Sunday, March 17, 2013

မျှစ်ချဉ်တည်နည်း


မျှစ်ချဉ်တည်နည်းကား -
မျှစ်ချိုးစလတ်လတ်ကို ပါးပါးလွှာ၊ မိုးရည် တံစက်ရည် မ၀င်ရအောင် အိုးသန့်သန့်နှင့် ရေစိမ်၊ နှစ်ရက်တစ်ခါလဲ၊ ခြောက်ရက်စေ့၍ အစပ်၊ အခါးရည်စင်လျှင် မျှစ်ခွက်တစ်ဆယ်လျှင် ဆန်လတ် ဆန်ကွဲ တစ်ပြည်တွင် ဆားငန်ငန်ဖြူး၍ နယ်သားရအောင်နယ်၊ အိုးသန့်သန့်မှာ ကြပ်ကြပ်သိပ်၊ ဖက်ပိတ်၊ ကုပ်ကြပ်ကြပ်နှိပ်၊ အပေါ်ကို ဆားရည်တင်၊ တစ်နှစ်၊ နှစ်နှစ်ခံ၏။ အရသာကောင်း၏။ နောင်သုံးလိုသောအခါ ငါးပိကောင်၊ ငါး၊ အမဲ၊ ကြက်သွန်ဖြူ၊ ငရုတ် စသည်နှင့်ချက်၍ လိုရာသုံးလေ။
မျှစ်ချဉ်တည်နည်း ပြီး၏။

[ရှေးမြန်မာ စားတော်ကဲ၊ စားတော်ဆက်၊ စားဖိုသည် တို့၏ မြန်မာစားတော်ချက်ကျမ်းမှ ပြန်လည်ကူးယူ ဖော်ပြပါသည်။]

No comments:

Post a Comment

 
Web Statistics