Thursday, February 06, 2014

အလုပ်လုပ်ခိုင်းတဲ့ ၀န်ကြီး၊ စာဖတ်ခိုင်းတဲ့ ၀န်ကြီးကို ဖွကြပါဦး


ကဲ နွားနို့သောက်ခိုင်းတာ၊ ထမင်းတစ်နပ် လျှော့စားခိုင်းတာ၊ နယ်လှည့်ပါးရိုက်တာတွေကို ဖွခဲ့တဲ့ ကိုကို၊ မမတို့ရဲ့ ဘယ်မီဒီယာကများ ပြည်သူတွေကို သက်သက်သာသာ မထားဘဲ၊ ပင်ပန်းအောင် အလုပ်လုပ်ခိုင်းတဲ့ ၀န်ကြီး၊ ပြည်သူတွေ မျက်စိမွဲ၊ ခေါင်းခြောက်ဖြစ်အောင် စာဖတ်ခိုင်းတဲ့ ၀န်ကြီးလို့ ဖွကြဦးမလဲ။ ဖွကြပါဦးဗျာ။ မြန်မာ့နိုင်ငံရေးက တစ်ခုတစ်လေမျှ ငြင်းခုန်ရတာ၊ ဝေဖန်ရတာ၊ ဆဲဆိုရတာ မရှိဘူးဆိုရင် ပျင်းစရာကြီးဗျ။


ကိုယ့်နိုင်ငံကို တိုးတက်ကြီးပွားအောင် ဆောင်ရွက်ဖို့အတွက် အစိုးရပိုင်းက ဘယ်လိုဆောင်ရွက်သင့်ပါတယ်၊ ဘယ်နေရာတွေမှာတော့ အစိုးရက အားနည်းနေပါတယ်၊ အတိုက်အခံတွေကလည်း ဘယ်နေရာတွေမှာ အပြုသဘောဆောင်တဲ့ နည်းလမ်းတွေနဲ့ ၀ိုင်းဝန်းပူးပေါင်း ဆောင်ရွက်သင့်ပါတယ်၊ နိုင်ငံတိုးတက်ဖို့အတွက် လက်နက်ကိုင် အဖွဲ့အစည်းတွေကလည်း အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်သင့်ပါတယ်၊ ပြည်သူတွေကလည်း ဒီမိုကရေစီ နိုင်ငံသားကောင်းတွေ ပီသအောင် ဘယ်လိုအကျင့်စရိုက်တွေကို ပြုပြင်သင့်ပါတယ်၊ ဘယ်လိုညီညီညွတ်ညွတ်နဲ့ အစိုးရတာဝန်ရှိသူတွေရဲ့ နိုင်ငံပြုပြင်တည်ဆောက်ရေးတွေမှာ ၀ိုင်းဝန်းကူညီ လက်တွဲဆောင်ရွက်သင့်ကြပါတယ်၊ ကျွန်တော်တို့ မီဒီယာတွေကလည်း စတုတ္ထမဏ္ဍိုင် ပီသစွာနဲ့ အလယ်ကနေ တည့်တည့်ရပ်ပြီး အမှန်တရားဘက်ကနေပဲ ရေးသားထောက်ပြ ဝေဖန်အကြံပြုရင်း ထိန်းကျောင်းကြပါမယ်လို့ ဘယ်သူတောင်းစား ဂျာနယ်၊ မဂ္ဂဇင်းကများ စေတနာ အပြည့်အ၀နဲ့ တိုင်းပြည်တည်ဆောက်ရေးမှာ ပါဝင်ဆောင်ရွက်နေသလဲ။ (သူတောင်းစား ဆိုတဲ့ စကားလုံးအတွက် စာဖတ်သူတွေကို တောင်းပန်ပါတယ်။ ကျွန်တော်ကိုဉာဏ် ဘယ်လိုမှကို သည်းမခံနိုင်တော့လို့ပါ။ အခု မြန်မာ့နိုင်ငံရေး ရှုပ်ထွေးပွေလီ ဖြစ်နေရတဲ့ အဓိက အကျဆုံးသော အချက်တစ်ခုက သောက်သုံးမကျတဲ့ မီဒီယာတွေကြောင့် ဖြစ်တယ်လို့ ကျွန်တော်ယုံကြည်လို့ပါ။ မြန်မာတွေက ရိုင်းရိုင်းပြောမှ မှတ်မိတယ်ဆိုတာ သိပ်မှန်တယ်။ အဲဒါကြောင့်ပါ။ ရိုင်းမှန်းသိပေမယ့်၊ မသုံးနှုန်းသင့်မှန်း၊ မရေးသင့်မှန်း သိပေမယ့် သိသိနဲ့ မိုက်တဲ့ ကျွန်တော်ကိုဉာဏ် လူမိုက်ကြီးကို နားလည်ပေးပါ။ ဆဲဆိုပါကလည်း ခံယူရန် အသင့်ပါ။)

တစ်နေ့တစ်နေ့ ထွက်သမျှ ဂျာနယ်၊ မဂ္ဂဇင်းတိုင်းမှာ သောက်ရေးမပါတဲ့ ဘယ်ဝန်ကြီးက ဘယ်လိုပြောတယ်၊ ဘယ်အမတ်က ဘယ်လိုပြောတယ်၊ ၂၀၁၅ အတွက် ဘယ်သူကတော့ သမ္မတ ဖြစ်သင့်တယ်၊ ဘယ်သူကတော့ မဖြစ်သင့်ဘူး စတဲ့ အရေးကိစ္စတွေနဲ့ပဲ စာဖတ်သူတွေကို အပေါဆုံး စည်းရုံးဆွဲဆောင် ထားကြတယ်။ သောက်ရေးမပါတဲ့၊ ဘာမျှလည်း ပြန်လုပ်လို့ မရတော့တဲ့ ဘယ်တုန်းကတော့ ဘယ်ဗိုလ်ချုပ်ကြီးက ဘယ်လိုလုပ်ခဲ့တာ၊ ဘယ်တုန်းကကိစ္စကို ဘယ်လိုအရေးယူသင့်တယ် စတာတွေနဲ့ပဲ အနာဟောင်းကို ပြန်ဆွပြီး ပြည်သူကို သွေးကြွအောင် မြှောက်ပေးနေကြတယ်။ ဟုတ်၏၊ မဟုတ်၏ ဆိုတာ ဂျာနယ်တွေ အသိဆုံးပါ။ ဘယ်ဂျာနယ်က ဘယ်သောက်ချိုးဆိုတာ စာဖတ်သူ အတော်များများ သိထားကြပြီးသားပါ။

ကဲ... အလုပ်လုပ်ခိုင်းတဲ့ဝန်ကြီး၊ စာဖတ်ခိုင်းတဲ့ဝန်ကြီး၊ ပြည်သူတွေကို ဆရာလုပ်တဲ့ ၀န်ကြီး ဆိုပြီးတော့ ဘယ်သကောင့်သားက ဖွဦးမလဲ ကြည့်ကြသေးတာပေါ့။ ကျွန်တော်ကိုဉာဏ်ရဲ့ ဒေါသများလည်း ဤနေရာတွင် တစ်ခန်းရပ်ဦးမည်။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်၊ ကြာသပတေးနေ့။
မွန်းလွဲ ၂ နာရီ ၄၄ မိနစ်တွင်ပြီး၏။

13 comments:

  1. Anonymous9:23 AM

    မှန်ပါပေတယ်။ အဟုတ်ကိုမှန်ပါတယ်။ ဒီထက်မကမှန်ပါတယ်။ အလွန့်အလွန်ကိုမှန်ပါတယ်။ မှန်လွန်းမကမှန်လွန်းပါတယ်။ပြောလို့မဆုံးအောင်ကိုမှန်ပါတယ်။

    ReplyDelete
  2. Anonymous1:11 PM

    ကိုဥာဏ်ရေမြန်မာပြည်ကမီဒီယာသမားဆိုတဲ့ မအေလိုးတွေကတတ်လို့လုပ်စားတာမှမဟုတ်တာ ငတ်လို့လုပ်စားနေတဲ့သူ
    တောင်းစားတွေဘဲ ခပ်စုပ်စုပ်ဘောပင်တစ်ချောင်းနဲ့ အပေါစားကင်မရာတစ်လုံးလောက်ရှိရင်ဘာစောက်အရည်အချင်းမှ
    ရှိစရာမလိုဘဲလုပ်လို့ရတာကမီဒီယာသမားလေဗျာ။

    ReplyDelete
  3. Anonymous6:04 PM

    yine yine pw chin yin min a may ko thwor pw lay nga nyan yae....

    ReplyDelete
  4. Anonymous10:09 AM

    နွားနို့သောက်ခိုင်းတာ၊ ထမင်းတစ်နပ် လျှော့စားခိုင်းတာ၊ နယ်လှည့်ပါးရိုက်တာတွေကို ဖွလို့
    စိတ်ဆိုးနေတာလားဟင်..။
    အဲဒီစကားတွေက အရေးမကြီးပါဘူး ပြောချင်တာမျိုးလားး
    မီဒီယာတွေက ဒီလောက်ထောက်ပြ ပြောပြနေတာတောင် သောက်ရှက်မရှိ ဆက်လက် ပြုမူနေကြတာတွေ
    နေရာအနှံ့ မြေသိမ်းယာသိမ်း ထပ်ဖြစ်နေတာတွေ
    မိုက်မိုက်ရိုင်းရိုင်း မညှာမတာ ကိုယ်ချင်းမစာ ပြုမူနေကြတာတွေ
    ချီးကျူးစရာ ဘာတစ်ကွက်မှ မရှိတဲ့ဟာကို ကိုရင် မမြင်မိဘူးလားးး
    လိုအပ်သည်များကို မှာကြားပါသည် ဆိုတာက သတင်းမှ မဟုတ်တာ..။ ဒါ သူ လုပ်ရမယ့်အလုပ်လေ..။
    နွားနို့သောက်ခိုင်းတာ၊ ထမင်းတစ်နပ် လျှော့စားခိုင်းတာ၊ နယ်လှည့်ပါးရိုက်တာတွေကျ သတင်း ဖြစ်သွားပြီလေ..။
    စာတွေဆက်ရေးပါဦး..။ အမြင် ရှင်းအောင်လည်း ကြိုးစားပေးပါ..။

    ReplyDelete
    Replies
    1. အဲဒါတွေကို ဖွလို့ စိတ်ဆိုးရန်အကြောင်း တစ်စက်ကလေးမျှ မရှိပါခင်ဗျာ။ လက်ရှိအစိုးမှာ ကျွန်တော့်ဆွေမျိုး သားချင်း တစ်ဦးတစ်ယောက်မျှ မပါသလို လက်ရှိအစိုးရကို မှီခိုပြီး အခွင့်အရေးတွေရယူ ရပ်တည်နေသူလည်း မဟုတ်ရပါဘူး။ ဒါပေမယ့် လက်ရှိအစိုးရကို ကိုယ်တွေရဲ့ အစိုးရအဖြစ် မှတ်ယူလက်ခံပါတယ်။ အခြားအစိုးရ တက်လာရင်လည်း ကိုယ့်အစိုးရအဖြစ် လက်ခံဦးမှာပါပဲ။ ကိုယ်တွေ မကြိုက်ခဲ့သည့်တိုင်အောင် အများစုက ထောက်ခံမဲပေးပြီး တက်လာသမျှ အစိုးရတိုင်းကို ကိုယ့်အစိုးရအဖြစ် လက်ခံပြီး ဝေဖန်ထောက်ပြ ၀ိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက်ကြရမယ်လို့ ခံယူပါတယ်။ အစိုးရ ဘာလုပ်လုပ် ကန့်လန့်တိုက်ရမယ် ဆိုတဲ့အထဲမှာ ကျွန်တော်မပါပါ။ ခင်ဗျားပြောခဲ့သလို အဲဒီစကားတွေက အရေးမပါဘူးလို့ မဆိုလိုပါဘူး။ ဒါပေမယ့် အဲဒီစကားတွေရဲ့ ရည်ရွယ်ချက် အပြည့်အစုံ၊ တကယ့်ပြောလိုရင်း ရည်ရွယ်ချက်ကို သိသင့်တယ်လို့တော့ ထင်ပါတယ်။ တကယ်ပဲ ပြည်သူကို စော်စော်ကားကား ပြောခဲ့တယ်ဆိုရင်တောင် အဲဒီစကားတွေထက် ပိုပြီးတော့ အရေးပါတဲ့၊ ပိုပြီးတော့ အလေးပေးရမယ့် အကြောင်းအရာတွေ မြန်မာပြည်မှာ ဒုနဲ့ဒေး ရှိပါတယ်။ လက်ရှိအစိုးရမှာ လိုအပ်ချက်တွေ၊ ဟာကွက်တွေ၊ လျှော်ကွက်တွေ၊ တလွဲတွေ အများကြီး ရှိတယ်ဆိုတာ ကျွန်တော်အမြဲတမ်း ရေးခဲ့ပါတယ်။ ပြန်ဖတ်ကြည့်ပါဦး။ လူတိုင်းမှာ လွတ်လပ်စွာ ကွဲလွဲခွင့်၊ ယုံကြည်ခွင့် ရှိတာမို့ ခင်ဗျားအမြင်တွေကိုလည်း လေးစားပါတယ်။ ကျွန်တော့်ဘလော့ဂ်ကို ရောက်လာခဲ့တဲ့အတွက်လည်း ကျေးဇူးတင်စကား ဆိုပါတယ်။ ရွှင်လန်းချမ်းမြေ့ပါစေ။

      Delete
    2. အချိန်ပေးပြီး ပြန်ဆွေးနွေးပေးတာ ကျေးဇူးပါ..။
      ဒီလူတွေ (အစိုးရ၀န်ကြီး) လောက် ဝေ့လည်ကြောင်ပတ် စကားပြော ညက်ညောတာ မသိရော့လေသလားဗျာ..။ တိုင်းပြည်ကို ဘယ်လိုချစ်ကြောင်း မိန့်ခွန်းပြောပြပါ ဆိုရင် နားထောင်မိတဲ့သူတိုင်း သူတို့ကို ထိုင်ကန်တော့ချင်စရာကောင်းလောက်အောင်ကို ပြောပြပါလိမ့်မယ်..။
      ဆိုတော့ အလွတ်ကျက်မှတ်ထားလေ့ရှိတဲ့ ကြက်တူရွေး မိန့်ခွန်းတွေ ရဲ့ ရည်ရွယ်ချက်တွေကိုက လှည့်ဖျားဖို့ပဲ ဆိုတာ သိထားကြဖို့လိုတယ်..။
      အစိုးရ ဘာလုပ်လုပ် ကန့်လန့်တိုက်ရမယ် ပြောတာမျိုး မဟုတ်ဘူး..။ သောက်ရှက်မရှိတဲ့သူတွေကို အခွင့်သာရင် သာသလို ခနဲ့ပေးရမယ် ၊ သရော်ပေးရမယ် ၊ လူတိုင်းသိအောင် ပြောပေးရမယ် ။
      ကြိုက်သလောက် အော်... မောရင် ရပ်သွားလိမ့်မယ်
      ကြိုက်သလောက် ကန့်ကွက်... လုပ်ချင်တာ ဆက်လုပ်မယ်
      လုပ်ချင်တာ ဆက်လုပ်မယ်ဆိုလို့ ပြည်သူအတွက်လား မေးတော့လည်း အင်းမလုပ် အဲမလုပ်
      ကြိုက်သလောက် ဆန္ဒပြ ... ထောင်ထဲ ဆွဲထည့်ပစ်လိုက်မယ်
      သူတို့ အပြုအမူတွေက အခုချိန်ထိ မပြောင်းမလဲ ရှိနေတာမို့ ကြုံကြိုက်တဲ့အခါလေး တံတွေးလေးနဲ့တော့ ထွေးပါရစေဗျာ..။

      Delete
  5. လိုရာကိုဆွဲပြီးရေးလုပ်စားမီဒီယာတွေကြောင့်မီဒီယာတွေအားလုံးနာမည်ပျက်နေပြီ၊မီဒီယာတွေတချို့ ရေးနေတာဟာ
    ဝန်ကြီးတေဆဲနေတာထက်အဆတစ်ရာသာတာတွေအများကြီးဒါတွေကျမိုက်ရိုင်းတာမဟုတ်ဘူးလား။
    ကျမတို့ ပြည်သူတွေကလည်းဘယ်လောက်ထိစည်းကမ်းရှိသလဲဘယ်လောက်ထိဥပဒေကိုလိုက်နာလို့လဲဆိုတာစဥ်းစား
    ကြည့်ပါမိသားစုလေးတစုမှာတောင်ပြောစကားနားမထောင်တဲ့သားသမီးတွေကိုပါးရိုက်မယ်နားရိုက်မယ်ဆွဲထိုးမယ်နဲ့
    ဒီထက်မကကြမ်းတမ်းတာတွေတောင်ပြောနေကြတယ်ရောမရောက်ရင်ရောမလိုကြင့်တာကောင်းတယ်
    လူတွေကတော့တစ်ပုံစံထဲရှိဖို့ မဖြစ်နိုင်ဘူးလွတ်လပ်စွာကွဲလွဲခွင့်ရှိတယ်ဒါလဲဒီမိုကရေစီဘဲ
    ကျမလဲလွတ်လပ်စွာကွဲလွဲမယ်ကျမကိုယ်တိုင်ပြည်သူတယောက်မို့ ။

    ReplyDelete
    Replies
    1. Anonymous6:12 AM

      မှန်တယ်
      စာရေးပြီးအော်နေတဲ့သူတွေတိုင်းပြည်
      အတွကဘာများအကျိုးရှိတာလုပ်ပေး
      ခဲ့ပြီလဲစဉ်းစားစေလိုပါတယ်

      Delete
  6. Anonymous12:19 PM

    အာဏာကို မတရားတဲ့ နည်းလမ်း နဲ့ ယူထားသမျှ ဒီလိုအမြင် အစောင်းခံ နေရမှာပါပဲ။
    တရားတဲ့ နည်းနဲ့ ရထားတာပါလို့ တော့ ဖင်ပိတ် မညင်းပါနဲ့။
    ဒီလိုတော့ ရှိတာပေါ့ ကိုညဏ်ရေ....
    ဝန်ကြီး တယောက် ဟာ ဒီလိုတော့ ဖြင့် ငါ့ စကားနွားရ မပြောသင့် ပါဘူး။
    သူ့ ကို ပြည်သူကို ပါးရိုက်ခွင့် ပေးမထားပါဘူး။
    သူ့ကို ပြည်သူကို ပုဆိုးလှန်ပြခွင့် ပေးမထားပါဘူး။
    သူ့ ကို ပြည်သူတွေ ကို ငေါက်ငမ်း ခြိမ်းခြောက် စကားတွေ ပြောခွင့် ပေးမထားပါဘူး။
    သူ့ မှာ သေနတ်ခါးကြားထိုး၊ သေနတ်တလက်ကို လွယ်ပြီး အုပ်ချုပ်ခွင့် မရှိပါဘူး။ (အဲလို အုပ်ချုပ်တာ ဘာလဲ ဆိုတာ စာဖတ်စူများ သိမှာပါ)
    စကား စကား ပြောပါများ....စကားထဲ က ဇာတိပြ လို့ မြန်မာ ဆိုရိုးရှိတယ်မလား....
    ဒီလို သူ ပြောလိုက် တာ သူ့ဇာတိ ကို ပြတာပါပဲ ။
    လူဆိုတာ ကိုယ့်ရောက်ရှိနေတဲ့ အနေအထားအတိုင်းပဲ ပြုမူ.. ပြောဆို...နေထိုင်...ဆက်ဆံကြရမှာပါ။
    ဒါက ဘယ်လို သဘောရလဲ ဆိုတော့ နိုင်လို့ ရလို့ အနိုင်ကျင့် ပြီး ပြောတာပါ။
    အဖေတယောက်က သားသမီးကို ငေါက်ငမ်း ဆုံးမတာ... ဆရာတယောက်က တပည့် ရဲ့ လက်ဖဝါးကို ရီုက် ဆုံးမတာ
    ( အလွန် အမင်း နာကျင်အောင်ပြောဆို ရိုက်နှက်ခြင်း ကို လက်မခံပါ) စတာတွေ ကို လက်ခံ ပေမင့်... အခု လို
    ဝန်ကြီး တယောက် က ပြောတာကို တော့ လုံးဝ လုံးဝ လက်မခံ နိုင်ပါဘူး။ လက်ခံ စဉ်းစားလို့ ကို မရပါဘူး။

    ကျနော်လဲ မီဒီယာတွေ ကို အားလုံး သဘောမကျပါဘူး။
    ဒါပေမင့် မကောင်းတာကို မကောင်းဘူးလို့ ရေးတာကို တော့ လက် ခံ ပေးရပါလိမ့်မယ်။

    ReplyDelete
    Replies
    1. Anonymous6:17 AM

      ဘယ်သူမဆိုစတ်အခန့်မသင့်လျှင်ရိုင်း
      တဲ့အသုံးအနှုန်းတော့ထွက်မှာဘဲသင်
      ကောတခါမှရိုင်တဲ့အသုံးမျိုးမထွက်ဘူး
      လား

      Delete
  7. စစ်တပ်ကစစ်တပ်လိုဘဲအုပ်ချုပ်မှာဘဲ၊ဒီမိုကရေစီကဒီမိုကရေစီလိုအုပ်ချုပ်မှာဘဲလို့ မြင်တယ်အစိုးရလုပ်သမျှအကောင်း
    လို့လဲမမြင်ဘူး၊မကောင်းတာချည်းလဲမမြင်ဘူး၊ကောင်းရင်ကောင်းတယ်မကောင်းရင်မကောင်းဘူးဝေဖန်အကြံပြုရမယ်
    ပုဂိုလ်စွဲနဲ့ ပုဂိုလ်ရေးတိုတ်ခိုက်ပြီးမကောင်းမြင်နေမှတော့ဘယ်ကောင်းတော့မှာလဲမျက်မှန်စိမ်းကြီးအမြဲတပ်မထားပါနဲ့ 
    ဝန်ကြီးဘက်ကနာလို့ ပြောတာမဟုတ်ဘူး၊နာစရာလဲမလိုဘူး၊အခြေနေမှန်ကိုသိအောင်ကြိုးစားရမယ်
    ဖင်ပိတ်မပြောသင့်ဘူး၊စည်းကမ်းတွေရှိဖို့ ဥပဒေလေးစားဖို့ လိုတယ်။
    အမျိုးဘာသာသာသနာကိုချစ်သူ
    မေမျိုးချစ်

    ReplyDelete
    Replies
    1. Anonymous6:20 AM

      မှန်ပါတယ်
      လိပ်ပတ်လည်အောင်မပြောတတ်လို့ ဒီလောက်ဘဲရေးမယ်

      Delete
  8. Anonymous4:42 AM

    Your blog is my favorite . Don't you still not see 80 percent negative views,(P.S Myanmar History is longer than World History in the classroom.)
    I gave up already for advising,giving and guiding.I teach only my bloods.
    Teaching Mr. Half baked comments and Miss pretend to know everything are some unwanted shits which you already knew these. CARRY ON I LOVE YOUR OUTSPOKENESS.

    ReplyDelete

 
Web Statistics