Thursday, May 15, 2008

သင်ဘာကိုမြင်ပါသလဲ


စီးပွားရေးပညာရှင်တစ်ဦးအား စီးပွားရေးလုပ်ငန်းရှင်တစ်စုက ဟောပြောစေပါသည်။ ပညာရှင်က စက္ကူဖြူ ခပ်ကြီးကြီးတစ်ချပ်ကို ယူလိုက်ပါသည်။ ထိုစက္ကူပေါ်တွင် အမည်းစက်တစ်စက်ရေးပြီး ရှေ့တန်းတွင် ထိုင်နေသူ တစ်ဦးအား ဘာမြင်ပါသလဲဟု မေးပါသည်။
ထိုလူက ချက်ချင်း ဖြေပါသည်။ “အမည်းစက်” ကို မြင်ပါသည်။
ဟောပြောသူက လာရောက်နားထောင်သူတိုင်းအား ထိုမေးခွန်းကိုပင်မေးပါသည်။ လူတိုင်းက “အမည်းစက်” ကို မြင်သည်ဟုသာ ဖြေကြပါသည်။
အေးအေးသာသာ လေးလေးနက်နက်ထားပြီး စီးပွားရေးပညာရှင်က သူမပြောလိုချက်ကို မီးမောင်းထိုးပြပါသည်။
“ဟုတ်ပါတယ်၊ ဒီမှာ အမည်းစက် ငယ်ငယ်လေးရှိပါတယ်။ ဒါပေမယ့် ရှင်တို့တစ်ယောက်မှ စက္ကူဖြူ အချပ်ကြီးကိုတော့ မဖော်ပြကြပါဘူး။ အဲဒါ ကျွန်မ ပြောချင်တဲ့ စကားပါပဲ” ဟု ပြောလိုက်ပါသည်။
Chrisstopher Newsletter

( ဒေါက်တာသိန်းလွင် ၏ စိတ်ကျန်းမာရေး အတွေးစာစုများ မှ ပြန်လည်ကူးယူ ဖော်ပြပါသည် )

No comments:

Post a Comment

 
Web Statistics