Sunday, August 25, 2013

အားလပ်ရက်အတွက် အရက်ဟာသလေးတွေပါ


တစ်ခုပဲရှိတယ်
လူတစ်ယောက်သည် နာရီအတော်ကြာအောင် ဘားကောင်တာတွင်ရပ်လျက် အရက်ဆိုင်ရှင်အား သူ့စွမ်းဆောင်မှုကြီးများအကြောင်း ပြောပြနေ၏။
ကဲ... ကဲ... စွမ်းဆောင်မှုတွေအကြောင်း ကြားရတာ များနေပါပြီ။ ခင်ဗျားမစွမ်းဆောင်နိုင်တာတွေကိုလည်း တစ်လှည့် ကြားပါရစေဦး ဟု ဆိုင်ရှင်က တောင်းဆိုလိုက်ရာ ထိုလူက...
တစ်ခုပဲရှိတယ်... ကျုပ် အရက်ဖိုး မပေးနိုင်ဘူး တဲ့။

မသေဘဲ ဘ၀ပြောင်း
တစ်ခွက်ဝင်သွားတော့ ၁၀ နှစ် ငယ်သွားတယ်လို့ သူခံစားရတယ်။ နှစ်ခွက်ဝင်သွားတော့ လူသစ်တစ်ယောက် ဖြစ်သွားတယ်လို့ သူခံစားရတယ်။ သုံးခွက်ဝင်သွားတဲ့အခါ ကလေးငယ်လေး ပြန်ဖြစ်သွားတယ်လို့ သူခံစားရတယ်။ အဲဒီ ခံစားမှုနဲ့ပဲ သူ့အိမ်အရောက် ၀မ်းလျားထိုးသွားတော့တာပါပဲ။

အမူးပြေအောင်လုပ်နည်း
အတော်မူးနေသူတစ်ဦးက စားပွဲထိုးကို သူ့စားပွဲသို့ ခေါ်လိုက်၏။
ဒီမှာ... ကိုယ်နည်းနည်းလွန်သွားတယ်ကွာ။ မြန်မြန်အမူးပြေသွားအောင် တစ်ခုခု မင်း ကိုယ့်ဆီ ယူလာပေးပါလား။
ဟာ... ရပါတယ်ဆရာ၊ ကျွန်တော် ဆရာ့ဘီလ် ယူခဲ့ပါ့မယ်။

မင်းက ဘယ်လိုလဲ
ပင်လယ်ထဲကျသွားသူ - ကယ်ကြပါဦး၊ ကယ်ကြပါဦး၊ ကျုပ် ရေမကူးတတ်ဘူး။
ကုန်းပေါ်က အမူးသမား - ဘယ်လိုလဲကွ၊ ငါဆို တယောမထိုးတတ်ပါဘူးကွာ၊ ဒါပေမယ့် မင်းလိုတော့ အော်ဟစ်ပြီး ကြော်ငြာမောင်းခတ် မနေဘူးဟေ့။

[ခင်မောင်တိုး (မိုးမိတ်) ရဲ့ ဟာသစာအုပ်ထဲက ပြန်လည်ကူးယူဖော်ပြတာပါ]

No comments:

Post a Comment

 
Web Statistics