Monday, July 15, 2013

မျိုးစောင့်ဥပဒေကို ဖတ်ဖူးစေချင်လို့ပါ


မျိုးချစ်တိုက်ပွဲ၊ မျိုးစောင့်တိုက်ပွဲ ဆင်နွှဲနေကြတဲ့ မြန်မာအင်တာနက်သူရဲကောင်းကြီးများအနေနဲ့ ဘာမသိ၊ ညာမသိ တိုက်ပွဲဝင်နေတာထက်စာရင် မြင်ဖူးဖတ်ဖူးပြီးမှ ဆင်နွှဲတာဆိုရင် ပိုပြီးတော့များ ပြောလို့ဆိုလို့ကောင်း၊ လုပ်လို့ကိုင်လို့ ကောင်းမလားလို့ပါ။ မျက်ကန်းမျိုးချစ်လည်း မဖြစ်တော့ဘူးပေါ့။ မြန်မာနိုင်ငံမို့ပေါ့ကွာ... အမေရိကန်လို နိုင်ငံမျိုးဆိုရင် ထောက်ခံလက်မှတ် လာထိုးတဲ့ လူတိုင်းကို ကုလားထိုင်တစ်လုံးနဲ့ ထိုင်စောင့်ပြီး မျိုးစောင့်ဥပဒေဆိုတာကို ဖတ်ဖူးခြင်း ရှိ၊ မရှိ ဆိုတာကို စစ်တမ်းကောက်မှု လုပ်ပါတယ်ဗျာ။ တအားစိတ်ဝင်စားစရာ ကောင်းမှာဗျ။ ဗုဒ္ဓက ၀ိဘဇ္ဇ၀ါဒကို ဟောပြောခဲ့ပေမယ့် ကျုပ်တို့ မြန်မာများက ဘုရားပြောတာကို အာရုံထဲမှာကို မရှိဘူး။ ဘုရားသားတွေ ပြောတာကျတော့ အားလုံးယုံကြည်သတဲ့။ ဘယ်သူကမျှ ဝေဖန်တာ၊ ဆန်းစစ်တာ မလုပ်ကြဘူး။ အဲဒီလိုလူတွေကို ဘုရားစကားနားထောင်တဲ့လူ၊ ဘုရားကို ကြည်ညိုတဲ့လူလို့ ဘယ်လိုသုံးသပ်ရမလဲ။ ဘုန်းကြီးတွေ ပြောတာမှန်သမျှ အကောင်းချည်းပဲ၊ အမှန်ချည်းပဲ ထင်နေကြတဲ့ သူတွေအတွက် လမ်းကြုံရင် ဖတ်ဖြစ်အောင် တင်ပေးလိုက်တာပါ။ စီဘောက်မှာဖြစ်စေ။ ကွန်းမန့်မှာဖြစ်စေ ကိုဉာဏ်ကို ကြည့်မရသည့်၊ ဆဲချင်ဆိုချင်သည့် ၉၆၉ ဂိုဏ်းသားများ၊ ၀ီရသူဘက်တော်သားများ စိတ်ရှိလက်ရှိ လွတ်လွတ်လပ်လပ် ရေးနိုင်ကြပါကြောင်းလည်း တစ်ဆက်တည်း ပြောလိုက်ပါရစေ။



No comments:

Post a Comment

 
Web Statistics