မြန်မာတို့ အရေးတယူ ဖတ်ရှုနေရသည့် လောကနီတိကျမ်းကို ဘယ်သူရေးသားခဲ့သလဲ။
ပင်းယခေတ်၊ စတုရင်္ဂဗလအမတ်ကြီး ဖြစ်ပါသည်။
စတုဓမ္မသာရပျို့ ခေါ် ကိုးခန်းပျို့ကို ဘယ်သူ ရေးဖွဲ့ခဲ့သလဲ။
ရှင်မဟာရဋ္ဌသာရ
ဝေဿန္တရာဇာတ်တော်ကြီးကို ဘယ်သူရေးခဲ့သလဲ။
မင်းဘူးဆရာတော် ဦးသြဘာသ
မြန်မာစာပေတွင် မွန်ဘာသာမှ ပြန်ဆိုထားသော ရာဇာဓိရာဇ်အရေးတော်ပုံကျမ်းကို ဘယ်သူရေးခဲ့သလဲ။
ဝန်းကြီးဗညားဒလ
မြန်မာလူမျိုးများထဲမှ ပထမဆုံး ကမ္ဘာ့အိုလံပစ် အလေးမပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်၍ မြန်မာ့ဂုဏ်ကို ဆောင်ခဲ့သူဟာ ဘယ်သူလဲ။
ကာယဗလ ဦးရှိန်
မန်လည်ဆရာတော်ကြီး ရေးသားပြုစုတော်မူခဲ့သည့် စာများအနက် အကျော်ကြားဆုံးစာအုပ်သည် အဘယ်နည်း။
မဟာသုတကာရီ မဃဒေ၀လင်္ကာသစ်ကြီး ဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် ပထမဆုံး ပုံနှိပ်ထုတ်ဝေခဲ့သည့် သတင်းစာသည် မည်သည့်သတင်းစာနည်း။
Moulmein Chronicle ဖြစ်ပါသည်။ ၁၈၃၆ ခုနှစ်၊ မတ်လ ၃ ရက်နေ့တွင် စတင်ထုတ်ဝေခဲ့ပါသည်။

မြန်မာနိုင်ငံ လွတ်လပ်ရေးခေတ်တွင် ပေါ်ထွန်းခဲ့သော ပထမဦးဆုံး တိပိဋကဓရဓမ္မဘဏ္ဍာဂါရိက ဆရာတော်ကြီးမှာ မည်သူနည်း။
ဘဒ္ဒန္တ အရှင်ဝိစိတ္တသာရာဘိဝံသ မင်းကွန်းဆရာတော်ကြီး ဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် ပထမဆုံး ပုံနှိပ်ထုတ်ဝေခဲ့သည့် သတင်းစာသည် မည်သည့်သတင်းစာနည်း။
Moulmein Chronicle ဖြစ်ပါသည်။ ၁၈၃၆ ခုနှစ်၊ မတ်လ ၃ ရက်နေ့တွင် စတင်ထုတ်ဝေခဲ့ပါသည်။
ကမ္ဘာပေါ်တွင် ပထမဆုံး ကြေးနန်းသတင်းကို မည်သည့်ခုနှစ်တွင် မည်သည့်နေရာမှ မည်သည့်နေရာသို့ ပို့ပေးနိုင်ခဲ့သနည်း။
၁၈၃၈ ခုနှစ်၊ သြဂုတ်လ ၁၆ ရက်နေ့တွင် အိုင်ယာလန်နိုင်ငံမှ နယူးဖောင်လန်ကျွန်းသို့ ပေးပို့နိုင်ခဲ့ခြင်း ဖြစ်ပါသည်။
ကမ္ဘာပေါ်တွင် ပထမဦးဆုံး မီးရထားလမ်းကို မည်သည့်အချိန်တွင် စတင်ဖွင့်လှစ်ခဲ့သနည်း။ မည်သည့်နေရာတွင်နည်း။
၁၈၀၄ ခုနှစ်တွင် လန်ဒန်၌ ဖွင့်လှစ်ခဲ့ပါသည်။
နံပါတ် ၁၃ ဂဏန်းကို ကံမကောင်းသော နံပါတ်ဂဏန်းအဖြစ် အဘယ်ကြောင့် လူအများက ထင်မြင်ယူဆနေရပါသလဲ။
တစ်နေ့တွင် ခရစ်တော်သည် သူ၏ နောက်လိုက်တပည့် ၁၂ ယောက်နှင့်အတူ ထမင်းစားပွဲဝိုင်းတွင် ထိုင်နေကြသည်။ ထိုအခါ တပည့်တစ်ဦးဖြစ်သူ "ယုဒ" သည် ခရစ်တော်အပေါ် သစ္စာဖောက်ပြီး ထမင်းဝိုင်းမှ ထထွက်သွားကာ သူ့ကိုယ်သူ သတ်သေသွားသည်။ ယင်းအဖြစ်အပျက်ကိုကြည့်ပြီး လူအများက စားပွဲတစ်ခုတွင် လူ ၁၃ ယောက် အတူထိုင်မိပါက တစ်ဦးသည် တစ်နှစ်အတွင်း ဧကန်သေရမည်ဟု ယုံကြည်ခဲ့ကြသည်။ ထို့ကြောင့် ၁၃ ဂဏန်းကို အတိတ်နိမိတ်မကောင်းသော ဂဏန်းအဖြစ် ယူဆခဲ့ကြခြင်းဖြစ်ပါသည်။
[ဦးဝမ်ထိန်၊ မေးစရာ ဖြေစရာ သုတအဖြာဖြာ စာအုပ်မှ ပြန်လည်ကောက်နုတ်ကူးယူဖော်ပြပါသည်]
No comments:
Post a Comment