Tuesday, July 01, 2008

ကမ္ဘာမြေကြီးရဲ့ဆွဲအားနဲ့ ကိုလက်စထရော


သဘောကျမိတဲ့ ကာတွန်းလေးတစ်ကွက်ပါ။ ဒီနေ့ခေတ်မှာ ကျန်းမာရေးနဲ့ပတ်သက်ပြီး လူတွေက အတော်လေးကို အလေးထားလာကြတာ တွေ့ရပါတယ်။ အလေးမထားလို့လည်း မရတော့ပါဘူး။ လူတွေ ကြောက်တယ်ဆိုတဲ့ နြူကလီးယားဆိုတာက ဘာမှမဖြစ်ပါဘူး။ ရောဂါအမျိုးမျိုးက လူတွေကို အနီးကပ် ဒုက္ခပေးနေဆဲ ဖြစ်ပါတယ်။ ကင်ဆာတွေ၊ ခုခံအားကျဆင်းမှုရောဂါတွေ၊ ကူးစက်ရောဂါတွေ စသည်ဖြင့် နာမည်အမျိုးမျိုးနဲ့ ရောဂါတွေရဲ့ ရန်ကို ကျွန်တော်တို့ လူသားတွေ နည်းလမ်းပေါင်းစုံနဲ့ ရှောင်ရှား နေကြရပါတယ်။ နေ့စဉ်လုပ်ငန်းခွင်နဲ့ အလုပ်ရှုပ်နေကြတဲ့အတွက် ကိုယ်လက်လှုပ်ရှားဆိုတာကလည်း အသိသာ ရှိတာကိုး။ ဘယ်ကလာပြီး အချိန်ပေးနိုင်ပါ့မလဲ။ အိပ်ယာပေါ်မှာ ဗုံးဗုံးမလဲမချင်းတော့ ၀မ်းတစ်ထွာအတွက် လုပ်ကိုင်နေကြရဦးမှာပါပဲ။
ရောဂါတွေထဲမှ ဒီနေ့မှာ ပေါ်ပြူလာဖြစ်နေတဲ့ ရောဂါက အ၀လွန်ရောဂါဖြစ်ပါတယ်။ အစားအသောက်က မဆင်ခြင်နိုင်၊ ကိုယ်လက်လှုပ်ရှားကနည်း ဆိုတော့ အနောက်နိုင်ငံတွေအတွက် အ၀လွန်ရောဂါဟာ တကယ့်ကို ပြဿနာကြီးတစ်ရပ် ဖြစ်နေပါပြီ။
အောက်က ကာတွန်းလေးထဲမှာလည်း ကိုလက်စထရော တွေများနေလို့ စိတ်ပျက်နေတဲ့ လူတစ်ယောက် အကြောင်းကို ကာတွန်းရေးဆွဲသူက ဘယ်လိုများ စိတ်ကူးပြီး သရုပ်ဖော်ထားသလဲဆိုတာကို ကိုယ်တိုင်သာ ခံစားကြည့်ကြပါလို့....




No comments:

Post a Comment

 
Web Statistics