Thursday, July 25, 2013

အမျိုး၊ ဘာသာ၊ သာသနာ ကာကွယ်ရေးပတ်သက်၍ လတ်တလော ကျွန်တော်ဖတ်မိသော စာတစ်ပုဒ်


.....
..............
.................

ဗုဒ္ဓ၀ါဒကို အခြားအမည်နာမတစ်ခုဖြင့် ခေါ်ဝေါ်လျှင် ၀ိဘဇ္ဇ၀ါဒဟု အမည်ရ၏။ ၀ိဘဇ္ဇဆိုသည်မှာ ခွဲခြမ်းစိတ်ဖြာခြင်းဟု အမည်ရသည်။ ထေရ၀ါဒ သာသနာတော်ကို သက်ဝင်ယုံကြည်သူဖြစ်လျှင် ၀ိဘဇ္ဇ၀ါဒကို ယုံကြည်သူဖြစ်ရပါမည်။ ခွဲခြမ်းစိတ်ဖြာ ဝေဖန်ရဲသူ ဖြစ်ရပါမည်။ မြန်မာတို့၏ ဓလေ့အရ ရတနာသုံးပါးနှင့် ပတ်သက်လာလျှင် သဒ္ဓါလွန်ကဲတတ်ကြသည်။ သဒ္ဓါလွန်သောအခါ ပညာချို့၍ ခွဲခြမ်းစိတ်ဖြာနိုင်သည့် ၀ိဘဇ္ဇသို့ မရောက်တော့။ ရတနာသုံးပါးနှင့်ပတ်သက်၍ ဝေဖန်ဆန်းစစ်မှုပြုလျှင် ဓမ္မန္တရာယ်ဟု ယိုးစွပ်ကြ၏။ အမှန်တကယ်တွင် ဝေဖန်ဆန်းစစ်ခွဲခြမ်းပြီး သာသနာကို သက်ဝင်ယုံကြည်သူမှာသာ ခိုင်မြဲသော သဒ္ဓါတရား ရှိတတ်သည်။ အမျိုးဘာသာ သာသနာအတွက် အသက်ပင် စွန့်ရစွန့်ရ ဆိုသောယုံကြည်ချက်မျိုး ရှိတတ်သည်။ သို့မဟုတ်လျှင်ကား အသံသာရှိပြီး အဆန်မရှိသည့် အမြောက်ပမာပင် ရှိပေလိမ့်မည်။

မိမိတို့ကာကွယ်မည်ဆိုသော ဘာသာသာသနာဖြစ်သော ထေရ၀ါဒသည် မဟာယာန၊ တန္တရ၀ါဒ၊ မန္တရ၀ါဒ၊ ဇင်ဝါဒ၊ ဗြဟ္မဏ၀ါဒ၊ ဂိုဏ်းဘုန်းကြီးဝါဒ၊ ထွက်ရပ်ပေါက်ဝါဒ၊ နတ်ကတော်၊ ချဲဘုန်းကြီး၊ ဒုဿီလ စသည့် အတွင်းရန် အညစ်အကြေးများစွာ ကပ်ငြိနေပါသည်။ မြန်မာဗုဒ္ဓဘာသာဝင် အများစုမှာ ကိုယ်တွင်း၌ ကင်ဆာရောဂါ တစ်ခုခုဖြစ်နေသော လူများပမာ ဖြစ်နေကြပါပြီ။ ကိုယ်ကိုယ်တိုင် ချည့်နဲ့ အားနည်းနေသော ကိုယ်ခံအားဖြင့် အမျိုးဘာသာ၊ သာသနာကို ကာကွယ်မည်ဟု ကြွေးကြော်နေလျှင် ခါချဉ်ကောင် မာန်ကြီးပေမယ့် ခါးကမသန် ဆိုသည့်အခြေအနေမျိုးသာ ဖြစ်နေမည်ဟု ထင်မြင်မိပါသည်။ ထို့ကြောင့် ရတနာသုံးပါး ပြည့်စုံစွာပေါ်ထွန်းရာ ၀ါဆိုလပြည့်နေ့မှစတင်၍ အမျိုးဘာသာ၊ သာသနာကို ကာကွယ်ရန် ထေရ၀ါဒစစ်စစ်ကို သက်ဝင်ယုံကြည်မိအောင် ကြိုးစားရင်း ကိုယ်ခံအားများ ဖြည့်တင်းကြပါဦးဟု နှိုးဆော်ချင်ပါသည်။

[7DAY Daily No.89, Monday, July 22, 2013, p.20, နီဟိန်းမော်၊ ဘာသာသာသနာ ကာကွယ်ဖို့ရာ မှ ပြန်လည်ထုတ်နုတ် ကူးယူဖော်ပြပါသည်။]

1 comment:

  1. Anonymous2:31 PM

    ကြိုက်တယ်ဗျာ၊ပါးစပ်ကဘုရားဘုရား၊လက်ကကားရားကားရားလုပ်သူတွေသတိထား

    ReplyDelete

 
Web Statistics