Sunday, August 17, 2008

ကာလရေစီး - မောင်ခိုင်မာ


ကာလရေစီး
မောင်ခိုင်မာ

အို.... လူသား
ကိုယ် ရရှိထားတဲ့ ဘ၀လေးကို
စိတ်လို လက်ရ ချီးမွမ်းကြပါ
ဆွမ်းခံရင်း ငှက်သင့်ရတဲ့ အဖြစ်
ကာလ ဒေသကို စိစစ်ပါ
ရရှိဖူးတဲ့ ကျေးဇူးဟူသရွေ့ကို
အထူးတလည် အောက်မေ့တတ်ပါ
ဟိုကွေ့မှာ ဟိုတက် တစ်မျိုး
သည်ကွေ့မှာ သည်တက် တစ်မျိုးဆိုတဲ့
တက် အမျိုးမျိုး အားမကိုးဘဲ
တိုးတိုးဖော် တိုင်ပင်ဖော် ခရီးသွားဖော်
ကိုယ့်စိတ်နဲ့ ကိုယ် လှော်ကြည့်ပါ
အပျော်ရွှင်ဆုံး အချိန်မှာ ဖြစ်စေ
အပူဆွေးဆုံး အချိန်မှာ ဖြစ်စေ
အငြိမ်သက်ဆုံး ဣနြေ္ဒနဲ့ နေထိုင်ပါ
လောကဓံ မှတ်တိုင်ဟူသမျှ
လူသား ရင်ဆိုင်ရမှာချည်းပါပဲ....။

( ၂၀၀၈ ခုနှစ် စက်တင်ဘာလထုတ် Youth မဂ္ဂဇင်း အတွဲ ၃၊ အမှတ် ၉ မှ ပြန်လည်ကူးယူဖော်ပြပါသည် )

No comments:

Post a Comment

 
Web Statistics