Sunday, July 08, 2007


စကားအဆိုအမိန့်များ

``စာပေသည် လူမျိုးတစ်မျိုး၏ ယဉ်ကျေးမှု ကိန်းအောင်းရာ ရတနာသိုက်တည်းဟူသော ဘဏ်တိုက်ကြီး ဖြစ်ပေသည်။ စာပေသည် လူမျိုးတစ်မျိုး၏ အသက်လည်း ဖြစ်သည်။ စာပေကွဲပြားလျှင်၊ လူမျိုးချင်းပင် တူစေကာမူ၊ အယူဝါဒ ဓလေ့ဘာသာစရိုက်များသည်လည်း အနှေးနဲ့အမြန် ကွဲပြားရလေတော့သည်။ သို့ဖြစ်၍ စာပေကို ပြုစုသူတို့သည် လူတို့၏ အစုအဝေးတစ်ခုတွင် အလွန်အရေးကြီးသောလူများ ဖြစ်လာကြရလေသည်´´
(ဂျာနယ်ကျော် ဦးချစ်မောင်)

``စာမရေးရရင် ကျွန်တော်သေသွားမှာပေါ့။ မရေးဘဲသေမယ့်အတူတူ ရေးရင်း သေသွားတာက ကောင်းပါတယ်´´
(ဗန်းမော် တင်အောင်)

``လူတစ်ယောက်ရဲ့ တန်ဖိုးဟာ သူဖြတ်သန်းကျော်လွှားနေတဲ့ ခေတ်ကြီးက သူ့ပခုံးပေါ်တင်ပေးလိုက်တဲ့ သမိုင်းတာဝန်ကို သူဘယ်လောက် သယ်ပိုးထမ်းဆောင်ခဲ့တယ်ဆိုတဲ့ အချက်နဲ့ တိုင်းတာရမှာပဲ´´
(ဗန်းမော် တင်အောင်)

``ဘီအေပင် အောင်စေကာမူ၊ ပါရဂူဘွဲ့ကြီးပင် ရစေကာမူ၊ ပထမကျော်ကြီးပင် ဖြစ်စေကာမူ၊ အသက်အရွယ် မည်မျှပင် ကြီးရင့်စေကာမူ၊ ပညာဆိုသော သဘာဝအဓိပ္ပါယ်ကို ကောင်းစွာသုံးသပ် နားလည်ခြင်း မရှိခဲ့သော် တကယ်အရာမရောက် အသုံးမ၀င်ပေ။ ပညာသည် စာအုပ်များထဲ၌သာ ရှိသည်မဟုတ်။ စာအုပ်ကိုကျော်၍ မြင်စွမ်းနိုင်ခြင်းကို ဆောင်နိုင်ရပေမည်´´
(ဗိုလ်ချုပ် အောင်ဆန်း)

``ပညာရေးဆိုတာ ခုစိုက် ခုပွင့် ခုသီးပြီး ခုစားရတဲ့ ကိစ္စမျိုး မဟုတ်။ ခေတ်သစ်ထူထောင်ချင်ရင် လူသစ်ပျိုးရမယ်။ နောင်လာနောက်သားများ ဗလငါးတန်နဲ့ ပြည့်ဝရေးဟာ မိဘနဲ့ ဆရာများ ကြိုးပမ်းမှသာ အောင်မြင်ပါမယ်´´
(ပညာမင်းကြီး စည်သူ ဦးကောင်း)

``တပည့်ဟာ ဆရာထက် တော်ရမယ်ကွ။ တပည့်က ဆရာထက် ညံ့နေရင် လောကကြီးဟာ တစ်ဆင့်ပြီး တစ်ဆင့် ကျဆင်းသွားမှာပေါ့။ တပည့်က ဆရာထက် မတော်ရင် ဆရာညံ့လို့ပေါ့´´
(ဆရာကြီး ဦးဖေမောင်တင်)

``အမှားတွေ ၀င်မှာစိုးလို့ မင်းအိမ်က တံခါးတွေကို ပိတ်ထားရင် အမှန်တွေလည်း မ၀င်နိုင်တော့ဘူး´´
(ဘင်္ဂါလီ ကဗျာဆရာကြီး တဂိုး)

``ကမ္ဘာပေါ်မှာ စပ်စုလိုစိတ်ဟာ တိုးတက်ကြီးပွားမှုတွေမှာ အရေးပါတယ်။ လူ့ယဉ်ကျေးမှုကြီး တိုးတက်လာတာလည်း စပ်စုလိုတဲ့စိတ်ကြောင့်ပဲ။ လောကမှာ စပ်စုလိုစိတ်မရှိဘဲ ဘာကိုမှ စူးစမ်းမလေ့လာ ချင်တဲ့လူဟာ ဘယ်တော့မှ မတိုးတက်ဘူးကွ´´
(မင်းမြတ်သူရ ၏ မနောစကြာ စာအုပ်မှ)

No comments:

Post a Comment

 
Web Statistics