Sunday, July 08, 2007

ကံ - ကံ၏အကျိုး


၁။ သူ့ကိုသတ်ဖြတ်၊ သက်တိုတတ်၊ မသတ် အသက်ရှည်။

၂။ ညှဉ်းဆဲသူကား၊ အနာများ၊ သနား ကျန်းမာသည်။

၃။ ဒေါသမီးလျှံ၊ အကျည်းတန်၊ သည်းခံ လှပသည်။

၎။ မနာလိုမှာ၊ ခြွေရံကွာ၊ ကြည်သာ ခြွေရံစည်။

၅။ မပေးလှူက၊ မွဲပြာကျ၊ လှူမှ ပေါကြွယ်သည်။

၆။ မရိုမသေ၊ မျိုးယုတ်ချေ၊ ရိုသေ မျိုးမြတ်သည်။

၇။ မမေးမမြန်း၊ ဉာဏ်မြင်ကန်း၊ စုံစမ်း ဉာဏ်ကြီးသည်။

၈။ ဆိုးတာပြုက၊ ဆိုးတာရ၊ ကောင်းမှ ကောင်းစားသည်။

၉။ ကောင်းဆိုးနှစ်တန်၊ ကံစီမံ၊ ခံစံကြရသည်။


``မြတ်ယုတ်မျိုးရိုး၊ တန်းခိုးထင်တိမ်၊ စည်းစိမ်သုခ၊ ရမရနှင့်၊ ရောဂါနည်းများ၊ ပိုင်းခြားခန့်တွက်၊ အသက်တိုရှည်၊ လှသည်ရှုပ၊ မလှရုပ်ပါ၊ ပညာရှိမဲ့၊ တစ်ဆယ့်လေးပါး၊ ဤအပြားလည်း၊ သိကြားပရမီသွာ၊ ဗြဟ္မာနတ်ခေါင်၊ တောတောင်မီးရေ၊ မိုးလေခပင်း၊ ဖန်ဆင်းမတတ်၊ ကမ္မဿကာ၊ မှတ်ထင်ရာသည်။´´
ရှင်မဟာရဌသာရ

No comments:

Post a Comment

 
Web Statistics