်း ဖြစ်လေ့ရှိပါတယ်။ အဲဒါကြောင့်လည်း ဘယ်သူရေးတဲ့ သတင်းကိုမျှ မယုံကြည်ဘဲ သတင်းမှန်၊ တစ်နည်း တကယ့်အဖြစ်မှန်ကို သိရဖို့အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်မယ့် သတင်းကို စောင့်နေခဲ့တာပါ။

ဖြစ်ပျက်ခဲ့သမျှ
နေ့ရက် - ၂၀-၃-၂၀၁၃
နေရာ - မိတ္ထီလာမြို့၊ ဈေးအရှေ့ပြင်ရပ်ရှိ <နယူးဝိန့်စိန် ရွှေဆိုင်>
ပါဝင်သူများ - ဆိုင်ရှင် ဒေါ်မြင့်မြင့်အေး၊ ဆိုင်ရှင်၏ သားမက်ဖြစ်သူ ထွန်းထွန်းဦး (ခ) အာရှစ်၊ ဆိုင်လုပ်သား ညီညီ (ခ) မင်းအောင်၊ ရွှေလာရောင်းသူလင်မယား ဦးခင်မောင်ဝင်း၊ ဒေါ်အေးနိုင်၊ မညိုညိုသန်း
ဖြစ်စဉ် - လာရောက်ရောင်းချသော ရွှေဆံထိုးအား ရွှေဆိုင်က မှတ်ကျောက်တင်ရန် ယူသွားခဲ့ပြီးနောက် ပြန်လည်ရောက်ရှိရာတွင် ဆံထိုးမှာ ပဲ့နေခဲ့သည်ဟုဆိုသည်။ ထိုကဲ့သို့ ပဲ့နေသဖြင့် ဈေးနှိမ်ရာမှ ဆိုင်ရှင်နှင့် ရောင်းဝယ်သူအကြား ပဋိပက္ခဖြစ်ပွားသည်ဟု ယူဆရသည်။ ထွန်းထွန်းဦးနဲ့ ညီညီက ရွှေလာရောင်းတဲ့ ဦးခင်မောင်ဝင်းကို လက်သီးနဲ့ထိုး တုတ်နဲ့ရိုက် လုပ်ကြတယ်လို့ သတင်းကဆိုတယ်။ အဲဒါကိုကြားတဲ့ ပတ်ဝန်းကျင်ကလူတွေ ရောက်လာကြပြီး ရွှေဆိုင်တွေကို ဖျက်ဆီးကြသတဲ့။ နောက်တော့ ဈေးအနောက်ဘက်မှာရှိတဲ့ ပါကစ္စတန်ဂျာမေ့ဗလီကိုလည်း ဖျက်ဆီးမှုတွေ ပြုလုပ်ခဲ့ပါသတဲ့။ ညပိုင်းမှာတော့ ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့တယ်။
(ရဲတပ်ဖွဲ့ရဲ့ စာမျက်နှာကရေးတဲ့ သတင်းကို အောက်မှာဖတ်ပါ။ ကျွန်တော့်မှာ ချီးကျူးမယ်လို့မှ မဆုံးသေးဘူး။ ရဲတပ်ဖွဲ့က ရေးထားတဲ့ သတင်းကိုဖတ်ပြီး အတော်စိတ်ညစ်သွားတယ်။ အဲဒီလောက်တောင် အရေးအသား မပြေမပြစ်နဲ့ ဖတ်လို့ နားမလည်အောင် ရေးတဲ့နည်းကို သွားတောင် သင်လိုက်ချင်သေးတယ်။ တကယ်ပဲ... စိတ်လေတယ်...)

ဘာသာရေးက ပါလာပြန်ပြီ
လက်ရှိအချိန်မှာ မြန်မာနိုင်ငံအတွက် အရေးအကြီးဆုံး ပြဿနာဟာ ဘာသာရေးဆိုင်ရာ သွေးထိုးမှုတွေလို့ ကျွန်တော်ကိုဉာဏ် လေးလေးနက်နက် သုံးသပ်ချင်ပါတယ်။ လက်နက်ကိုင်ကိစ္စတွေ၊ ငြိမ်းချမ်းရေးကိစ္စတွေထက် ပိုပြီးတော့ အကဲဆတ်ပါတယ်၊ ပိုပြီးတော့ ထိလွယ်ရှလွယ်ပါတယ်၊ ပိုပြီးတော့ သက်ရောက်မှုပြင်းပါတယ်၊ ပိုပြီးတော့ အန္တရာယ်များပါတယ်။ နိုင်ငံရေးအမြတ်ထုတ်လိုမှုနဲ့ ဘာသာရေးဆိုင်ရာ လှုံ့ဆော်မှုတွေ၊ သွေးထိုးမှုတွေ၊ ၀ါဒဖြန့်မှုတွေ ပြုလုပ်နေတဲ့သူတွေကို ထိထိရောက်ရောက် ကိုင်တွယ်ဆောင်ရွက် သင့်နေပါပြီ။ ကိုယ်တွေမြန်မာလူမျိုးက ဘာသာရေးဆိုတာနဲ့ အင်မတန်မှကို သွေးကြွလွယ်ပါတယ်၊ မှန်တာ မမှန်တာကို နောက်မှာထား၊ ဘာသာရေးနဲ့ပတ်သက်တဲ့ ကောလာဟလ သတင်းတစ်ခုခု ကြားလိုက်ပြီဆိုတာနဲ့ စဉ်းစားဆင်ခြင်တာကနောက် လက်သီးလက်မောင်း တန်းလိုက်တာ၊ သွေးဆူလိုက်တာက အရင်ဖြစ်သည်။ နိုင်ငံရေးခုတုံးသမားများ၊ တောကြောင်များ၊ ဆူပူအုံကြွအောင် သွေးထိုးလိုသူများ၊ ဖျာခင်းလိုသူများက အဲဒီအချက်ကို ကောင်းကောင်းကို သဘောပေါက်ထားသည်။ ထို့ကြောင့် ထစ်ခနဲရှိ တစ်ခုခုဆိုတာနဲ့ ဘာသာရေးဆိုတာကို ဆွဲထည့်လာကြသည်။ Campaign တွေ တစ်ခုပြီးတစ်ခု ဖန်တီးလာကြသည်။ အင်း... တွေးကြည့်ရင် ရင်လေးစရာ ဖြစ်ပါသည်။ သမိုင်းမှာ ဖတ်ခဲ့ရတဲ့ ခရူးဆိတ်စစ်ပွဲတွေကို ဘယ်သူက ၀မ်းသာအားရ သိပ်ကောင်းတာပဲ၊ ဖြစ်သင့်တာပေါ့ဟု ယုံကြည်ခဲ့ဖူးပါသလဲ။ ကျွန်တော်တို့တွေ မအ,သင့်တော့ပါ။ သင်ခန်းစာတွေ ယူသင့်ပါသည်။

မင်းမဲ့စရိုက်ပဲ၊ အကြမ်းဖက်မှုပဲ
ရွှေဆိုင်မှာ ရိုက်နှက်ခံရတယ်ဆိုရင် တရားဥပဒေအရ ရင်ဆိုင်လို့ရပါတယ်။ ရွှေဆိုင်က လိမ်လည်တယ်ဆိုရင် ဥပဒေအရ ဖြေရှင်းလို့ရပါတယ်။ ရောင်းတဲ့လူက လိမ်လည်တယ်ထင်ရင်လည်း ဥပဒေအရ ဖြေရှင်းနည်းတွေ ရှိတာပါပဲ။ သတင်းတွေ ဖတ်ရတာအရ ရွှေဆိုင်ပိုင်ရှင်တွေဘက်က ထိုးကြိတ်ရိုက်နှက်ခဲ့တာ မှန်တယ်ဆိုရင်တော့ ဒါဟာ ဥပဒေကို ချိုးဖောက်တာပါပဲ။ နိုင်ထက်စီးနင်း လုပ်တာပါပဲ။ တရားဥပဒေအရ အရေးယူရပါတယ်။ ဒီသတင်းကိုကြားပြီး ဘာဖြစ်တာမှန်း သေသေချာချာ မသိဘဲ ကုလားက မြန်မာကို ရိုက်တာတဲ့ကွဆိုပြီး ဆိုင်ဆိုင်မဆိုင်ဆိုင် ကုလားဆိုင်တွေ ဖျက်ဆီးတယ်၊ တွေ့သမျှကုလားကို ရိုက်တယ်ဆိုတာတော့ ဥပဒေကို ချိုးဖောက်ရုံတင် မဟုတ်ပါဘူး။ မင်းမဲ့စရိုက်ပါ ဆန်သွားပါတယ်။ ပိုဆိုးတာက ရွှေဆိုင်မှာဖြစ်တဲ့ ပြဿနာကို အရင်းခံပြီး ဘာသာခြားတို့ ၀တ်ပြုရာ ဗလီကို ဖျက်ဆီးမီးရှို့တယ် ဆိုတာပါပဲ။ မလုပ်သင့်တဲ့ အလုပ်ပါ။ အမုန်းခံပြီးပြောရရင်တော့ ဒါဟာ အကြမ်းဖက်မှုပါ။ လူယဉ်ကျေးတွေရဲ့ လုပ်ရပ်မဟုတ်ပါဘူး။ ဗုဒ္ဓမြတ်စွာရဲ့ လမ်းစဉ်မဟုတ်ပါဘူး။ ဘယ်သူတော်ကောင်းကမျှ ၀မ်းသာအားရ ချီးကျူးအားပေးမယ့်ကိစ္စ မဟုတ်ပါဘူး။

ပြီးတာနဲ့ပဲ ပြီးပါစေ
အခုတော့ ရဲတပ်ဖွဲ့ကလည်း တာဝန်ရှိတဲ့အတိုင်း ဥပဒေအရ ဆက်လက်ဆောင်ရွက်နေကြပြီ ဖြစ်တယ်လို့ သိရပါတယ်။ ဖြစ်ပွားတဲ့နေရာဝန်းကျင် လုံခြုံရေးကိုလည်း တာဝန်ယူထားပြီလို့ သတင်းတွေမှာ ဖတ်ရပါတယ်။ လူတွေနေထိုင်တဲ့ ပတ်ဝန်းကျင်မှာ အမှုအခင်းတွေရှိတာ မဆန်းပါဘူး။ အဲဒါကြောင့်လည်း ရဲဆိုတာတွေ၊ တရားသူကြီးဆိုတာတွေ၊ တရားရုံးဆိုတာတွေ၊ အချုပ်/ထောင် ဆိုတာတွေ၊ ဥပဒေဆိုတာတွေ ရှိနေတာပါပဲ။ လိုအပ်လို့ ရှိနေတဲ့ အရာတွေက လိုအပ်တဲ့အတိုင်း ဆက်လက်ဆောင်ရွက်သွားပါလိမ့်မယ်။ ဒါကိုကပဲ တရားဥပဒေစိုးမိုးရေး ဖြစ်ပါတယ်။ အရိုင်းအစိုင်းခေတ်ကလို လက်ပါရင် လက်နဲ့ချမယ်၊ ခဲရှိရင် ခဲနဲ့ထုမယ်၊ ဓားရှိရင် ဓားနဲ့ခုတ်မယ် ဆိုတာမျိုးတော့ ဒီနေ့ခေတ်မှာ မရှိသင့်တော့ပါဘူး။ ရှိနေရင်လည်း အားမပေးသင့်ပါဘူး။ ၀င်မပါသင့်ပါဘူး။ ၀မ်းသာမနေသင့်ပါဘူး။ တားရပါမယ်၊ ပြောရပါမယ်၊ ဝေဖန်ရပါမယ်။ အခုဖြစ်သွားတာကို အရင်းတည်ပြီး နောက်ဆက်တွဲ ပြဿနာတွေ၊ အဓိကရုဏ်းတွေ၊ ပဋိပက္ခတွေ၊ ဆူပူမှုတွေ မဖန်တီးပါနဲ့လို့ ဒီနေရာကနေ တောင်းပန်လိုပါတယ်။ ပြီးတာတွေလည်း ပြီးပါစေ။

ဝေဖန်မှုတွေကို ကြိုဆိုလျက်ပါ
ကိုဉာဏ်ဆိုတဲ့ကောင်ဟာ ကုလားပဲ၊ ကုလားအားပေးပဲလို့ မျက်စိမှိတ်ပြီး ပုတ်ခတ်လာမှာတွေ၊ ဆွမ်းကြီးလောင်းလာမှာတွေကိုလည်း ကြိုဆိုနေပါတယ်။ မိရိုးဖလာနဲ့ ထေရ၀ါဒကိုတောင် ကွဲကွဲပြားပြား မခွဲခြားတတ်ဘဲ၊ ကံငါးပါးကိုတောင် လုံခြုံအောင် မထိန်းနိုင်ဘဲ ဘာသာရေးကို ကာကွယ်နေသယောင်ယောင်၊ စိတ်ပူနေသယောင်ယောင် လူတတ်ကြီးလုပ်နေတဲ့ လူတွေရဲ့ ပြောလာမယ့်စကားတွေကို ကျွန်တော်ကိုဉာဏ် တစ်စက်ကလေးမျှ နာလိမ့်မည်မဟုတ်ပါ။ ပြုံးပြုံးကြီးဖတ်ပြီး သူတို့ကို သနားနေမိမှာပါ။ ၉၆၉ လှုပ်ရှားမှုကိုလည်း ကျွန်တော်အားမပေးဘူး၊ အရဟံဆိုပြီး တံဆိပ်အမျိုးမျိုး ပုံဖော်ပြီး လှုပ်ရှားနေကြတာကိုလည်း သဘောမကျဘူး။ ထေရ၀ါဒမှာ ၉၆၉ ဆိုတဲ့ သင်္ကေတမရှိဘူး၊ အရဟံဆိုပြီး ဒီဇိုင်းအမျိုးမျိုးနဲ့ ဆွဲနေတဲ့ သင်္ကေတတွေ မရှိဘူး (အရဟံဆိုတာကတော့ ရှိပါတယ်။ ကျွန်တော်ပြောတာက ဟ ကို အကြီးကြီးရေး၊ အထဲမှာ အ သေးသေးလေးထည့်၊ ရ သေးသေးလေးထည့် စတဲ့ သင်္ကေတတွေကို ပြောတာပါ)။ ဘာသာရေးကို စော်ကားဖျက်ဆီးနေတဲ့အထဲမှာ ကုလားတွေ၊ ဘာသာခြားတွေ ပါမပါဆိုတာ နောက်မှာထား၊ အဲဒီလှုပ်ရှားမှုတွေ လုပ်နေသူတွေကိုယ်တိုင်က ဘာသာရေးကို နားမလည်ပါးမလည်နဲ့ ထေရ၀ါဒ ဗုဒ္ဓဘာသာကို ဖျက်ဆီးနေကြသူတွေလို့ ကျွန်တော်က ဒီနေရာကနေ ပြောချင်တယ်ဗျာ။ စာတတ်ပေတတ် ရဟန်းသံဃာတွေဆီမှာ ချဉ်းကပ်ပြီး မေးမြန်းလျှောက်ထားကြည့်ကြပါ၊ ထေရ၀ါဒ စာအုပ်စာပေတွေကို လေ့လာဖတ်ရှုကြပါလို့ တိုက်တွန်းလိုပါတယ်။

ဒီမိုကရေစီခေတ်ကို ရောက်ချင်သတဲ့လား
ဒီမိုကရေစီခေတ်ကို ရောက်ချင်တယ်လို့ ပါးစပ်ကနေ တတွတ်တွတ်အော်ပြီး ရင်ထဲအသည်းထဲမှာ လူရိုင်းခေတ် အတွေးအခေါ်၊ ခံစားချက်ပဲ ရှိနေဦးမယ်ဆိုရင်တော့ သိပ်မနိပ်လှပါဘူးဗျာ။ မာစီးဒီးကားကြီးစီးပြီး ပြောင်းဖူးဖက်ဆေးလိပ်ကြီး တဖွာဖွာနဲ့ ဆေးလိပ်ပြာတွေကို ဒီအတိုင်းခြွေချနေတာ၊ ကြယ်ငါးပွင့်ဟိုတယ်ကြီးပေါ်တက် အကောင်းဆုံးအစားအစာတွေမှာပြီး ပါးစပ်ကတပျပ်ပျပ်နဲ့ စားနေတာ၊ ပန်းခြံထဲမှာ မြက်ခင်းပေါ်မှာ လမ်းလျှောက်ပြီး ကွမ်းသွေးကို ပျစ်ခနဲထွေးနေတာ၊ စတဲ့စတဲ့ မြင်ကွင်းတွေဟာ သဟဇာတ သိပ်မဖြစ်လှဘူးလို့ မထင်မိဘူးလားဗျာ။ ဘာကိစ္စထင်ရမှာလဲ... ကိုယ့်ဘာသာကိုယ် လွတ်လွတ်လပ်လပ် လုပ်ချင်တာ လုပ်မှာပေါ့လို့ ဖြေခဲ့မယ်ဆိုရင်လည်း ဟုတ်ကဲ့... ကျွန်တော်ကိုဉာဏ် ဘာမျှမပြောလိုတော့ပါ။ ဘိုဘိုရဲ့ သီချင်းတစ်ပိုင်းတစ်စက ပါးစပ်ဖျား ရောက်လာတဲ့အတွက် နိဂုံးချုပ်အနေနဲ့ ထည့်ရေးလိုက်ပါရစေဦး။ "ရွှေပြည်တော်ရယ်... မျှော်နေလည်းဝေး... ဓူဝံကြယ်စင် မြင်နေလည်းဝေး....."။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၃ ခုနှစ်၊ မတ်လ ၂၁ ရက်၊ ကြာသပတေးနေ့။
မွန်းလွဲ ၁၂ နာရီ ၁၀ မိနစ်တွင် ပြီး၏။

12 comments:

  1. မြန်မာတွေပြန်လုပ်တော့မင်းမဲ့စရိုက်ဆန်တယ်တဲ့လား
    စဉ်းစဉ်းစားစားမျှမျှတတလည်းရေးပါအုံး
    အဲဒီစကားရခိုင်ပြည်နယ်မှာသွားပြောပါလား
    ပြဿနာဖြစ်ရင်ကိုယ်နဲ့မဆိုင်သလိုနေကြလို့
    မြန်မာတွေစည်းရုံးမှုမရှိတာ၉၆၉ရဲ့င်္သကေတဆိုတာ
    ဘုရားဂုဏ်တော်(၉)ပါး၊တရားဂုဏ်တော်(၆)ပါး၊သံဃာဂုဏ်တော်(၉)ပါးဖြစ်
    ပါတယ်။

    ReplyDelete
    Replies
    1. Anonymous6:28 PM

      - ဘယ်သူလုပ်လုပ် မင်းမဲ့စရိုက် ဆန်ပါတယ်။
      - ရခိုင်ပြည်မှာ ဘာလို့ သွားပြောရမှာလဲ။
      - "၉၆၉ရဲ့င်္သကေတဆိုတာ ဘုရားဂုဏ်တော်(၉)ပါး၊တရားဂုဏ်တော်(၆)ပါး၊သံဃာဂုဏ်တော်(၉)ပါးဖြစ်
      ပါတယ်။" - ဆိုမှတော့ ၉၆၉ ဆိုတာဟာ အခုမှ တီထွင်လိုက်တာလို့ ဝန်ခံလိုက်တာလား။ ဒါဆို ကိုဥာဏ်ပြောတာ ဘာမှားလို့လဲ။
      - ကိုယ့်စကားကိုယ် ပြန်ဖတ်မိရဲ့လား၊ "စဉ်းစဉ်းစားစား မျှမျှတတလည်းရေးပါအုံး" တဲ့။

      ေေေ

      Delete
  2. ကွန်းမန့်တွေအတွက် လေးလေးစားစား ပြန်ကြားအပ်ပါတယ်။
    ပထမဆုံး ကျွန်တော့်စာတွေကို ဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
    ဒုတိယအချက်၊ ကျွန်တော်တို့အားလုံး သတင်းကို သတင်းလို မြင်ကြကြည့်ကြစေချင်ပါတယ်။
    ကုလားကကွာ၊ မြန်မာကိုကွာ၊ ဗုဒ္ဓဘာသာကိုကွာ၊ သံဃာကိုကွာ စတဲ့ အစွဲတွေကို ခဏလေး ခွာကြည့်ကြစေချင်ပါတယ်။ မဟုတ်ရင် မျက်စိရှေ့မှာ တစ်ခုခုခံပြီး ကြည့်သလိုမျိုး ကြည်ကြည်လင်လင် မမြင်နိုင်ဘူး ဖြစ်နေပါလိမ့်မယ်။
    ကျွန်တော်က ကုလားတွေလုပ်ရပ်ကို မှန်တယ်လို့ ပြောနေတာမဟုတ်သလို၊ မြန်မာတွေ အသုံးမကျဘူးလို့ စော်ကားနေတာလည်း မဟုတ်ပါ။ တရားဥပဒေကို လျစ်လျူရှုပြီး ကိုယ့်စိတ်ထဲမှာ ခံစားရတဲ့အတိုင်း လုပ်ချင်ရာ လုပ်နေကြတာတွေကို ရှုံ့ချတာပါ။
    အခု အဖြစ်အပျက်နဲ့ပတ်သက်ပြီး စုံစမ်းရေးကော်မရှင် ဖွဲ့ထားပြီးပါပြီ။ အဖြစ်မှန်ကို ဖော်ထုတ်ကြပါလိမ့်မယ်။
    အဲဒီအခါ ဘယ်သူကမှားတယ် ဘယ်သူကမှန်တယ်၊ နောက်ကွယ်မှာ ဘာတွေရှိနေတယ်ဆိုတာ သိခွင့်ရပါလိမ့်မယ်။
    ပြဿနာကို မကြီးကြီးအောင်လုပ်တာဟာ ကောင်းတယ် မကောင်းဘူးဆိုတာ ကိုယ့်အသိဉာဏ်နဲ့ကိုယ် စဉ်းစားကြစေချင်ပါတယ်။
    အခုလို ဖြစ်ပျက်နေတာတွေဟာ ကောင်း၏ မကောင်း၏ဆိုတာ မိတ္ထီလာမှာရှိတဲ့ အသိမိတ်ဆွေတွေ၊ ဆွေမျိုးတွေ၊ သူငယ်ချင်းတွေ၊ မကင်းရာမကင်းကြောင်းတွေကို မေးကြည့်ပါ။ လူတွေအားလုံး ကျီးလန့်စာစားနဲ့ စိတ်ထဲမှာ မလုံမခြုံ ခံစားနေရတာဟာ ဘယ်လောက်ဆိုးဝါးတဲ့ ခံစားချက်လဲဆိုတာ ကိုယ်ချင်းစာကြည့်စေချင်ပါတယ်။ အလုပ်အကိုင်တွေပျက်၊ ကလေးတွေ ကျောင်းစာသင်ပျက်၊ လက်လုပ်လက်စားတွေ ဆန်ပြုတ်သောက်၊ အပြင်မထွက်ရ၊ ညမထွက်ရနဲ့ ဘယ်လောက်အထိ ပြည်သူတွေ ဒုက္ခရောက်တယ်ဆိုတာ အင်တာနက်ပေါ်က ကိုကို၊ မမတို့ ခံစားကြည့်စေချင်ပါတယ်။ ကျွန်တော်တို့က ကွန်ပျူတာရှေ့မှာ ငုတ်တုတ်ထိုင်ပြီး အခုလို ရေးနေတဲ့အချိန်မှာ မိတ္ထီလာက ကျွန်တော်တို့မိတ်ဆွေတွေခမျာ အထုပ်အပိုးတွေပြင်၊ စိုးရိမ်စိတ်တွေဝင်၊ မလုံမခြုံဖြစ်ပြီး မီးသံချောင်းခေါက်သံကို နားစွင့်နေကြရတာပါ။
    ကျွန်တော်တို့တွေ စိတ်ခံစားချက်ကို အရမ်းကာရော ဦးစားမပေးကြဖို့အကြောင်း တောင်းပန်လိုက်ပါတယ်။
    မိတ္ထီလာ အမြန်ဆုံး ပြန်လည်အေးချမ်းပါစေ။
    ကိုဉာဏ် (ပန်းလောင်မြေ)

    ReplyDelete
    Replies
    1. Anonymous8:42 PM

      appreciate it

      Delete
    2. Anonymous8:57 PM

      ကျနော်လဲ ကိုညဏ့် ပရိတ်သတ်ပါ...
      Appreciate your advice U Nyan but we are human being and we have right to protect our country MYANMAR,

      ကဲ လူမျိုးရေး တနည်း အမျိုးသားရေး ရှုဒေါင့် က နေ စဉ်းစားဗျာ...
      ရွှေဆိုင်ပိုင်ရှင်က တောသူတောင်သားလယ်သမား မျက်နာမွဲ လင်မယားကို ဝိုင်းရိုက်...ငုံ့ခံ ပြီး ရဲစခန်း တိုင်
      ဖြေရှင်းကြ.. အလျော်လေး နဲနဲပါးပါးနဲ့ ပြီး....
      ဒီလိုသာဆို...ကိုညဏ်တွေးတတ်ပါတယ်။
      စော်ကားချင်တိုင်းစော်ကားနေတော့မှာပေါ့။ အရှည်ကြီး တော့ မရေးတော့ဘူးဗျာ ...ဆက်တွေးကြပါကုံ
      ဂျာမနီ မှာ ဘယ်မူဆလင် ဘယ်တရုတ် ဘယ်ကုလားမှ အမြီး မလှုပ်ရဲဘူး။
      ဂျာမနီမှာ မူဆလင်အများစုနေတဲ့ မြို့ကြီး မြို့ငယ်တွေမှာ ...ဗလီ မရှိဘူး... ဘုရားဝတ်တက်ဖို့ အော်တဲ့ လော်စပီကာ သံကြားဖို့ နေနေသာသာ... အိမ်ကို ဗလီအမှတ်ထားပြီး ဝတ်ပြုရတာ။
      ခရစ်ယန်ချာ့ခ်ျ က ခေါင်းလောင်းသံ သာ နားညီးအောင် ကြားရတာ...

      Delete
  3. Anonymous7:41 AM

    -ကုလားက စပြီး စော်ကား။
    -ဗမာများက မခံနိုင်လို့ ပြန်ချ။
    -ကုလားများက လူစုပြီး သူတို့(အုပ်စု)ရပ်ကွက်ထဲ ဖြတ်လာတဲ့ ဗမာ တွေကို ရိုက်၊ ဓါးနဲ့ခုတ်
    - ဘုန်းကြီိးုခုတ်မိ၊ လဲကျ ၊ ဗလီထဲ သွင်း အသေသတ်
    - ဗမာတွေက ဘုန်းကြီးကို ဒီလို လုပ်ရပါ့မလားလို့ ဒေါသထွက် ၊
    အဲဒီမှာ ဇာတ်လမ်းစတာ ကိုညဏ်ရဲ့...ဒါကြောင့် ဗလီတွေကို မီးနဲ့ ရှို့။
    တရား ဥပဒေဘောင်က စဉ်းစားရအောင်ဗျာ... သိပ်ရှည်ရှည်တော့ မပြောတော့ပါဘူး...ကိုညဏ်ရဲ့ ဆောင်းပါးလိုပါပဲ။
    မင်းမဲ့ စရိုက် ဘာညာ ပေါ့ဗျာ....
    ကဲ လူမျိုးရေး တနည်း အမျိုးသားရေး ရှုဒေါင့် က နေ စဉ်းစားဗျာ...
    ရွှေဆိုင်ပိုင်ရှင်က တောသူတောင်သားလယ်သမား မျက်နာမွဲ လင်မယားကို ဝိုင်းရိုက်...ငုံ့ခံ ပြီး ရဲစခန်း တိုင်
    ဖြေရှင်းကြ.. အလျော်လေး နဲနဲပါးပါးနဲ့ ပြီး....
    ဒီလိုသာဆို...ကိုညဏ်တွေးတတ်ပါတယ်။
    စော်ကားချင်တိုင်းစော်ကားနေတော့မှာပေါ့။ အရှည်ကြီး တော့ မရေးတော့ဘူးဗျာ ...ဆက်တွေးကြပါကုံ...
    ဥပမာလေးတခု ပေးချင်တယ်...
    လစ်ဘရယ်ဒီမိုကရေစီ အင်မတန်မှ ကိုထွန်းကားပါတယ်ဆိုတဲ့ အနောက်ဥရော က ဂျာမနီ ၊ အရှေ့အရပ်က ဂျပန တို့ မှာ
    အခုထိ ဘာကြောင့် နာဇီလက်သစ်(ဂျာမန် မျိုးချစ် တွေနဲ့ ယာကူဆာ ဂျပန် မျိုးချစ်တွေကို ) ဒီအတိုင်း မသိတမျိုး..ပေါ်တင်တမျိုး ထား ထားတာလဲ လို့...ကိုညဏ် ဘယ်လိုထင်လဲ။
    ဂျပန်တော့ မသိဘူး...ဂျာမနီတော့ နာဇီတွေက ဘယ်လူမျိုးခေါင်းထောင်နေလဲ ..ဘယ်လူမျိုးက ငါတို့ ဂျာမန်တွေကို
    စော်ကားသလဲ... ဒါတွေကို ချက်နေတာ ... စော်ကားလို့ကတော့ အုပ်စုဖွဲပြီး တက်ရိုက်သတ်ပြစ်လိုက်တာပဲ...။
    နာဇီတွေ အဲလိုလုပ်တာကို ...ဂျာမနီမှာ အပ်ကျတာက အစသိတဲ့ ရဲတွေက အသာလေး ဟ ပေးထားတာ။
    မြန့်မာ့ရုပ်ရှင်တွေထဲကလို ပွဲပြီးမှ ပဲ လာတာ။
    ဂျာမနီ မှာ ဘယ်မူဆလင် ဘယ်တရုတ် ဘယ်ကုလားမှ အမြီး မလှုပ်ရဲဘူး။
    ဂျာမနီမှာ မူဆလင်အများစုနေတဲ့ မြို့ကြီး မြို့ငယ်တွေမှာ ...ဗလီ မရှိဘူး... ဘုရားဝတ်တက်ဖို့ အော်တဲ့ လော်စပီကာ သံကြားဖို့ နေနေသာသာ... အိမ်ကို ဗလီအမှတ်ထားပြီး ဝတ်ပြုရတာ။
    ခရစ်ယန်ချာ့ခ်ျ က ခေါင်းလောင်းသံ သာ နားညီးအောင် ကြားရတာ...
    ကဲ လေ စာရှည် လျှာရှည် နေပါဦးမယ်။
    ကျနော်လဲ ကိုညဏ့် ပရိတ်သတ်ပါ...
    အမျိုးသားရေးအမြင်လေး ကို ယဉ်ကျေးစွာနဲ့ ထည့်သုံးဖို့တော့ လိုတာပေါ့နော်။
    ကိုညဏ်ရဲ့ ဆောင်းပါးလိုမျိုး စိတ်ထားမယ် ဆိုရင်လဲ ... တဖက်စွန်းမှာရှိနေတယ်။
    အခုလိုကြီးကတော့လည်း တဘက်စွန်းပဲ ... အဲဒီ၂ဘက် ကြားထဲ မှာ သိမ်သိမ်မွေ့မွေ့ လေး ကိုင်တွယ် ထိန်းသိမ်း နိုင်ရင်တော့ အကောင်းဆုံးပေါ့ဗျာ။

    ReplyDelete
    Replies
    1. Anonymous7:38 PM

      စဉ်းစားရင် ဝေးနေဦးမှာပေါ့။
      လိုရင်းက ဗမာများလို့ အနိုင်ကျင့်တယ်၊ ဒါပါပဲ။

      နာဇီကို သဘောကျတယ်မဟုတ်လား။
      ကောင်းတာပေါ့၊ ကမ္ဘာကလည်း သိလာပါပြီ။

      ဘုန်းကြီးရူးနဲ့ လှေအလူး တဲ့ စကားရှိတယ်။
      ဒါပေမယ့် ဘုန်းကြီးရူးကပဲ လူးလှိမ့်အောင်လုပ်နေတာကို တကာတွေက လက်ခုပ်ဝိုင်းတီးရတာကိုပဲ အဟုတ်မှတ်တော့လည်း၊ ဆရာကြီးကိုယ်တော်မှိုင်းရဲ့ စကားကို ဌားသုံးရမလို ဖြစ်နေပြီ။

      ေေေ

      Delete
    2. Very nice wishful thinking.
      However, keep that with you and don't say in front of other ethnics.
      They will either laught at you or think you as a bigot empirialist.
      Good luck with your life since you do not have common sense to maintain your existance in this world.

      Delete
    3. I mean to the top Anonymous.

      Delete
  4. မတူတဲ့အမြင်တွေ သိခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်။
    နိဂုံးချုပ်အနေနဲ့ ဖော်ပြထားတဲ့ သီချင်းဟာ ရင်ဂိုသီချင်း မဟုတ်ပါဘူးတဲ့။ တေးသံရှင် ဘိုဘို ဆိုတဲ့သီချင်း ဖြစ်တဲ့အကြောင်း သူငယ်ချင်းတစ်ယောက်က ပြောပြလာတဲ့အတွက် ပြင်ဆင်လိုက်ပါတယ်။ သီချင်းကို အလွတ်ရနေပေမယ့် တေးသံရှင်ကို မှားယွင်းစွာ ရေးသားခဲ့မိတဲ့အတွက် တောင်းပန်လိုပါတယ်။ ဘိုဘိုရဲ့ မသိလမ်း သီချင်းဖြစ်ပြီး။ ဟဲလေးနဲ့ ဖြူဖြူကျော်သိန်းတို့ ပြန်လည်သီဆိုဖူးပါသတဲ့ခင်ဗျား။
    ကိုဉာဏ် (ပန်းလောင်မြေ)

    ReplyDelete
  5. ငါဘဲ8:55 AM

    မင်းကလဲ ကုလားတွေ ဗမာပြည်ထဲရောက်နေတာကိုကကုလား လွန်တာပေါ့ ညှင်းဆဲသတ်ဖြတ်တာကုသ်ရတာမင်းတို့ ကုလားတွေအလုပ်ဘဲ မင်းခုရေးနေတာဗမာစာဘဲ အေးချမ်းတယ်ဆိုတာကောင်းတယ် လာလူတိုင်းမှာအမျိုးသားရေးဆိုတာရှိတယ် လာစော်ကားနေတာငြိမ်ခံနေရင် ငါ့တို့ သာသနာမင်းတို့ ကုလားတွေစောက်ကျင့်ကောင်းတာမှမဟုတ်ဘဲ

    ReplyDelete
    Replies
    1. Anonymous4:46 PM

      Have you ever heard of Nepal Kalar?
      Oops, sorry ......... !
      ha ha ha ha ha ha ha ha ha ha ha ha ...............

      Delete

 
Web Statistics