Tuesday, June 10, 2008

မဲဇာတောင်ခြေ - လက်ဝဲသုန္ဒရ


မဲဇာတောင်ခြေ
လက်ဝဲသုန္ဒရအမတ်ကြီး

မဲဇာတောင်ခြေ၊ စီးတွေတွေတည့်၊ မြစ်ရေ၀န်းလည်၊ မြိုင်တောဆီက၊ ရွှေပြည်ကိုသာ၊ တရှာတော့မိ၊ မိုးရှိရှိလျှင်၊ သီရိကျက်သရေ၊ တက်ဖြိုးဝေသား၊ အောင်မြေကြော့ကြော့၊ ကုန်းမော့မော့နှင့်၊ ဘိုးတော်ကောင်းမှု၊ တည်ထားပြုသည်၊ ဇမ္ဗူ့ဆီမီး၊ ခြောက်ရောင်ညီးမျှ၊ ဂူကြီးသခင်၊ ရွှေလင်းပင်နှင့်၊ ရွှေခြင်္သေ့မြွေ၊ စ၍ရေသော်၊ ရွှေစေတီကြီး၊ အသီးသီးတည့်၊ ပိတ်ဆီးခြယ်သန်း၊ လျှပ်ရောင်တန်းမျှ၊ ရွှေနန်းရွှေဘုံ၊ အလုံးစုံကို၊ အာရုံမျက်မြင်၊ ဖူးမြှော်ချင်၍၊ သည်တွင်ရွှေမြို့၊ သည်သို့စေတီ၊ သည်ဆီရွှေနန်း၊ ဖြောင့်တန်းတော့မည်၊ စိတ်ကရည်သည်။ ။ ရွှေပြည်ဌာန ဝေးသောကြောင့်။

သဲသာသောင်မြေ၊ မြစ်ကမ်းခြေလည်း၊ အကြေတပြင်၊ တို့အောင်ခွင်ဝယ်၊ ရေရှင်ပတ်ဝန်း၊ ပျော်ဖွယ်ထွန်းလိမ့်၊ တကျွန်းလောက်ပင်၊ ဝေးမည်ထင်ခဲ့၊ စီးသွင်ညိုရစ်၊ မဲဇာမြစ်လည်း၊ ထစ်ထစ်ထွန်းဘိ၊ ချုံအတိနှင့်၊ တောကြီးဆိတ်ညံ၊ ဆီးကျံကျံဝယ်၊ ဓူဝံမပေါ်၊ မမြော်ပါရ၊ နေကိုတလည်း၊ ဘယ်ကရှေ့နောက်၊ ဘယ်တောင်မြောက်ဟု၊ တွေးထောက်မမှန်၊ ဖန်ဖန်အံ့သြ၊ ကြံတိုင်းမောစွ၊ ဘယ်တောဘယ်မြိုင်၊ မသိနိုင်ခဲ့၊ မခိုင်စိတ်ဝမ်း၊ နေ့တိုင်းလွမ်းရှင့်၊ ကင်းစမ်းတောင်က၊ လေဦးစ၍၊ နောက်မှလေရှည်၊ အတည်တည်သည်။ ။ လေပြည်လာက အေးသောကြောင့်။

ပွဲခါညောင်ရေ၊ သွန်းမြဲပေတည့်၊ ရိုသေသဒ္ဓါ၊ ထုံးစဉ်လာဖြင့်၊ မဲဇာရပ်သူ၊ တောင်းဆုယူသည်၊ ရွှေဂူတော်နှင့်၊ ရှုတိုင်းတင့်သား၊ မိုးမြင့်သီခေါင်၊ မဲဇာချောင်က၊ တစ်တောင်လုံးမှိုင်း၊ စ၍ဆိုင်းသော်၊ တောင်တိုင်းယှက်၍၊ ၀န်းကာဝှေ့သည်၊ တောင်ငွေ့ဝေေ၀၊ အထွေထွေနှင့်၊ လေလည်းရောရော၊ မိုးမပါဘဲ၊ သံဝါဖြောက်ဖြောက်၊ ဆီးနှင်းပေါက်လည်း၊ မိုးလောက်ပြင်းထန်၊ သွန်းချပြန်သော်၊ ယုဂန်ထင်ရှား၊ တောင်တော်ဖျားက၊ ရထားယာဉ်သာ၊ နေစကြာလည်း၊ ရောင်ဝန်မထွန်း၊ ချမ်းရှာလွန်း၍၊ တည့်မွန်းချိန်နေ၊ ရောက်လွယ်စေဟု၊ စေ့ရေလှည့်လည်၊ တလျက်မည်သည်။ ။ နေခြည်ဖြာမှ နွေးသောကြောင့်။

MEZA HILL
Letwe Thondara (f 1752 – 1783)

Meza Hill. Swift-flowing river waters wash its encircling beaches.
From this dense forest, my thoughts turn to the Golden City.
On the heights of the Victory Soil the shrines that our Ancestor built thrust skyward in a swell and spill of radiant glory.
Lamp of the World, bright with the six colors, the Cave Temple, Shwe Lin Bin, the Golden Lion Shrine, the Golden Temple, flash like lightning.
In my desire to see these shrines and the Golden Palace, I am deceived by my imagination.
I say: here the city, there the shrines, this the palace.
For the Golden City is far away.

Our down river home is pleasant with sand beaches and moving waters.
It is as far as another world.
Here, the brown river Meza flows through a silent forest of tall trees and impenetrable thickets.
Mist and vapors hide the north star from my gaze.
I do not know where to look for the sun, not knowing east, west, north, or south.
My breath falters often as I wonder about this primordial forest.
Daily my strength fails me as I think of home.
The wind which rises in the Kinwun range grows in strength with the deep wind from the west.
For it is cold when the wind begins to blow.

Devout Meza people hold the customary festival for watering the Banyan Tree, and pray at the resplendent Cavern Shrine.
But when from Meza valley the mists rise to shroud the Hill, to darken the whole range, to mix and swirl with the mountain vapors, agitated by the wind, to drip like thickest rain, then the sun’s chariot on Yugan Hill shivers with cold.
I pray that the hours may soon complete their circle to high noon.
For it is warm only when the sun breaks through.

(ဆရာဝင်းဖေ ၏ မြကန်သာ စာအုပ်မှ ပြန်လည်ကူးယူဖော်ပြပါသည်)

7 comments:

  1. Anonymous3:08 PM

    ကျွဲနာ ပေါင်ရှည်..ချီးပေပေတည့်...

    ReplyDelete
  2. Anonymous8:46 AM

    အခုလို တင်ပြပေးတဲ့အတွက် ကျေးဇူးပါ။

    ReplyDelete
  3. Anonymous1:54 PM

    အရမ်းကြိုက်တယ် ဒီကဗျာလေး ကို.....တင်ပေးတာကျေးဇူးပါ...

    ReplyDelete
  4. မင်းအိမ်သွေ3း:01 PM

    ကဗျာလေးတွေတင်ပေးတဲ့သူကျေးဇူးပါ
    လေ့လာခွင့်ရလို့ 

    ReplyDelete
  5. ဘယ် မင်း လက်ထက် ကလဲ ဆိုတာ သိချင်ပါတယ် ခင်ဗျာ။ သိတဲ့လူများ ရှင်းပြပေးပါခင်ဗျာ။ ကျေးဇူးတင်ပါတယ်။

    ReplyDelete
  6. ဘိုးတော်မင်းတြားကြီးလက်ထက်ဖြစ်ပါတယ်။

    ReplyDelete
  7. အကြောင်းကတော့ ဘိုးတော့်ကောင်းမှု၊တည်ထားပြုသည့် ဟူသော ကဗျာစာသားကိုထောက်ဆ၍ သိရခြင်းဖြစ်ပါသည်

    ReplyDelete

 
Web Statistics