Monday, May 19, 2014

ဒေါ်စုကို ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ...



ပို့စ်ခေါင်းစဉ်ကို သာမန်အတိုင်း ဖတ်မည်ဆိုပါက NLD နှင့် အတိုက်အခံများကို မြင်ပြင်းကတ်နေသူများက သဘောကျစိတ်ဖြင့် ပြုံးသွားကျေနပ်သွားကြပါလိမ့်မည်။ ဒေါ်စုကို ထောက်ခံအားပေး ချစ်ခင်နှစ်သက်သူများက စိတ်ထဲတွင် (တချို့ဆိုလျှင် ပါးစပ်မှပင် အသံထွက်နိုင်ပါသည်) ထောင်းခနဲ ဒေါသထွက်၍ ရေးသူကျွန်တော့်အပေါ် ဆဲချင် ဆိုချင် ထိုးချင် ကြိတ်ချင် ရိုက်ချင် နှက်ချင် သတ်ချင် ဖြတ်ချင် အရေဆုတ်ချင် အခွံနွှာချင် ထုချင် ထောင်းချင် ဖြစ်သွားပါလိမ့်မည်။ မြန်မာ့နိုင်ငံရေးကို ဟက်ဟက်ပက်ပက် မရှိလှသူများကတော့ ဒီကောင် ဘာတွေများ ရေးထားပါလိမ့်ဟူသော စူးစမ်းစိတ် ဖြစ်သွားပါလိမ့်မည်။ ဤကား စာဖတ်သူများ နေရာမှနေ၍ ကျွန်တော်ဝင်၍ ခံစားကြည့်မိခြင်း ဖြစ်ပါသည်။ အခြားသူများ ရေးသားထားသော စာများကို ဖတ်သောအခါတွင်လည်း ကျွန်တော်သည် စာဖတ်သူ တစ်ဦးအနေဖြင့် ထိုကဲ့သို့သော ခံစားမှုများထဲမှ တစ်ခုမဟုတ် တစ်ခုကို ခံစားဖတ်ရှုမိ၍ ဖြစ်ပါသည်။ ဤကား ခေါင်းစဉ်နှင့် ပတ်သက်၍ စကားချီးဖြစ်ပါသည်။ ဆက်ဖတ်စေလိုပါသည်။

ပထမဆုံး ထိုကဲ့သို့ ဖြစ်သူများအနေဖြင့် ကျွန်တော်ရေးသောစာကို ဦးစွာပထမ ဆုံးအောင်ဖတ်စေချင်သည့် အကြောင်း မေတ္တာရပ်ခံလိုပါသည်။ ကျွန်တော့်တင်ပြချက် ဆွေးနွေးချက် ပြီးဆုံးသွားချိန်တွင် မိမိအမြင်၊ မိမိခံစားမှု၊ မိမိထင်မြင်ချက်များကို လွတ်လပ်စွာ ဝေဖန်ပြောဆို ရေးသားနိုင်ကြပါသည်။

ခေါင်းစဉ်ကို ဖတ်ကြည့်လျှင်ပင် ကျွန်တော့်သဘောထားကို အထင်းသား မြင်နိုင်ပါလိမ့်မည်... ဟုတ်ကဲ့.. ကျွန်တော်မငြင်းပါ... ဘယ်တုန်းကမျှလည်း ဝေ့လည်ကြောင်ပတ် မလုပ်ခဲ့ပါ... ဒေါ်စုကို သမ္မတ မဖြစ်လိုသူတွေ စာရင်းထဲမှာ ကျွန်တော်သည်လည်း တစ်ဦးအပါအ၀င် ဖြစ်ပါသည်။ ထိပ်ဆုံးက ပါသည်ဟု မပြောလိုပါ။ အခြားသူများ ဒေါ်စုအပေါ် မုန်းတီးသလောက် ကျွန်တော် မမုန်း၍ ဖြစ်ပါသည်။ ဒေါ်စုတွင် ကောင်းကွက်တွေရှိသည်ကို ကျွန်တော်လက်ခံပါသည်။ ဒေါ်စု တော်သည်ကို ကျွန်တော် အသိအမှတ်ပြုပါသည်။ ဤစကားများအတွက် စိတ်အနှောင့်အယှက် မဖြစ်စေလိုပါ။ ကျွန်တော် မချီးကျူးလျှင်လည်း ဒေါ်စုက အလုံးအရပ် လျော့သွားသည် မဟုတ်ပါ...။ ၎င်းအချက်ကို ကျွန်တော်ကောင်းစွာ သိပါသည်။ ကျွန်တော့် အယူအဆများကို ဆက်ဖတ်ကြည့်စေလိုပါသည်။

နိုင်ငံခြားသားနှင့် လက်ထပ်ခဲ့သောကြောင့်ဟူသော အကြောင်းပြချက်ဖြင့် ဒေါ်စုကို သမ္မတမဖြစ်စေလိုသူများ စာရင်းတွင် ကျွန်တော် မပါဝင်ပါ။ အဘယ်ကြောင့်ဆိုသော် သူ၏ ခင်ပွန်းဖြစ်သူသည် ကွယ်လွန်သွားခဲ့ပြီးဖြစ်ရာ ထိုအချက်သည် သမိုင်းမှတ်တမ်း တစ်ခုအဖြစ်သာ ကျန်ရစ်ခဲ့သောကြောင့် ဖြစ်ပါသည်။ သို့သော် ဒေါ်စု၏ သားများသည် နိုင်ငံခြားသားများ ဖြစ်နေခြင်းကိုတော့ ကျွန်တော်လုံးဝ သဘောမကျပါ။ သူတို့သည် သူတို့ကိုယ်သူတို့ မြန်မာနိုင်ငံသားဟု ခံယူပါသလား၊ သူတို့ကိုယ်သူတို့ မြန်မာစိတ်အပြည့်ဟု ခံယူပါသလား၊ မြန်မာ့မြေ မြန်မာ့ရေ မြန်မာ့အလှကို ချစ်မြတ်နိုးစိတ် သူတို့တွင် မည်မျှရှိပါသနည်း။ အကယ်၍များ ဒေါ်စု သမ္မတဖြစ်လာလျှင် သူတို့သည် သမ္မတ၏ သားသမီးများ ဖြစ်ကြပါသည်။ အရေးကြီးပုဂ္ဂိုလ်များ ဖြစ်လာကြပါလိမ့်မည်။ သမ္မတအိမ်တော်တွင် ၀င်ချည်ထွက်ချည် လုပ်ကြပါလိမ့်မည်။ မြန်မာလို မပီကလာ ပီကလာ ပြောတတ်ပြီး အင်္ဂလိပ်လို မွှတ်နေအောင် ပြောတတ်သော သူတို့၏ သားသမီးများ တစ်နည်း ဒေါ်စု၏ မြေးများသည် သမ္မတ အိမ်တော်ဝင်းအတွင်း ပြေးလွှားဆော့ကစား ကြပါလိမ့်မည်။ ဒေါ်စု၏ အနီးကပ်လုံခြုံရေးများ၊ သက်ဆိုင်ရာ ၀န်ထမ်းများသည် ထိုသူတို့ကို ဂရုစိုက်ကြရပါလိမ့်မည်၊ သူတို့ခိုင်းသမျှ လုပ်ကြရပါလိမ့်မည်။ အခြားနိုင်ငံသားများကို မြန်မာတွေက အကြီးအကဲ၏ မိသားစုဝင်များအဖြစ် အရိုအသေပေးရမည်၊ ကာကွယ်ပေးရမည်ကို မြင်ယောင်ကြည့်စေလိုပါသည်။ (ဤနေရာတွင် နိုင်ငံခြားသံတမန်များ၊ ဧည့်သည်တော်များနှင့် နှိုင်းယှဉ်၍ စကားကတ် မပြောကြစေလိုပါ) အချို့က ပြောကြပါလိမ့်မည်။ ဒေါ်စုသည် စစ်ဗိုလ်ချုပ်တွေလို အခွင့်အရေး ယူတတ်သူမဟုတ်၊ အဲဒီလို ဘယ်တော့မျှ ဖြစ်မလာဘူးဟု...။ ရိုးရိုးလေးပဲ တွေးကြည့်စေလိုပါသည်။ NLD ရန်ပုံငွေပွဲအတွက် ဖျော်ဖြေပွဲတွေ အများကြီးလုပ်ပါသည်။ ထိုအခမ်းအနားများတွင် ဒေါ်စုတစ်ယောက် ပြည်သူတွေနဲ့အတူ ပလတ်စတစ် ထိုင်ခုံတွေမှာ ၀င်ထိုင်ကြည့်ပါသလား၊ သို့မဟုတ် ရှေ့ဆုံးတန်းက သူ့အတွက် အထူးသတ်မှတ်ထားသော နေရာမှာ ထိုင်ကြည့်ပါသလား။ ကျွန်တော် ကလေးဆန်နေခြင်း မဟုတ်ပါ။ ထိုသို့လုပ်ခြင်းကို ဝေဖန်ခြင်း မဟုတ်ပါ။ ထိုသို့ လုပ်ကိုလုပ်ရမည် ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် သူသည် သူ့ပါတီတွင် အကြီးဆုံးပုဂ္ဂိုလ် ဖြစ်ပါသည်။ ထို့အတွက် သူ့ကို ဦးစားပေးမှု ရှိကိုရှိရပါမည်။ သမ္မတဦးသိန်းစိန်က ရန်ကုန်မှာလုပ်တဲ့ အခမ်းအနားမှာ ကုလားထိုင်ကြီး ခမ်းခမ်းနားနားနဲ့ သီးသန့်ထိုင်တာကို အပြစ်လုပ်ပြီး ဝေဖန်ကြတာမျိုး ကျွန်တော်မလုပ်တတ်ပါ။ ဒေါ်စုသွားလေရာမှာ သူ့ဘေးက အင်္ကျီအဖြူ ၀တ်ထားသူကြီးတွေက ပုသိမ်ထီးတွေ မိုးပေးတာကိုလည်း အပြစ်မပြောပါ။ သူတို့ချစ်သည့် သူတို့ခေါင်းဆောင်ကို သူတို့လုပ်ပေးတာ မနာလိုစရာ မရှိပါ။ သို့သော် မြန်မာနိုင်ငံတွင် အကြီးအမှူးဖြစ်သည့် သမ္မတကြီးက လုံခြုံရေးတွေနဲ့သွား သွားပြန်ပြီ၊ သီးသန့်ထိုင်ခုံမှာထိုင် ထိုင်ပြန်ပြီ၊ ဟိုဟာလုပ် လုပ်ပြန်ပြီး စသဖြင့် ဝေဖန်နေကြတာတွေသည် အဆင့်အတန်း ရှိ၊ မရှိ ဝေဖန်ဆင်ခြင်ကြဖို့ ဖြစ်ပါသည်။ သမ္မတက ပုဆိုးအစုတ်၊ စွပ်ကျပ်ချိုင်းပြတ်နှင့် နွားလှည်းစီးပြီး ဘယ်သူမှမပါဘဲ တစ်ယောက်တည်း နိုင်ငံပတ်နေရလျှင်တော့ မဟုတ်သေးဘူးဟု ထင်ပါသည်။ စကားတွေ ဘေးရောက်သွားပါသည်။ လိုရင်းကို ပြန်ဆက်ကြပါဦးစို့။

ဒုတိယတစ်ချက် ဒေါ်စုကို သမ္မတမဖြစ်စေချင်သည့် အကြောင်းပြချက်မှာ အာဏာရှင်နိုင်ငံအဖြစ်ကို မရောက်စေလို၍ ဖြစ်ပါသည်။ စစ်အစိုးရအုပ်ချုပ်မှသာ အာဏာရှင်စနစ်ဟု ထင်နေကြသူများကို နိုင်ငံရေး သူငယ်နာ မစင်သူများအဖြစ် ကျွန်တော်က ရန်စကားလေး ဆိုလိုက်ချင်ပါသည်။ ဒီမိုကရေစီအာဏာရှင် အုပ်ချုပ်သော တိုင်းပြည်သည် စစ်တပ်အုပ်ချုပ်သော တိုင်းပြည်များထက် ပိုဆိုးလေ့ ရှိပါသည်။ နိုင်ငံတကာသမိုင်းကို အနည်းငယ် တီးခေါက်မိသူတိုင်း သိနိုင်သည့် ကိစ္စဖြစ်သဖြင့် ဘုန်းကြီးစာချ မလုပ်လိုတော့ပါ။ အာဏာရှင်နိုင်ငံ မဖြစ်စေလိုသည့် ကျွန်တော့်အကြောင်းပြချက်အတွက် ကျွန်တော့်ယူဆချက်များ၊ စိုးရိမ်ချက်များကို ပြောပြပါရစေ။

နိုင်ငံရေးဆိုသည်မှာ ကလေးတွေ တုပ်ဆီးတိုးသလို လွယ်သည့်အလုပ် မဟုတ်ပါ။ အန်စာတုံးလှည့်ပြီး ခွက်နှင့်အုပ်ကာ မည်သည့်အပွင့် ကျသည်ကို ခန့်မှန်းပြောဆိုရသလိုလည်း ဘက် ၆ ဘက်တည်း မဟုတ်ပါ။ သို့သော် အချို့သော သင်္ချာပုစ္ဆာများတွင် အဖြေမှန်ကို သိနေသည်ဆိုပါက နောက်ပြန်စဉ်းစားခြင်းဖြင့် ပုံသေနည်းများကို တွက်ချက်နိုင်သကဲ့သို့ ယခုလည်း ကျွန်တော်ကိုဉာဏ်က မြန်မာ့နိုင်ငံရေးကို နောက်ပြန်တွက်ကြည့်လိုပါသည်။

ယခုလက်ရှိ NLD ပါတီ၊ အတိုက်အခံများနှင့် ၈၈ မျိုးဆက်များ ဖြစ်စေလိုသည့် ကိစ္စရပ်များကို ဖြစ်မြောက်အောင်မြင်ပြီဟု ဆိုကြပါစို့။
(၁) ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်လိုက်နိုင်သည်။
(၂) ဒေါ်စု သမ္မတဖြစ်ခွင့် ရှိသွားသည်။
(၃) တပ်မတော်သား ကိုယ်စားလှယ်များ လွှတ်တော်အသီးသီးမှ ထွက်ခွာသွားကြသည်။
(၄) နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို ဖျက်သိမ်းလိုက်သည်။
(၅) ၂၀၁၅ ခုနှစ်တွင် NLD ပါတီ အများစုအနိုင်ရသွားသည်။
(၆) ဒေါ်စုကို သမ္မတအဖြစ် တင်မြောက်ကြသည်။
(၇) NLD ပါတီဝင်တစ်ဦးကို လွှတ်တော်ဥက္ကဋ္ဌအဖြစ် ခန့်အပ်လိုက်ကြသည်။
(၈) ဒေါ်စုက အစိုးရဖွဲ့သည်၊ ဒီမိုကရေစီ စံနှုန်းများနှင့်အညီ ၀န်ကြီးဌာနအားလုံးတွင် အရပ်သားဝန်ကြီးများသာ ခန့်အပ်လိုက်သည်။
(၉) ပြည်ခိုင်ဖြိုးပါတီက အမတ်အင်အားအနည်းငယ်ဖြင့် လွှတ်တော်ထဲတွင် အတိုက်အခံအဖြစ် ရောက်ရှိသွားသည်။

ကဲ... စာဖတ်သူမိတ်ဆွေ။ အထက်ပါ ၉ ချက်သည် ယခုလက်ရှိ ဒေါ်စုနှင့် ၈၈ မျိုးဆက်များ လိုချင်နေသည့် ပုံစံများ၊ ကြိုးစားနေသည့် ရလဒ်များ ဖြစ်ကြပါသည်။ အမှန်အားဖြင့် ကျွန်တော့်စိတ်ရင်းအတိုင်း ဆိုလျှင် ဤနေရာတွင် ကျွန်တော့်ရေးသားမှုကို ရပ်နားလိုပါသည်။ ထို ၉ ချက်ကို ဖတ်ရှုပြီးလျှင် စာဖတ်သူများက ကိုယ့်ဘာသာကိုယ် တွေးတောဆင်ခြင် ဝေဖန်သုံးသပ် လုပ်ကြစေချင်ပါသည်။ အားလုံးက ဆင်ခြင်ပိုင်းခြားနိုင်သူများ ဖြစ်သည့်အားလျော်စွာ ကျွန်တော်က အလကားနေရင်း ဆရာဝင်လုပ်သည့် ပုံစံဖြင့် ဒီလိုဖြစ်သွားနိုင်တယ်... ဟိုလိုဖြစ်သွားနိုင်တယ်ဟု ပြောရမှာကို တကယ်ပင် ၀န်လေးလှပါသည်။ သို့သော် ကျွန်တော့်အမြင်များကို ပြောပြချင်စိတ်ကလည်း ထိန်းမရ၊ သိမ်းမရ ဖြစ်လျက်ရှိပါသည်။ စိတ်ထဲမှာ ပြောချင်တာတွေ ရှိပါလျက်၊ အမြင်တွေရှိပါလျက် မပြောခဲ့ရ၊ မရေးခဲ့ရသည့် နောင်တများ ကျွန်တော့်တွင် အပြည့်ဖြစ်သည့်အတွက် နောင်တစ်ချိန်ကျမှ ကျွန်တော်မပြောခဲ့ရလေခြင်းဟုလည်း နောင်တမရလိုပါ။ ထို့ကြောင့် စာဖတ်သူများက ယခုအချိန်တွင် မိမိတို့စိတ်ကြိုက် တွေးတောကြည့်စေလိုပါသည်။ ပြီးမှ ကျွန်တော့်အမြင်များကို ဖတ်ကြစေလိုပါသည်။ အမှန်ဆိုရပါလျှင် ကျွန်တော့်ပို့စ်သည် ဤနေရာတွင် ပြီးပြီဖြစ်ပါသည်။ အောက်တွင် ရေးသားဖော်ပြမည့် အကြောင်းအရာများသည် ကျွန်တော့်ကွန်းမန့်များဟုသာ သဘောထား၍ ဖတ်ရှုကြစေလိုကြောင်း မေတ္တာရပ်ခံလိုပါသည်ခင်ဗျား။
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
ဒေါ်စုသမ္မတဖြစ်သွားလျှင် နိုင်ငံတကာထောက်ခံအားပေးမှုတွေ ထင်မှတ်မထားလောက်အောင် ရလာလိမ့်မည်ဟု ယူဆစရာ ရှိပါသည်။ သေချာသည်ကတော့ နိုင်ငံတကာမှ ကျော်ကြားသည့် နိုင်ငံရေး ခေါင်းဆောင်များ မြန်မာနိုင်ငံသို့ အိမ်ဦးကြမ်းပြင် လာကြပါလိမ့်မည်။ ထို့အတွက် မြန်မာနိုင်ငံ၏ ဂုဏ်သတင်း တက်သည်ဟု အကောင်းဘက်က တွေးစရာရှိပါသည်။

အစိုးရအဖွဲ့ကို မည်သူတွေနှင့် ဖွဲ့မည်နည်းဟူသည်မှာ စိတ်ဝင်စားစရာ ကောင်းလှပါသည်။ သေချာသည်ကတော့ သူမနှင့် နီးစပ်သည့်၊ ပလဲပနံသင့်သည့်၊ လူကြိုက်များသည့် ပုဂ္ဂိုလ်များကို အစိုးရအဖွဲ့အဖြစ် ခန့်အပ်ပါလိမ့်မည်။ အဆိုပါပုဂ္ဂိုလ်များနှင့် လက်ရှိ ၀န်ကြီးဌာနအသီးသီး၊ ဌာနဆိုင်ရာ အသီးသီးတွင် တာဝန်ထမ်းဆောင်နေကြသည့် ၀န်ထမ်းများအကြား ဆက်ဆံရေးအခြေအနေ မည်သို့ရှိမည်မှာ မသေချာလှပါ။ ယခုလက်ရှိ ၀န်ထမ်းများထဲမှ NLD ကို ထောက်ခံသူများက ထိုအချိန်တွင် နေရာရလာနိုင်သလို၊ သူတို့၏ အတို့အထောင် လုပ်မှုများကြောင့် ယခုလက်ရှိ NLD နှင့် ဒေါ်စုကို ကြည့်မရသူတို့သည် ထိုအချိန်တွင် အခက်ကြုံရပါလိမ့်မည်။ ၀န်ထမ်းဘ၀မှ နုတ်ထွက်ကောင်း နုတ်ထွက်ကြပါလိမ့်မည်။ ထိုသို့ဆိုလျှင် အုပ်ချုပ်ရေးယန္တရား လည်ပတ်မှုပေါ် သက်ရောက်မှု ရှိလာနိုင်ပါသည်။ ဤကား ကျွန်တော့်မှန်းဆချက်သာ ဖြစ်ပါသည်။

လွှတ်တော်တွင် မည်သူပင် ဥက္ကဋ္ဌ ဖြစ်လာပါစေ... အဆိုပါ လွှတ်တော်ဥက္ကဋ္ဌသည် ဒေါ်အောင်ဆန်းစုကြည်ကို ကျော်လွန်နိုင်မည်ဟု မည်သို့သော အမိုက်အမဲများက မျှော်လင့်နေပါသနည်းဟု ကျွန်တော်က မေးခွန်းထုတ်လိုပါသည်။ ယခုလက်ရှိ ဦးသိန်းစိန်နှင့် ဦးရွှေမန်းကြားက အားပြိုင်မှုမျိုး၊ ပွတ်တိုက်မှုမျိုး၊ ထိန်းကျောင်းမှုမျိုး ဖြစ်လာမည်ဟု ယူဆကြပါသလား။ ကျွန်တော်တို့တွေ စိတ်ကိုဖွင့်ပြီး လွတ်လွတ်လပ်လပ် စဉ်းစားကြည့်ကြရအောင်လား ခင်ဗျာ။ ဒေါ်စုကို ထိန်းကျောင်းဖို့အတွက် လွှတ်တော်ဥက္ကဋ္ဌကို NLD က တစ်ဦးတစ်ယောက်ကို မခန့်အပ်ဘဲ အခြားတစ်ဦး (ပြည်ခိုင်ဖြိုးပါတီမှသော်လည်းကောင်း၊ အခြားပါတီတစ်ခုခုမှသော်လည်းကောင်း) ကို ခန့်အပ်သည်ပဲ ဆိုကြပါစို့။ သမ္မတက သဘောမတူသည့် ဥပဒေများအတွက် လွှတ်တော်ဥက္ကဋ္ဌနှင့် သူ၏ လွှတ်တော်က အတည်ပြုပေးနိုင်လိမ့်မည်ဟု မျှော်လင့်ကြပါသလားခင်ဗျာ။ အဘယ်သို့သော NLD လွှတ်တော်အမတ်က သမ္မတကြီး ဒေါ်စုကို ဆန့်ကျင်လျက် လွှတ်တော်တွင် မဲပေးကြပါလိမ့်မလဲခင်ဗျာ။ ဥက္ကဋ္ဌက သမ္မတကို မရမက ထိန်းကျောင်းဖို့ ကြိုးစားပါလျှင် NLD လွှတ်တော်အမတ်များက ထိုဥက္ကဋ္ဌကို စွပ်စွဲပြစ်တင်ကြပါလိမ့်မည်။ ကျွန်တော်ဘာကို ဆိုလိုကြောင်း ဆ၀ါးနိုင်ကြလိမ့်မည် ထင်ပါသည်။

NLD ပါတီတွင် ဒေါ်စု ကောင်းသည်ဆိုးသည်ကို ဝေဖန်ရဲသူ မည်သူရှိပါသနည်း။ ဒေါ်စုကို လွန်ဆန်ရဲသူ မည်သူရှိပါသနည်း။ ထို့အတွက် ဒေါ်စု သမ္မတဖြစ်လျှင် သူ့စိတ်တိုင်းကျ လုပ်ချင်ရာ လုပ်သည်များကို မည်သူက ထိန်းကျောင်းမည်နည်း၊ တည့်မတ်မည်နည်း။ ဒေါ်စုသည်လည်း လူသားတစ်ဦး ဖြစ်သည့်အတွက် အမှားအယွင်း ရှိမည်သာ ဖြစ်ပါသည်။ ဆုံးဖြတ်ချက် အမှားများ ရှိလာနိုင်သည်သာ ဖြစ်ပါသည်။ နိုဘယ်လ်ဆုရထားသည့်၊ ကမ္ဘာပတ်ခဲ့သည့်၊ နိုင်ငံခြားသားကို လင်တော်ခဲ့သည့်၊ ကမ္ဘာကျော်တက္ကသိုလ်မှာ ပညာသင်ကြားလာသည့်၊ အင်္ဂလိပ်စာကို မြန်မာလိုထက် ပိုကောင်းအောင်ပြောတတ်သည့် ဒေါ်စုကဲ့သို့ ပုဂ္ဂိုလ်မျိုးကို မင်းကိုနိုင်၊ ကိုကိုကြီး၊ ဇေယျာသော်၊ မြတ်ဉာဏစိုး စသည့် လူကြီးလူကောင်းများက ထိန်းမတ်ဝေဖန်ရဲမည်ဟု ထင်ပါသလား၊ ဦးကိုနီလို၊ဦးဉာဏ်ဝင်းလို၊ ဦးဝင်းထိန်လို ပုဂ္ဂိုလ်တွေက အကြံပေးနိုင်မယ်၊ တည့်မတ်နိုင်မယ်လို့ ထင်ကြပါသလား။

ကာကွယ်ရေးနှင့် လုံခြုံရေးကိစ္စများဆီသို့ ဆက်ကြပါဦးစို့။ ဒီမိုကရေစီစံနှုန်းဟု တဖွဖွ ရွတ်သူများ အမြဲပြောနေသည့် အမေရိကန်ကဲ့သို့ မြန်မာသမ္မတသည် စစ်သေနာပတိချုပ် ဖြစ်သွားပါပြီ။ ကာကွယ်ရေးဝန်ကြီးသည်လည်း အရပ်သား ဖြစ်သွားပါပြီ။ စစ်ရေးအမြင် ရှိဖို့တွေ မလိုတော့ပါ။ ဒီမိုကရေစီ စံနှုန်းအရ သမ္မတသည် စစ်တပ်ကို အမိန့်ပေးမည်။ အရပ်သား ကာကွယ်ရေးဝန်ကြီး ပြောသည့်အတိုင်း တပ်ချုပ်နှင့် သူ၏တပ်က အမိန့်နာခံရမည်။ မြန်မာ့နိုင်ငံရေးတွင် ပါဝင်မှုကို ဖျက်သိမ်းခံလိုက်ရသည့် ကာချုပ်နှင့် သူ၏တပ်မတော်အတွက် ဒေါ်စုနှင့် ဆက်ဆံရေးကို ကိုယ်တိုင် တွေးကြည့်စေလိုပါသည်။ ကျွန်တော်မပြောရဲပါ... မတွေးရဲပါ.. မပြောချင်ပါ... မတွေးချင်ပါ... မပြောလိုပါ... မတွေးလိုပါ... မြန်မာနိုင်ငံတွင် ၂၀၁၅ တိုင် မပြီးမပြတ် ဖြစ်နေဦးမည့် တိုင်းရင်းသား လက်နက်ကိုင်များအရေး၊ အနောက်ဘက် အိမ်နီးချင်းနိုင်ငံက အခွင့်ကောင်းစောင့်နေသည့် ပြည်ပရန်အရေး၊ စသည့် စသည့် ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းမည့် ကာကွယ်ရေးဝန်ကြီးသည် ဘောင်းဘီချွတ် စစ်ဗိုလ်ချုပ်ဟောင်းလည်း မဟုတ်၊ စစ်ရေးအမြင်ရှိသူလည်း မဟုတ်ပါလျှင် မည်ကဲ့သို့ စခန်းသွားကြပါမည်နည်း။ ကျွန်တော့်လက်တွေ ဆက်ရိုက်ရန် မ၀ံ့ရဲပါသဖြင့် ဤအကြောင်းအရာကို ဆက်မရေးလိုပါ။ ရင်လေးမိပါသည်... စိတ်ပူမိပါသည်... ကျောချမ်းမိပါသည်...။

ဒေါ်စုသမ္မတဖြစ်ပြီ၊ NLD က လွှတ်တော်တွင် အမတ်အများစု ဖြစ်သွားပြီဆိုတော့ မျိုးစောင့်ဥပဒေတွေလည်း မလိုတော့ပါ။ ဘာသာရေးပဋိပက္ခတွေကိုလည်း ထိထိရောက်ရောက် ကိုင်တွယ်အရေးယူ အပြစ်ပေးပါပြီ။ ဘင်္ဂလီတွေ ကိစ္စကလည်း လူ့အခွင့်အရေး ရှုထောင့်အရ လွတ်လပ်စွာ နေထိုင်ခွင့် ရရှိသွားပါပြီ။ OIC ရုံးလည်း မြန်မာပြည်မှာ ဖွင့်ခွင့်ရသွားပါပြီ။ ရခိုင်ဒေသမှ မွတ်စလင် ဒုက္ခသည်တွေအတွက် အာရပ်နိုင်ငံများ၏ အဓိကအထောက်အပံ့ဖြင့် UN ဦးဆောင်သည့် INGO အဖွဲ့အစည်းများက နေရာချထားမှုများ၊ ပြန်လည်ထူထောင်ရေးများ၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ဆောင်ရွက်ပေးကြပါမည်။ ဘာတွေဆက်ဖြစ်နိုင်သည်ကို ကျွန်တော်မရေးလိုတော့ပါ။ တွေးကြည့် ဆင်ခြင်ကြည့်စေလိုပါသည်။ အကယ်၍များ မမျှော်မှန်းနိုင်သည့် ပြဿနာတွေ အနောက်ဒေသမှာ ထပ်ဖြစ်ခဲ့ပါလျှင်၊ တပ်မတော်ကို သမ္မတကြီး ဒေါ်စု (စစ်သေနာပတိလည်းဖြစ်) က အမိန့်ပေးခဲ့ပါလျှင် တပ်မတော်သားများက မည်သို့ တုံ့ပြန်ကြမည်နည်း။ စဉ်းစားစရာဖြစ်ပါသည်။ ကျွန်တော်ကိုဉာဏ် အစိုးရိမ်လွန်နေတာသာ ဖြစ်ပါစေလေ။

ဒီမိုကရေစီစနစ် ပြည့်ပြည့်၀၀ ရပြီဆိုတော့ Freedom of expression ရှိလာသည်မို့ ခွင့်ပြုချက် တောင်းစရာမလိုဘဲ လမ်းတွေပိတ်၊ ပလက်ဖောင်းတွေပိတ်ပြီး ဆန္ဒပြပွဲတွေ၊ ဟောပြောပွဲတွေ လုပ်ကြပါလိမ့်မည်။ ဒေါ်စုမကောင်းကြောင်း၊ NLD ပါတီသည် ထောင်ထွက်ပါတီ၊ ထမီနားခိုစားသည့်ပါတီ၊ မွတ်ဒေါင်းပါတီ၊ လူမိုက်ပါတီသာဖြစ်ကြောင်း အတိုက်အခံ ပြည်ခိုင်ဖြိုးပါတီက ဦးဆောင်၍ ဟောပြောမှုတွေ၊ ဝေဖန်မှုတွေ လုပ်ကြပါလိမ့်မည်။ ပြည်ခိုင်ဖြိုး လွှတ်တော်အမတ်များကလည်း ဒေါ်စုသည် အနောက်နိုင်ငံများ၏ ရုပ်သေးရုပ်ဖြစ်ကြောင်း၊ သူ၏ ပေါ်လစီများသည် အနောက်အလိုကျများသာဖြစ်ကြောင်း၊ ဒေါ်စုသည် တိုင်းတစ်ပါးသားကို အိမ်ထောင်ပြုခဲ့သူ ဖြစ်သည့်အားလျော်စွာ နိုင်ငံခြားသားစီးပွားရေး လုပ်ငန်းရှင်များကို ပြည်တွင်းတိုင်းရင်းသား လုပ်ငန်းရှင်များထက် အရေးပေးကြောင်း၊ အခွင့်အရေးပေးကြောင်း လွှတ်တော်အစည်းအဝေးများတွင် ထည့်သွင်းပြောဆို ဆွေးနွေးကြပါလိမ့်မည်။ ထိုသောအခါ ဒီမိုကရေစီ အစိုးရပီပီ ဒေါ်စုသည် ဘာမျှမပြောဘဲ သည်းခံပါလိမ့်မည်။ အာဏာရပါတီဖြစ်သည့် NLD ကလည်း ဒီမိုကရေစီခေတ်တွင် ဝေဖန်ခံရဲရမည်ဟု နှလုံးပိုက်ကာ သည်းခံကြပါလိမ့်မည်။ ဂျာနယ်သစ်အချို့ ပေါ်လာပြီးနောက် ဒေါ်စုနှင့် ပါကစ္စတန်ကိုကို၊ မမစုအတွက် ရေကူးကောင်းတဲ့ ယက်တော၊ အမေစုနှင့် တစ်ခါတုန်းကတက္ကသိုလ်၊ ကိုယ်ရံတော်လေး ခပ်ငယ်ငယ်၊ စသည့် စသည့် အတည်ပြုရန် ခက်ခဲလှသည့် အကြောင်းအရာများကို ဓာတ်ပုံမြိုင်မြိုင်ဆိုင်ဆိုင်ဖြင့် သူ့ထက်ငါ ရေးသားထုတ်ဝေကြပါလိမ့်မည်၊ ပြည်ခိုင်ဖြိုးမှ ထုတ်ဝေသည့် ပြည်ထောင်စုနေ့စဉ်တွင်လည်း အငြိမ်းစား စစ်ဗိုလ်ချုပ်ကြီးတစ်ဦးက ပင်တိုင်ကော်လံစားဖြင့် သွေးတောင်းတဲ့ဒေါ်စု၊ နိုင်ငံခြားသားနဲ့ ပျော်နေတုန်းက တိုင်းပြည်ကို သတိမရတဲ့မိစု၊ နိုင်ငံတကာပတ်ပြီး ဆုတွေလက်ခံရင်း ပိုက်ဆံတောင်းစားခဲ့တဲ့ ဒေါ်လာသူတောင်းစား စသဖြင့် ထိထိမိမိ စကားလုံးများ၊ တစ်တစ်ခွခွ စကားလုံးများဖြင့် ရေးသားဝေဖန်ပါလိမ့်မည်။ ထို့ပြင် အဆိုပါ စာရေးသူက NLD အစိုးရ မပြုတ်မချင်း စစ်ဆွယ်တာနှင့် စစ်ဘောင်းဘီကို မချွတ်တမ်း ၀တ်မည်ဟုလည်း ကြွေးကြော်ပါလိမ့်မည်။ (ဂျာနယ်အမည်များသည် စန္ဒာလ၀န်း၊ ဟိုလှိုင်း စသည်ဖြင့် ဖြစ်နိုင်ပါသည်) ယခုအရေးအသားများကို ဖတ်၍ ကျွန်တော့်ကို ကလေးဆန်သူ၊ အဆင့်မရှိသူဟု ဆန္ဒစော၍ မဝေဖန်ကြစေလိုပါ။ ကျွန်တော်ပြောခဲ့သည်များသည် အသစ်အဆန်းလုပ်၍ ရေလာမြောင်းပေး လုပ်နေသည့် စကားလုံးများ မဟုတ်ကြပါ။ အားလုံးသည် ကျွန်တော်တို့ သိရှိပြီး၊ ကြုံခဲ့ရပြီး အကြောင်းအရာများ ဖြစ်ကြပါသည်။

ပို့စ်လည်း အတော်ရှည်သွားပါပြီ။ ယခုအချိန်အထိ အချိန်ပေး၍ တလေးတစား စိတ်ရှည်လက်ရှည် ဖတ်ပေးသည့်အတွက် ကျေးဇူးတင်စကား ဆိုပါရစေ။ ဟုတ်ကဲ့.... ကျွန်တော့်ယူဆချက်ဖြင့် နိဂုံးချုပ်ပါရစေ။ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ မဖြစ်စေလိုပါ။ ဘာပုဂ္ဂိုလ်ရေး မကျေနပ်ချက်မျှ မပါပါ၊ ဘယ်လိုသော အမုန်းတရားများမျှ မပါဝင်ပါ။ ကျွန်တော်လို ပီဘိအသေးအမွှားကောင်လေးက ဒေါ်စုလို ပုဂ္ဂိုလ်မျိုးကို ခြေရာမတိုင်းဝံ့သလို၊ မနာလိုဖြစ်စရာလည်း အကြောင်းမရှိပါ။ သို့သော် တိုင်းပြည်ချစ်စိတ်၊ လူမျိုးချစ်စိတ်၊ တိုင်းပြည်ကို တိုးတက်စေလိုစိတ်များတွင်လည်း ဒေါ်စုထက် မလျော့ကြောင်း အသက်နှင့်ထပ်၍ အာမခံဝံ့ပါသည်။ စာဖတ်သူများလည်း ထိုနည်းနှင်နှင် ဖြစ်ကြလိမ့်မည်ဟု ယုံကြည်ပါသည်။ ဒေါ်စုကို သိက္ခာရှိစေချင်ပါသည်၊ ထို့အတူ မြန်မာနိုင်ငံကိုလည်း ဒီမိုကရေစီအာဏာရှင်နိုင်ငံ မဖြစ်စေလိုပါခင်ဗျား။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၄ ခုနှစ်၊ မေလ ၁၉ ရက်၊ တနင်္လာနေ့။
နံနက် ၂ နာရီ ၀၇ မိနစ်တွင်ပြီး၏။

24 comments:

  1. Anonymous9:05 AM

    ကိုဉာဏ့်​စာကို ဆုံး​အောင်​ဖတ်​ပါတယ်​ စိတ်​ချင်းထပ်​တူကျတယ်​ ​ရေရှည်​မှာ ဘာ​တွေဖြစ်​လာမလဲ လို့ န်ုင်​ငံကိုချစ်​စိတ်​​ကြောင့်​ ရင်​​မောရပါတယ်

    ReplyDelete
  2. Anonymous1:20 PM

    ဂါယာသွားရင်းဘာမဆိုင်ညာမဆိုင် ကျောင်းထိုင်ဘုန်းကြီးနဲ့ နိုင်ငံရေးလေးဆွေနွေးမိတယ်။ သာသနာရေးကိုဘေးထားဦး ရခိုင်ဒေသကမ်းရိုးတမ်းကိုကျော် မြန်မာ ကမ်းရိုးတမ်းတစ်လျှောက်သိမ်းပြီး မလေးရှားနဲ့ ဆက်မယ့် ဘင်္ဂါလီအကြံဆိုးနဲ့ .....၀ပြည်ကို ကိုယ်ပိုင်တပ်မတော်ထောင်ပြီး တရုတ်ကြီးရဲ့ ရုပ်သေးအစိုးရ လုပ်မယ့် ကူမင်တန် တရုတ်ဖြူအကြံဆိုးတွေကြား နောင်တက်လာမယ့်အစိုးရရဲ့ လောဘတကြီးအသွင်ကူးပြောင်းရေးအစီအမံတွေကိုတွေးရင်း ကျွန်တော်မောင်မျိုးချစ်တစ်ယောက် ရင်းလေးပါဘိ ကိုဥာဏ်ရယ်.......
    ဂါယာမြေရောက်ခဲ့တဲ့ မောင်မျိုးချစ်

    ReplyDelete
  3. Anonymous3:40 PM

    ဒေါ်စုသည် ဘာမှ လုပ်ပိုင်ခွင့်မရသေးဘဲ တတ်နိုင်သမျှ လုပ်နေရတာ ဖြစ်သေးသည့်အတွက် ဒေါ်စု သမ္မတဖြစ်မလာသင့်ကြောင်း စီကာပတ်ကုံးရေးနိုင်သူအနေနဲ့ တိုင်းပြည်ကို နှစ်ပေါင်းများစွားအုပ်ချုပ်ခဲ့ပြီး ယခုလည်း အရပ်တစ်ဖြစ်လဲအုပ်ချုပ်နေတဲ့ အဖွဲ့အစည်းမှ တစ်ဦးဦး သမ္မတ လုပ်စေသင့် (သို့မဟုတ်) ဆက်မလုပ်သင့်ကိုလည်း ရေးပေးပါ့လား၊

    ReplyDelete
  4. Anonymous4:04 PM

    ဘာပဲပြောပြော အခုလို ရေးသားတင်ပြတဲ့အတွက် အရမ်းကျေးဇူးတင်ပါတယ်.. နိုင်ငံကို လူမျိုးခြားလက်ထဲ မရောက်စေလိုတဲ့ ဆန္ဒတစ်ခုတည်းနဲ့ ဒေါ်စုကို လုံးဝ(လုံးဝ) သမ္မတ မဖြစ်စေချင်တာအမှန်ပါ...

    ReplyDelete
  5. Anonymous5:55 PM

    ဒေါ်စုသည် ဘာမှ လုပ်ပိုင်ခွင့်မရသေးဘဲ တတ်နိုင်သမျှ လုပ်နေရတာ ဖြစ်သေးသည့်အတွက် ဒေါ်စု သမ္မတဖြစ်မလာသင့်ကြောင်း စီကာပတ်ကုံးရေးနိုင်သူအနေနဲ့ တိုင်းပြည်ကို နှစ်ပေါင်းများစွားအုပ်ချုပ်ခဲ့ပြီး ယခုလည်း အရပ်တစ်ဖြစ်လဲအုပ်ချုပ်နေတဲ့ အဖွဲ့အစည်းမှ တစ်ဦးဦး သမ္မတ လုပ်စေသင့် (သို့မဟုတ်) ဆက်မလုပ်သင့်ကိုလည်း ရေးပေးပါ့လား၊

    ReplyDelete
    Replies
    1. ဟုတ်ကဲ့... ကြိုးစားပါ့မယ်။ လက်ရှိအစိုးရကိုလည်း ကောင်းလှပါချည်ရဲ့လို့ ကျွန်တော် မချီးကျူးဖူးပါ။ သို့သော် သူတို့တွေ လုပ်ချင်တိုင်း လုပ်ခွင့်မရအောင် နည်းလမ်းမျိုးစုံနဲ့ တားဆီးခံနေရတာကိုလည်း မြင်အောင် ကြည့်စေလိုပါတယ်။ လက်ရှိအစိုးရမှာလည်း သုံးစားမရတဲ့ တာဝန်ရှိသူတွေ၊ အတွေးအခေါ်ဟောင်း၊ အကျင့်ဟောင်းတွေကို မပြောင်းနိုင်သေးတဲ့ ကိုယ်ကျိုးကြည့် အတ္တသမားတွေ အများကြီးရှိတာ လက်ခံပါတယ်။ ဘယ်တုန်းကမျှ ကျွန်တော် မငြင်းခဲ့ဖူးပါ။ နိုင်ငံတစ်ခုတွင် အတိုက်အခံများ ဖိနှိပ်ခံရသည်ကိုသာ အများစုက မြင်တတ်၊ ပြောတတ်၊ ရေးတတ်ကြပါသည်။ အစိုးရတစ်ရပ် အလုပ်လုပ်လို့မရအောင် အတိုက်အခံတွေက နည်းလမ်းမျိုးစုံနဲ့ နှောင့်ယှက်နေကြတာကိုလည်း မြင်စေချင်တာပါ။ အခုပုံအတိုင်းဆို ဘယ်သူတက်တက် မတက်ရတဲ့လူက အဲဒီလို လိုက်လုပ်မယ်ဆိုတဲ့ အစဉ်အလာဆိုးကြီး အမြစ်တွယ်သွားမှာကို ကျွန်တော်က စိုးရိမ်နေတာပါ။ ကျွန်တော်နဲ့ အမြင်မတူပေမယ့် ညစ်ညစ်ညမ်းညမ်း ရိုင်းရိုင်းစိုင်းစိုင်း စကားလုံးမပါဘဲ ယဉ်ယဉ်ကျေးကျေးပဲ ဝေဖန်တဲ့အတွက် လေးစားမိသလို ကျေးဇူးတင်ပါကြောင်း ပြောပါရစေ။

      Delete
    2. Anonymous3:26 PM

      ဒေါ်စုမှာ လုပ်ပိုင်ခွင့်ဘာမှမရသေးပါ တတ်နိုင်သမျှလုပ်နေရတယ်ဆိုတာယုံပါတယ်ဗျာ..
      ဥပမာ တရားဥပဒေစိုးမိုးရေးကော်မတီ ဥက္ကဌအနေနဲ့ဘာမှမလုပ်နိုင်ပဲ သူတတ်နိုင်တဲ့ အစိုးရမကောင်းလို့ တရားဥပဒေစိုးမိုးရေးမလုပ်နိုင်ကြောင်းမီဒီယာကိုပဲစောက်တင်းပြောသလိုမျိုးပေါ့..

      Delete
  6. တောင်ငူသား8:26 PM

    စာကိုဆုံးအောင်ဖတ်လိုက်ပါတယ်။ သဘောထားချင်းလည်းတူညီပါတယ်။ တကယ်လို့ များ . . မတော်လို့  ဖွဟဲ့လွဲပါစေ ဖယ်ပါစေ . . ဒေါ်စုသာ သမ္မတဖြစ်ခဲ့ရင်တော့ အရမ်းကိုရင်လေးစရာပါ။ ဒီမိုကရေစီနိုင်ငံတစ်ခုဖြစ်ဖို့ အတွက် ဗုဒ္ဓဘာသာ နိုင်ငံတစ်ခုကို စတေးရတော့မှာလား။ စိတ်ရင်းနဲ့ ပဲပြောမယ်ဗျာ။ အဲဒီလိုတော့ အဖြစ်မခံနိုင်ဘူး။ ဒီမိုကရေစီ စံနှုန်းပြည့်တဲ့ အမေရိကန်ကို အားကျပြီးလိုက်လုပ်ဖို့ ဆိုရင် အကြမ်းဖက်မှု တွေကိုနှိမ်နှင်းဖို့ သူတို့ လိုအားရှိဖို့ တော့ လိုလိမ့်မယ်။ ကိုယ့်နိုင်ငံမှာ လာအကြမ်းဖက်သွားတဲ့ အကြမ်း ဖက်သမားကို သူများနိုင်ငံထဲအထိ လိုက်သတ်ဖို့ အင်အား ဒို့ မြန်မာနိုင်ငံမှာရှိပြီလား။ ဆက်မပြောချင်တော့ဘူးဗျာ။ ရင်မောတယ်။ အမှန်အတိုင်းပြောရရင်တော့ ပြည်ခိုင်ဖြိုး NLD ဘယ်သူနဲ့ မှမဆိုင်တဲ့ ကြားလူတစ်ဦး ပေါ်လာစေချင်တာပဲ။ နိုဘယ်ဆုရဖို့ မလိုဘူး။ ခရိုနီဖြစ်ဖို့ မလိုဘူး။ တပ်ထွက်ဖြစ်ဖို့ လည်းမလိုဘူး။ အမျိုးဘာသာသာသနာအကျိုးကို ဆောင်ရွက်နိုင်ရင်တော်ပြီ။

    ReplyDelete
  7. Anonymous10:25 PM

    ကိုဥာဏ်
    ကျွန်တော်က တော့ NLD နဲ့ ဒေါ်စုရဲ့ အမာခံပရိတ်သတ်မဟုတ်ပေမယ့် ကိုဥာဏ်ရေး ထားတာကို ဖတ်မိလို့ ပြန်ကွန်မန့် ပေးလိုက်တာပါ ။ အစ်ကို ပြောသလို မျိုး ဒေါ်စု အာဏာရလို့ အာဏာရူးခဲ့ သည်
    ဆိုပါဆို့ စစ်အာဏာရှင်တွေ ရူး သလောက်တော့ ရက်စက်မယ်မထင်ပါ ။နောက်ပြီး သူသမ္မတ ဖြစ်တာနဲ့ နိုင်ငံတော် လုံခြုံရေးကောင်စီ ကို ဘာကြောင့် ဖျက်မလဲဆိုတာ အကြောင်းပြချက်လေးပေးပါ
    ပြီးတော့ ခု ကျွန်တော်တို့ လိုချင်တာ တရားမျှတသော ပြည်သူတွေအပေါ်သာတူညီမျှ လွတ်လပ်စွာနေထိုင်ရေး ဖြစ်ပါတယ် ဘယ်သူတွေ ဘယ်လို အခွင့်အရေးတွေယူပြီး ဘယ်လိုအရေးမယူခံရတာတွေ
    ကို ဥာဏ်သိပါလေစ ပြီးတော့ ခုလုပ်နေတဲ့ ဌာနဆိုင်ရာ ဘောင်းဘီချွတ်ကော မချွတ်ကော ပြောင်းလဲ လာပြီ ဆိုတဲ့ သမ္မတကြီးလက်ထက် မှာဘယ် နှစ်ယောက် အေ၇းယူခံရတယ် ကြားသလဲဗျာ ။
    ကျွန်တော်ပြောချင်တာက စစ်တပ်မှာ full power ရှိနေတာကို ပြောတာပါ ။အ၇ပ်သား ၀န်ကြီး များ ဒုဝန်ကြီးအဆင့်သာများပါတယ် .ကိုဥာဏ်တို့ မှာငါတို့ က အုပ်ချုပ်သူ မင်းတို့ က အုပ်ချုပ်ခံ ဆိုတဲ့
    အရိုး ဆွဲနေတဲ့ mindsets များကို ပြန်သုံးသပ်စေချင်ပါတယ်။ ကျွန်တော် တစ်ခုမေးချင်ပါတယ် ကိုဥာဏ် ပြည်သူတွေနဲ့ နီးနီးစပ်စပ်နေကြည့် ပြီးပြီလား . သေချာကော ပြည်သူတွေ ဘာကိုလိုအပ်တာလည်း
    ဆိုတာကော ။သိပြီလားဗျာ ။ ထိုင်ခုံ ပေါ်ကနေ မိဘပြည်သူများ ခင်ဗျာ ဆိုပြီး ပါးရိုက်မယ်ဆိုသော ထမင်းလျှော့စားခိုင်းသော ပိုလျှံလို့ေ၇ာင်းစားရပါတယ်ဆိုသော ၀န်ကြီးများကို ၀န်းရံနေရသော
    သမ္မတ ကြီးကို လည်း တကယ်သနားပါတယ် ။အစ်ကို ပြောတဲ့ အပြန်အလှန်ထိန်းကျောင်းတယ် ဆိုတာ အဲဒါမ်ျိုးလား မေးချင်ပါတယ်။ပြီးတော့ အရင်အစိုးရလက်ထက် တဖက်သတ်ရေးခွင့် ပိုင်စိုးတော်
    မူသော ဖေကံကောင်းတို့ ပေါက်စ တို့ ထက်တော့ ခု ရေးနေကြတဲံ Media ( သူရိယနေ၀န်း လို မျိုးမဆိုလိုပါ) များ တော်ပါသေးတယ်လို့ ယူဆပါတယ်။ အတိုက်အခံကို ငါးစိမ်းသယ်ရန်တွေ့ ပြောသ
    လို လက်ရှိ အစိုးရကို ထိုနည်း နှင်နှင် ပြောနေကြသူများကိုတော့ နှစ်ဖက်လုံး တွေ့ရတာမဆန်းပါဘူး ။ဒေါ်စု သမ္မတဖြစ်လို့ အာဏာရူးသွားမယ်ဆိုတာ လက်ခံလို့ရတယ် ဗျာထားဦး.ကြံ့ခိုင်ရေးကကောင်
    တွေ စစ်တပ်ကလူတွေထောင်ချ ကွာ နှိပ်စက်ကွာတော့ လုပ်မယ် မထင်ပါ။ အလွန်ဆုံးထိုင်း မှာ ယင်လတ်ဆင်းပေး ရသလောက်ပဲ ဖြစ်မယ်။အစ်ကို ပြောသလိုတော့ မဟုတ်ပါ ။အဲဒီတော့ အစ်ကို
    အရမ်းချစ်တဲ့တိုင်းပြည်ကြီး အတွက် အရမ်းမစိုးရိမ် ပါနဲ့ အစ်ကို တို့ အဘတွေ လက်အောက်ကလွှတ်ရင် ကျွန်တော်တို့ တော်ပါပြီ။ အဲလောက်ဆို အစ်ကိုတို့ တိုင်းပြည်ချစ်တယ်ဆိုတာ ကျွန်တော်ယုံပါမယ်
    ဒေါ်စု သမ္မတ ဖြစ်ရန်ငြင်းနေတာမဟုတ်ပါ ...ပြည်သူနဲ့ နီးစပ်အောင်နေပေးပါ ။ပြည်သူတွေကောင်းစားအောင်လုပ်ပေးရင် ဘယ်အစိုးရဖြစ်ဖြစ်ကြည်ညိုပါ့မယ်။
    ခုတော့ အစ်ကို တို့ရဲ့ စီးပွားရှာတတ်လွန်းတဲ့ ဦးပိုင်ရယ် ဥာဏ်ပြေးလွန်းတဲ့ ၀န်ကြီးတွေရယ်ကြောင့် လောလောဆယ် သူ့ပဲ အားကိုး စရာဖြစ်နေလို့ပါ။စိတ်ချ သူ့ထက်စိတ်ချရသူ ပေါ်လာရင်လည်း
    ကျွန်တော်တို့ ထိုသူကိုပဲ ထောက်ခံသွားမှာ ပါ။ကျေးဇူး ပြုပြီး မျိုးစောင့် ဥပဒေတို့ ကုလားတို့ နဲ့ မှိုင်း မသွင်းပါနဲ့ ကုလားတရုတ်တွေနဲ့ လုပ်စားနေကျတာလည်း ဒီအစိုးရ ၀န်ကြီးများဖြစ်နေလို့ပါ။ အာရှမှာ စင်္ကာပူ ဂျပန် တောင်ကိုရီးယား ဥရောပမှာတော့နိုင်ငံတော်တော်များများ စစ်တပ်ကအဲလို အာဏာယူထားတာ၇ှိလား ပြောပြ ပါဦး သမ္မတကြီး ပြောနေတဲ့ ကောင်းမွန်သန့်ရှင်းတဲ့ အစိုးရကြောင့် နေမှာပါ။ အဲလိုဖြစ်ချင်ရင်တော့ အစ်ကိုတို့လည်း
    စဉ်းစားပါဦး ပြည်သူတွေလည်း ကြိုးစားပါမယ်။

    ReplyDelete
    Replies
    1. ကျွန်တော့်စာကို စိတ်ဝင်တစား ဖတ်ပေးသည့်အတွက်ရော၊ ကွန်းမန့်ရှည်ကြီးဖြင့် ဝေဖန်ပေးသည့်အတွက်ရော ကျေးဇူးတင်ရှိပါကြောင်း ဦးစွာ ပြောကြားလိုပါသည်။ အမှန်ဆိုလျှင် ယခုပို့စ်အတွက် ပြင်းထန်ရိုင်းစိုင်းသော စကားလုံးများဖြင့် တုံ့ပြန်ခံရလိမ့်မည်ဟု ကျွန်တော် မျှော်လင့်ထားခဲ့ပါသည်။ သို့သော် ဤနေရာတွင် အမြင်မတူသူများ ၀င်ရေးသော ကွန်းမန့်များကိုဖတ်၍ ကျွန်တော်အံ့သြရသလို၊ ထိုသူများကို မည်သူမှန်း မသိစေကာမူ လေးစားရပါသည်။ ဒေါ်စုကို အာဏာရူးသည်ဟု ကျွန်တော် မစွပ်စွဲလိုပါ။ သို့သော် သူမဟုတ်ဘဲ အခြားတစ်ယောက်ယောက်ကြောင့် တိုင်းပြည်တိုးတက်သွားသည် ဆိုသည့်အချက်ကို သူ လက်ခံချင်စိတ် မရှိကြောင်းကိုတော့ ကျွန်တော့်အယူအဆအဖြစ် တင်ပြပါရစေ။ ဆိုလိုသည်မှာ သူ သမ္မတဖြစ်လာခြင်းကြောင့် နိုင်ငံရဲ့ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးတွေ တိုးတက်သွားတယ် ဆိုတာမျိုးကို သူက ဖြစ်ချင်၊ လိုချင်နေပါသည်။ ဦးသိန်းစိန် အစိုးရရဲ့ ကြိုးပမ်းဆောင်ရွက်မှုကြောင့် တိုင်းပြည်က အရွေ့တစ်ခုသို့ ဦးတည်သွားသည်ဟူသော ရလဒ်မျိုးကို သူမလိုချင်ပါ။ ကျွန်တော်တို့တွေ အပေါ်ယံ ပြိုင်ဆိုင်မှုများ၊ ပွတ်တိုက်မှုများကိုသာ မကြည့်ဘဲ အစိုးရယန္တယားကို အနှောင့်အယှက်ဖြစ်အောင် နိုင်ငံအ၀ှန်း မတည်ငြိမ်မှုများဖြစ်အောင် လုပ်ဆောင်နေကြသည်ကိုလည်း မြင်အောင်ကြည့်စေလိုပါသည်။ ထို့အတွက် သီးသန့်ပို့စ်တစ်ခုရေး၍ ကျွန်တော့်အမြင်များကို တင်ပြပါဦးမည်။ ကျွန်တော့်ကို စစ်တပ်အတွက် ရှေ့နေလိုက်ပေးနေသူ၊ စစ်တပ်လိုလားသူအဖြစ် မမှတ်ယူစေလိုပါ။ လက်ရှိအခြေအနေတွင် တပ်မတော်က အာဏာသိမ်းယူမည့် မည်သည့်ဖြစ်ရပ်မျိုးကိုမဆို ကျွန်တော် မလိုချင်ပါ။ ဒါက ကျွန်တော့် ခံယူချက် ဖြစ်ပါသည်။ စစ်တပ်ကို နိုင်ငံရေးတွေနှင့် ဝေးဝေးနေစေချင်ပါသည်။ ကျွန်တော်တို့နိုင်ငံ ဖြတ်သန်းခဲ့သည့် အနေအထား၊ အခြေအနေအရ လက်ရှိအချိန်တွင် စစ်တပ်မှ အနားယူလာသည့် ဗိုလ်ချုပ်ဟောင်းများ၊ ဗိုလ်ချုပ်ကြီးဟောင်းများက နိုင်ငံရေးတွင် တစ်နည်းတစ်ဖုံ ပါဝင်ပတ်သက်နေဦးမည်မှာ သေချာသလောက် ဖြစ်ပါသည်။ ထိုအချက်သည် စစ်တပ်နှင့် မပတ်သက်ပါ။ ယူနီဖောင်းဝတ်များဖြင့် သူတို့ နိုင်ငံရေးလုပ်နေခြင်း မဟုတ်ပါ။ နိုင်ငံရေးလုပ်လို၍ စစ်တပ်ကထွက်ကြသည်။ ရွေးကောက်ပွဲဝင်ကြသည်။ အနိုင်ရသူတွေ အမတ်ဖြစ်ကြသည်။ သမ္မတက သဘောကျသူတွေကို ၀န်ကြီးခန့်သည်။ ထိုမျှသာ ဖြစ်ပါသည်။ လက်ရှိအစိုးရအဖွဲ့တွင် အသုံးမကျတဲ့လူတွေ ပါဝင်နေတယ်ဆိုတာ လူတိုင်းသိပါသည်။ ကျွန်တော်လည်း မငြင်းပါ။ သမ္မတကြီးလက်ထက်မှာ ဘယ်သူ့ကို အရေးယူခဲ့ဖူးလို့လည်းဆိုတော့ ရှိခဲ့ပါသည်၊ ပြန်လေ့လာစေလိုပါသည်ဟု အကြံပြုလိုပါသည်။ အရမ်းကာရော မကောင်းတိုင်း အရေးယူလုပ်ဖို့အတွက်တော့ အခက်အခဲ ရှိလိမ့်မည်ကို ကျွန်တော်တို့ နားလည်ပေးရပါလိမ့်မည်။ ကျွန်တော်တို့ ဒီမိုကရေစီသည် ၄ နှစ်သားပဲ ရှိပါသေးသည်။ အခြားသော ၀ါရင့် ဘိုးအေနိုင်ငံကြီးများနှင့် မနှိုင်းယှဉ်ပါနှင့်ခင်ဗျာ။ အဲဒီနိုင်ငံတွေရဲ့ ပထမဆုံးသော ဒီမိုကရေစီ အတွေ့အကြုံတွေကိုလည်း လေ့လာစေလိုပါသည်။ များများမကြည့်ပါနှင့်... ဒီမိုကရေစီ ချန်ပီယံဆိုသော အမေရိကန်နိုင်ငံတွင်ပင် ဒီမိုကရေစီသက်တမ်း ဘယ်လောက်ရောက်မှ လူဖြူလူမည်း ခွဲခြားမှု ပပျောက်သွားပါသလဲ၊ နှစ်ပေါင်းဒီလောက် ကြာတဲ့အထိ ဘာဖြစ်လို့ အမျိုးသမီးသမ္မတ မတက်နိုင်သေးတာလဲ၊ စသည့် မေးခွန်းများကို လေ့လာ၍ ဖြေကြည့်စေလိုပါသည်။ မြန်မာ့ဒီမိုကရေစီ အရှိန်ရလာသည်နှင့်အမျှ၊ တည်ငြိမ်ရင့်ကျက်လာသည်နှင့်အမျှ အစိုးရအဖွဲ့ တာဝန်ရှိသူတွေက သူတို့တာဝန် သူတို့သိလာကြသလို၊ စကားကို အဆင်အခြင်မဲ့ပြောတာတွေလည်း လျော့ပါးလာပါလိမ့်မည်၊ ပြည်သူတွေ အသိရေချိန် မြင့်လာသည်နှင့်အမျှ သူတို့အကျိုးကို ထမ်းဆောင်မည့်သူကို မှန်မှန်ကန်ကန် ရွေးချယ်လာပါလိမ့်မည်။ ယခု ကျွန်တော်တို့ ပြောနေကြသည်က ဆန္ဒတွေ စောနေကြလွန်းတာကို ဖြစ်ပါသည်။ ပေးထားချက်ပုစ္ဆာအတိုင်း မတွက်ချက်လိုဘဲ ပုစ္ဆာအသစ်တစ်ပုဒ် ကိုယ်တိုင်ရေး၍ တွက်ချင်နေကြ၍ ဖြစ်ပါသည်။ မျိုးစောင့်ဥပဒေတို့ ကုလားတို့နဲ့ ကျွန်တော်ဘယ်တုန်းကမျှ မှိုင်းမသွင်းခဲ့ဖူးပါ။ ကျွန်တော့်ပို့စ်အဟောင်းတွေကို ပြန်ဖတ်ကြည့်စေလိုပါသည်။ ဘာသာရေးနှင့် ပတ်သက်၍ မရေးလို၍သာ ကျွန်တော်လက်ရှောင်ခဲ့သည်သာ ရှိပါသည်။ ပြောရလျှင် ကျွန်တော်က ပေးထားချက်ကို နားလည်ပါသည်။ မျိုးစောင့်ဥပဒေကိစ္စကို သည်းသည်းလှုပ် ဖြစ်နေကြချိန်တွင် (အတိုက်အခံတွေ ပြောသလို ပြောရလျှင် ပြည်သူတွေအများစုက စိတ်ဝင်တစား ပါဝင်ဆောင်ရွက်နေကြချိန်တွင်)၊ ထို့ပြင် အဆိုပါဥပဒေကို ကျွန်တော်တို့က နာမည်ကြားရုံ၊ ဘာအကြောင်းအရာကွဟု အကြမ်းဖျဉ်းသိရုံမျှနှင့် ဝေဖန်မှု မပြုသင့်သေးဟု ယူဆသည့်အတွက် ဘာမျှ မပြောမရေးခြင်းပါ။ ထိုဥပဒေကြမ်းကို အများပြည်သူ သိရှိအောင် ထုတ်ပြန်ချိန်တွင် ကောင်း၏၊ ဆိုး၏ ကျွန်တော့်အမြင်များကို ဝေဖန်ရေးသားဦးမည်သာ ဖြစ်ပါသည်။ ကျွန်တော်ဘာကို ဆိုလိုသည်ကို နားလည်နိုင်လိမ့်မည်ဟု ယူဆပါသည်။ ယဉ်ကျေးသော ဝေဖန်မှုအတွက် ကျေးဇူးတင် လေးစားရပါကြောင်း ထပ်မံပြောကြားလိုပါသည်။ ပြောချင်တာတွေ များနေသည့်အတွက် စကားတွေ ဟိုရောက်ဒီရောက် ဖြစ်သွားခဲ့ရင် နားလည်ပေးပါ။

      Delete
    2. Anonymous5:18 PM

      ကိုဥာဏ် လည်း ဒီလို flexible ကျ ကျ ပြန်ဖြေတာ သဘောကျ ပါတယ် ။ဥပမာ ကျွန်တော် ဖေ့ဘုတ် မှာ မှူးဇော် postများဆို သဘောကျ စွာ ဖတ်ပါတယ်။ဒါပေမယ့် ဦးရဲထွတ် post များကို ကျွန်တော် များသောအားဖြင့် လုံးဝခံစားလို့ မရပါ။ ပြန်ကြားရေးဝန်ကြီး တစ်ယောက်အနေနဲ့ တခါတခါ ကလေးအတော်ဆန် ပါတယ် ။ပုဂ္ဂိုလ်ရေး မုန်းတီးလို့ မဟုတ်ပါ နိုင်ငံတော်ကို သစ်မရခင် ၀ါးကွပ် မည့် အခြေအနေတွင် မှူးဇော်လို လုမျိုး ကျွန်တော် ကြိုက်ပါသည် ဦးရဲထွဋ်နဲ့ ၀န်ကြီးရမ်းကားများကြောင့် ဘောင်းဘီချွတ် အစိုးရ သြဇာ လျော့လာသည်ဟုမြင်ပါတယ် ။ဥိးသိန်းစိန် အစိုးရကို ပထမ သက်တမ်း ၂ နှစ်လောက်ထိ ယုံကြည်ခဲ့ ပါတယ် နောက် ပိုင်း သမ္မတ အရှိန် အ၀ါက ခုနကပြောတဲ့ လူ သရမ်းများကြောင့် မှေးမှိန်ရပါတယ် ။ ဒေါ်စု ဘက်မှာလည်း ဒီလိုလူတွေရှိပါတယ် ချိန်ခွင်လျှာညှိရန် လိုတယ်လိုံယူ ဆ ပါတယ် ။ ဘာပဲပြောပြော မွတ်ဒေါင်းတို့ စစ်ခွေးတို့ အပြန်အလှန် အော်သံ တွေကြား မှာ အမြင်မတူပေမယ့် ယဉ်၂ ကျေး၂ ကွဲလွဲရတာ အဆင်ပြေပါတယ်။ thanks

      Delete
    3. Anonymous11:49 PM

      ကျွန်တော်တို့နိုင်ငံ ဖြတ်သန်းခဲ့သည့် အနေအထား၊ အခြေအနေအရ လက်ရှိအချိန်တွင် စစ်တပ်မှ အနားယူလာသည့် ဗိုလ်ချုပ်ဟောင်းများ၊ ဗိုလ်ချုပ်ကြီးဟောင်းများက နိုင်ငံရေးတွင် တစ်နည်းတစ်ဖုံ ပါဝင်ပတ်သက်နေဦးမည်မှာ သေချာသလောက် ဖြစ်ပါသည်။ ထိုအချက်သည် စစ်တပ်နှင့် မပတ်သက်ပါ။ ယူနီဖောင်းဝတ်များဖြင့် သူတို့ နိုင်ငံရေးလုပ်နေခြင်း မဟုတ်ပါ။ နိုင်ငံရေးလုပ်လို၍ စစ်တပ်ကထွက်ကြသည်။ ရွေးကောက်ပွဲဝင်ကြသည်။ အနိုင်ရသူတွေ အမတ်ဖြစ်ကြသည်။ သမ္မတက သဘောကျသူတွေကို ၀န်ကြီးခန့်သည်။ ထိုမျှသာ ဖြစ်ပါသည်။ Saya Nyan, You reply like this, don't you ? Please open your eyes ! Why you replied like this though every Myanmar citizens, even your students know the truth and reality.

      Delete
  8. ကျွန်တော့်ပို့စ်ကို လာဖတ်ကြသူတွေနှင့် ကွန်းမန့်ဝင်ရေးကြသူတွေ အားလုံးကို ကျေးဇူးတင်ရှိပါသည်။ အမြင်တူသူများရော အမြင်မတူသူများကိုပါ လှိုက်လှဲစွာ ကြိုဆိုလျက်ပါခင်ဗျာ။

    ReplyDelete
    Replies
    1. Anonymous12:11 AM

      Saya Nyan, You see like this, don't you? " ကျွန်တော်တို့နိုင်ငံ ဖြတ်သန်းခဲ့သည့် အနေအထား၊ အခြေအနေအရ လက်ရှိအချိန်တွင် စစ်တပ်မှ အနားယူလာသည့် ဗိုလ်ချုပ်ဟောင်းများ၊ ဗိုလ်ချုပ်ကြီးဟောင်းများက နိုင်ငံရေးတွင် တစ်နည်းတစ်ဖုံ ပါဝင်ပတ်သက်နေဦးမည်မှာ သေချာသလောက် ဖြစ်ပါသည်။ ထိုအချက်သည် စစ်တပ်နှင့် မပတ်သက်ပါ။ ယူနီဖောင်းဝတ်များဖြင့် သူတို့ နိုင်ငံရေးလုပ်နေခြင်း မဟုတ်ပါ။ နိုင်ငံရေးလုပ်လို၍ စစ်တပ်ကထွက်ကြသည်။ ရွေးကောက်ပွဲဝင်ကြသည်။ အနိုင်ရသူတွေ အမတ်ဖြစ်ကြသည်။ သမ္မတက သဘောကျသူတွေကို ၀န်ကြီးခန့်သည်။ ထိုမျှသာ ဖြစ်ပါသည် "Why did you explain like this? Please think about truth and reality.
      A blind man never finds the ugly face of ghosts ?

      Delete
  9. ဒါတွေ ဖြစ်မလာပါဘူးလို့ ဘယ်သူပြောနိုင်မှာလည်း..

    ReplyDelete
    Replies
    1. မြန်မာ့အင်တာနက်နှင့် သုံးသူတစ်ဦးဟု ယူဆပါသည်။ ကွန်နက်ရှင်း မကောင်းသည့်ကြားက တကူးတက လာဖတ်သည့်အတွက်ရော၊ ကွန်းမန့်ပေးသည့်အတွက်ပါ ကျေးဇူးတင်ပါသည်။ ကွန်းမန့်တစ်ခုတည်းကို ၄ ခါ ဖြစ်နေ၍ ကျန်သည့် ၃ ခုကို ဖျက်ပစ်လိုက်ရခြင်းကို နားလည်ပေးစေလိုပါသည်။

      Delete
  10. Anonymous8:18 PM

    Dear All,
    Please try to understand our country situation nowadays. Myanmar military should be involve in politics for quite some time to protect National Interest as there are take time to set up;
    (1)Bagali issue
    (2)State peace & development
    (3)Sovereign
    (4)Society who can survive democracy under control /discipline.

    Actually Daw Su love power not our country because she let Myanmar down many times.
    To be clear our mind, We can survive without Daw Su but Our country cann't survive without Myanmar's Military. It is reason why I like to be say as I love our country.

    However Time will tell true. Good luck our country.

    Hence I,myself has been lived in aboard since 2007 but everyday I wish my country healthy & prosperity.

    ReplyDelete
  11. Anonymous1:21 PM

    ကျွန်တော်လည်း ဒေါ်စုကိုမမုန်းပါဘူး။နိုင်ငံခြားသားနဲ. အိမ်ထောင်ကျခဲ့ တာကို လည်း အပြစ်တစ်ခုလို. မမြင်ပါဘူး။ ဒါပေမယ့် တစ်ဦးတစ်ယောက်အတွက်နဲ. တော့ နိုင်ငံတစ်ခုရဲ. ဥပဒေကို ပြင်တာမျိုးတော့ မဖြစ်စေချင်တာအမှန်ပါ။ ခုပြင်လိုက်မယ်ဆိုရင် ဒေါ်စုသမ္မတမလုပ်တော့ တဲ့ နောက်ငါးနှစ်နောက်ပိုင်း ကို တွေးရင်း၇င်မောပါတယ်။ မြန်မာနိုင်ငံ ကို ကမ္ဘာ.မြေပုံပေါ်မှာ အမြဲလှလှပပမြင်ချင်တယ်။ မြန်မာနိုင်ငံရဲ. အနောက်တံခါးကို ကာကွယ်ပေးနိုင်ပြီး ကချင်ပြည်နယ်က တိုင်းရင်းသားတွေကို ကိုယ့်အိမ်မှာကိုယ် အေးဆေး အိပ်စေချင်တယ်။ မြန်မာနိုင်ငံကို တကယ်ချစ်ပြီး မြန်မာနိုင်ငံသားတွေအတွက် ကောင်းအောင်လုပ်နိုင်တဲ့ ဘယ့်သူ.ကို မဆိုထောက်ခံပါတယ်။ သမ္မတဖြစ်မှ လုပ်လို. နိုင်ငံကောင်းကြိုးကို လုပ်လို.ရတားလား၊ နိုင်ငံကို ချစ်တယ်လို.ပြလို.ရတာလား?။

    ReplyDelete
  12. Anonymous10:13 PM

    my father said our people are so sensitive that they are not ready for democracy.
    Instead of beating bushes,I simply do not like DSSK nor believe her nld.
    Why don't you tell the stories about invasions which they don't even know That our army sacrifices?
    One thing for sure!
    DSSK will kiss a.. for other gov;,She kick a... of our army.

    ReplyDelete
  13. Anonymous2:04 PM

    အကောင်းဆုံးကတော့...ပုဒ်မ ၄၃၆ ကိုလုံးဝမပြင်ပါနဲ့...(၉၅) စ ကိုလည်း..မပြင်ပါနဲ့..ပြင်ချင်ရင်..ပညာရေး..နဲ့..စီးပွားရေးပုဒ်မတွေကို..ပြင်ပါ...ဒေါ်စုမရှိလည်း..မြန်မာပြည်က.အေးဆေးပါ..ဒေါ်စု..သမ္မတဖြစ်လျှင်..မြန်မာနိုင်ငံဆိုတာ.ကမ္ဘာမြေပုံပေါ်က.ပျောက်သွားနိုင်ပါတယ်..

    ReplyDelete
  14. Anonymous12:15 AM

    Ko Nyan, please tell me what do you expect or will like to see who or which party will become the government or power after 2015. I presume you clearly don't want Daw Su for the president so please tell me who is in your mind to be the best for our country? I hope you will answer me. Thanks.

    ReplyDelete
  15. Anonymous10:49 AM


    ဒေါ်စု ယခု တရုတ်က မြန်မာမြေကိုကျူးကျော်ပြီးမှတ်တိုင်စိုက်နေတယ် ဒီဗွီဘီ သတင်းမှာတွေ့လိုက်တယ် ၊ကုလားတွေက
    ဘူးသီးတောင်၊မောင်တောမြေကိုတောင်းနေတယ် မတောင်းကြမလုပ်ကြပါနှင့်လို့တစ်ခွန်းမှမပြောပါလား။နိုင်ငံကိုချစ်တယ်
    ဆို ဘယ်လိုချစ်တာလဲ။

    ReplyDelete
  16. Anonymous12:27 PM

    စစ်ခွေးလေးများတွင် ရှိသင့်သည် အရည်အချင်းများ
    =============================

    စစ်နွားလို့သုံးထားတဲ့ ကဗျာလေး တစ်ပုဒ်ဖတ်မိလို့ပါ။ စစ်ခွေးလို့ ဘာကြောင့်ခေါ်တယ်ဆိုတာ မသိတဲ့သူတွေကိုပြောပြချင်ပါတယ်။ စစ်သားအားလုံးကို စစ်ခွေးလို့မခေါ်ကြပါဘူး ....

    စစ်ခွေးဟု အခေါ်ခံရနိုင်ဖို့အတွက် အောက်ပါအရည်အချင်းများနဲ့ ပြည့်စုံရန် လိုအပ်ပါတယ်။

    ၁။ အာဏာရှင်လုပ်သမျှအမှန်ပဲလို့ထင်ပြီး လူလို မစဉ်းစားနိုင်တဲ့ စစ်သားဖြစ်ရပါမယ်

    ၂။ ကိုယ့်ဝတ်စုံနဲ့ မတူတဲ့သူတိုင်းကို ဘယ်သူဖြစ်ဖြစ် ခွေးတစ်ကောင်လို ဟောင်တတ်ရပါမယ်။ ဘာမေးမေး ဖင်ပိတ်ပြီး ငြင်းနိုင်တဲ့သူဖြစ်ရပါမယ်။

    ၃။ အာဏာရှင်ကျွေးသမျှလောက်ပဲ အရိုးအရင်း ကိုက်နေရသူဖြစ်ရမည်ဖြစ်ပြီး နောက်ထပ် ဘာကျွေးဦးမလဲ ခေါင်းမော့ပြီး မျှော်နေတတ်သူဖြစ်ရပါမယ်

    ၄။ စစ်တပ်ပြင်ပက လူတွေ(ပြည်သူ) ကိုလည်း သူတို့လို တသွေးတသံတမိန့် ဖြစ်စေလိုချင်စိတ် ရှိသူဖြစ်ရပါမယ်

    ၅။ ကျေးဇူးရှင်အစစ်က ဦးသန်းရွှေ ၊ ဦးသိန်းစိန်နဲ့ တရုတ်လို့ မြင်နေသူဖြစ်ရပါမယ်

    ၆။ စစ်ထဲဝင် သင်တန်းတက်ရင်း ဘယ်လိုရမှန်းမသိတဲ့ငွေတွေနဲ့ ချမ်းသာရင်ချမ်းသာ ၊ မချမ်းသာရင် မြေကွက်အများကြီး ပိုင်ဆိုင်နိုင်ရပါမယ်

    ၇။ တရုတ်မှလွဲပြီး တိုင်းရင်းသားအားလုံးနှင့် အချန်မရွေး တိုက်ရဲသူဖြစ်ရပါမယ်။ ကုလား မုန်းလိုက် ကရင်မုန်းလိုက် ကချင်ကိုဖြဲလိုက်နဲ့ ဗလောင်းဗလဲကို အချိန်မြန်လုပ်နိုင်သူဖြစ်ရပါမယ်။

    ၉။ ဗမာအတွက် အထူးပြုအနေနဲ့တော့ ပြည်သူအားလုံးသည် ရောင်စုံသူပုန်ဟု မျက်စိထဲတွင်မြင်နေသူဖြစ်ရပါမယ် ....

    ၁၀။ ဦးသန်းရွှေ ၊ ဦးခင်ညွန့် ၊ ဖိုးလပြည့် ... နေဇင်လတ် ... စသူတို့ကို လေးစားရမည်ဖြစ်ပြီး ၂၅% သော လွှတ်တော်တွင်း စစ်သည်ကိုယ်စားလှယ်များနှင့်ကြံ့ဖွံ့ပါတီ စသည်တို့အပြင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား မျက်စိမှိတ် ထောက်ခံသူဖြစ်ရပါမယ်။ ၅ လောင်းပြိုင်ကိုလည်း မသိချင်ယောင်ဆောင်တတ်ရပါမယ်။ မြစ်ဆုံ ကိစ္စလည်း နားပိတ်ထားတတ်ရပါမယ်။ ဂက်စ်ရောင်းတာလည်း နားမလည်ချင်ယောင်ဆောင်တတ်ရပါမယ်။

    ၁၁။ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း မုန်းတီးရမည်ဖြစ်ပြီး လိုအပ်လျှင် ဗိုလ်ချုပ်အောင်ဆန်း၏ပုံရိပ်နှင့် ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းတို့ကိုလည်း မျက်နှာပြောင်တိုက်၍ ကိုးကားတတ်ရပါမယ်။

    အခုလောက်ဆို မိတ်ဆွေများလည်း စစ်ခွေးတစ်ကောင်ဖြစ်ဖို့ ဘယ်လောက်ခက်ခဲမည်ဆိုတာကို ကိုယ်ချင်းစာ၍ ရနိုင်လောက်ပြီဟု ယုံကြည်ပါတယ်။ စစ်ယူနီဖောင်းဝတ်ထားမှ စစ်ခွေးအဖြစ် ခံယူနိုင်မည်ဟု မဆိုလိုပါ။ ရပ်ကွက်ရုံး ဥက္ကဌအချို့မှာတောင်မှ အထက်ပါ စစ်ခွေးတို့အရည်အချင်းများနှင့် ပြည့်စုံနေတတ်သည်ကို သတိချပ်သင့်လှပါသည်။

    အထက်ပါအချက်အားလုံးနှင့်ဖြစ်စေ ... အချက်တစ်ခုခုဖြင့် ဖြစ်စေ ငြိစွန်းတိုက်ဆိုင်နေပါက စစ်ခွေးဟု သတ်မှတ်နိုင်ပါသည်။ စစ်သားနှင့် စစ်ခွေး လုံးဝကွဲပြားပါသည်။
    အင်္ဂလိပ်ကို တိုက်ထုတ်စဉ်က တိုင်းရင်းသားအားလုံး ပါဝင်ဆင်နွှဲကြသကဲ့သို့ ပြည်ပရန် ကာကွယ်ဖို့သာ ရည်ရွယ်သော ... အမိမြေကို ကာကွယ်ချင်သည့်သူကို စစ်သားဟုခေါ်ပါသည်။

    တနည်းအားဖြင့် နိုင်ငံတော် ကာကွယ်ရေးတာဝန်ကို အရိုးကျေကျေ အရည်ခမ်းခမ်း ထမ်းဆောင်ရန် အသင့်ရှိသော လူလိုသိသည့် တပ်မတော်သားသည် စစ်ခွေး မဟုတ်ပါ။ ပြည်သူ့တပ်မတော်သားပင်ဖြစ်ပါသည်။ ထို့ကြောင့် စစ်ခွေးဟု ပြောတိုင်း စစ်သားအားလုံး နာစရာမလိုအပ်ပါ။

    ကျုပ်ရေးသမျှအချက် ၁၁ ချက်ကို မနက်မျက်နှာသစ်တိုင်း တိုက်ဆိုင်ကြည့်၍ မိမိကိုယ်ကိုယ် စစ်ခွေးဟုတ်မဟုတ် မြန်မာ့တပ်မတော်သားများ အပါအ၀င် ခွေးစိတ်ဝင်နေသောသူများအနေဖြင့် စမ်းသပ်ကြည့်နိုင်ရန်ရည်ရွယ်၍ မေတ္တာရှေ့ထားရေးသားလိုက်ရပါတယ်

    စစ်ခွေးတွင် မျိုစုံရှိနိုင်ပါတယ်။ ဥပမာ ... ကချင်စစ်ခွေး ၊ ကရင်စစ်ခွေး ၊ ရှမ်းစစ်ခွေး၊ ဗမာစစ်ခွေး ... စသည်ဖြင့် အမျိုးပေါင်းစုံ ရှိနိုင်ပါတယ်။ ဘယ်စစ်ခွေးမှ မကောင်းပါ။

    တိုင်းရင်းသားအားလုံးအနေနဲ့ စစ်ခွေးများအား ကိုယ့်တိုင်းရင်းသားစစ်ခွေးကို ကိုယ်တာဝန်ယူ၍ လိမ္မာယဉ်ကျေး လက်ပေးတတ်အောင် သွန်သင်ထိန်းသိမ်း တာဝန်ယူသင့်လှပါတယ်။
    ထိုမှသာ ဘူးလက်ပေးခံရခြင်း (ကျည်ဆံထည့်ထားသော သေနတ်ဖြင့် ပစ်ခံရခြင်းကိုဆိုလိုပါတယ်) အသက်အိုးအိမ်စည်းစိမ် ဆုံးရှုံးရခြင်း ... စစ်ရှောင်ရခြင်း ၊ လယ်ကွင်းထဲ သေနတ်ပြ ခြိမ်းခြောက်ခံရခြင်းတို့အပြင် နိုင်ငံတော် သယံဇာတများ ခိုးရောင်းစားခံရခြင်းစသည့် ဒုက္ခအပေါင်းမှ လွတ်ကင်းဖို့ နီးစပ်ပါလိမ့်မယ်။

    ထို့ကြောင့် ကျွန်ုပ် အောင်ကြီးမှ ပြည်သူများ၏ ရှေ့ရေးနှင့် ချမ်းသာမှုကို ရှေးရှု၍

    "တိုင်းရင်းသားအားလုံး ဒုက္ခကင်းဖို့ စစ်ခွေးများကိုလက်ပေးသင်စို့" ...

    ဆိုတဲ့ ဆောင်ပုဒ်တစ်ခုဖြင့် စတင်ပြီး ညီအကိုအားလုံးလက်တွဲကာ ကိုယ့်စစ်ခွေးတာဝန် ကိုယ်ယူပြီး စရိတ်စကနည်းပါးသည့်

    "စစ်ခွေး နုံချာ ယဉ်ကျေးလိမ္မာ" ...

    သင်တန်းငယ်လေးများ ဖွင့်ပေးနိုင်ရန် ရန်ပုံငွေရှာလျှက် ရှိနေပါကြောင်း တိုင်းရင်းသားညီအကိုမောင်နှမများအနေဖြင့် ပူးပေါင်းပါဝင်နိုင်ကြပါရန် အကျိုးမျှော်လို့ နှိုးဆော်လိုက်ရပါသည်ခင်ဗျား။

    ပိတောက်မင်းကြီး
    နာယက
    (စစ်ခွေး နုံချာ ယဉ်ကျေးလိမ္မာ သင်တန်းမစ်ရှင်)

    ReplyDelete
  17. Anonymous12:37 PM

    လော်ဘီ ဆိုသည်မှာ နိုင်ငံရေးသမားများနှင့် အစိုးရအဖွဲ့များ၏ ဆုံးဖြတ်ချက်များကို လွှမ်းမိုးနိုင်အောင်၊ တစ်နည်း နိုင်ငံရေးသမားများနှင့် အစိုးရအဖွဲ့များကို ကိုယ်လိုချင်သည့်နိုင်ငံရေးရည်ရွယ်ချက်မျိုးဖြစ်အောင် လုပ်ရာမှာ ပါဝင်ကူညီလာအောင် ဆွယ်ပေးသည့်ပုဂ္ဂိုလ် (သို့မဟုတ်) အဖွဲ့အစည်း ဖြစ်ပါသည်။

    ထိုပုဂ္ဂိုလ် (သို့မဟုတ်) အဖွဲ့အစည်းက ပုဂ္ဂိုလ်တစ်ဦးတစ်ယောက် (သို့မဟုတ်) အဖွဲ့အစည်းတစ်ခုခု၏ အကျိုးစီးပွားအတွက်ဆွယ်ပေး ခြင်းကို လော်ဘီလုပ်သည်ဟုခေါ်ပါသည်။
    လော်ဘီများသည် တစ်ဦးတည်းလှုပ်ရှားသည့် လော်ဘီများ ရှိသလို အုပ်စုလိုက်လှုပ်ရှားသည့်လော်ဘီအဖွဲ့များလည်း ရှိသည်။

    သို့သော် သူတို့၏ထူးခြားချက်က သူတို့ဘယ်သူဘယ်ဝါမှန်း လူအများမသိအောင်လျှို့ဝှက်လှုပ်ရှားတတ်ကြသလို ဘယ်သူ ဘယ်ဝါမှန်း ပေါ်ပေါ်ထင်ထင် လှုပ်ရှားရပါကလည်း အများယုံကြည်အောင် အများကြိုက်မည့်အသွင်ဆောင်ထားပြီး သူတို့ရည်ရွယ်ချက် အထ မြောက်အောင် လုပ်ဆောင်တတ်ကြပါသည်။
    ထိုသို့လှုပ်ရှားမှလည်း သူတို့သည် တစ်ဦးတစ်ယောက် (သို့မဟုတ်) အဖွဲ့အစည်းတစ်ခုခုအတွက် ဆောင်ရွက် ပေးနေမှန်း လူအများ မရိပ်မိမှာပါ။ လောလောဆယ်မှာ လော်ဘီများသည် မီဒီယာအမျိုးမျိုးမှာ အသွင်ဖျောက်၍်ဖြစ်စေ၊ အသွင်ယူ၍ဖြစ်စေ ပူးဝင်ပြီး ဘာသာရေး၊ လူမျိုးရေး၊ အမျိုးသားရေး၊ ဒီမိုကရေစီရေး စသည့် လူထုအကြိုက်ပြောဆိုရေးသားလျက် စစ်အာဏာရှင်စနစ်ပြန်ရောက်အောင်ဆွယ်ပေးကာ လော်ဘီ လုပ်ပေးလျက်ရှိကြပါသည်။

    ReplyDelete

 
Web Statistics