Wednesday, June 17, 2009

A(H1N1) ဆိုတာ ဘာလဲ


ကမ္ဘာ့လူတုပ်ကွေးကပ်ရောဂါနှင့် ပတ်သက်၍ သိကောင်းစရာများ
ကမ္ဘာ့လူတုပ်ကွေးရောဂါသည် ကူးစက်မှုမြန်သည်။ ကပ်ရောဂါဖြစ်ပွားလျှင် အသက်၊ စီးပွားရေးနှင့် လူမှုရေး ဆုံးရှုံးမှုများ ရင်ဆိုင်ရမည်။ ထိုဆုံးရှုံးမှုများမှ ကာကွယ်ရန် ပြည်သူလူထု ပူးပေါင်းပါဝင် ဆောင်ရွက်ရန် အရေးကြီးသည်။
(မေး)
ကမ္ဘာ့လူတုပ်ကွေးကပ်ရောဂါဆိုတာ ဘာလဲ။
(ဖြေ)
ရာသီအလိုက်တုပ်ကွေး၊ ကြက်ငှက်တုပ်ကွေး၊ ၀က်တုပ်ကွေးစသည်ဖြင့် တုပ်ကွေးရောဂါအမျိုးမျိုး ရှိပါသည်။ ယခုဖြစ်ပေါ်နေသော ကမ္ဘာ့လူတုပ်ကွေးကပ်ရောဂါသည် ယခင် တုပ်ကွေးရောဂါများနှင့်မတူဘဲ ရောဂါအသစ်အဆန်းတစ်ခု ဖြစ်ပါသည်။ မြောက်အမေရိက ၀က်တုပ်ကွေး၊ မြောက်အမေရိက ကြက်ငှက်တုပ်ကွေး၊ ရာသီလူတုပ်ကွေးနှင့် အာရှ-ဥရောပ ၀က်တုပ်ကွေးတို့ ပေါင်းစပ်ထားသော New Influenza A (H1N1) ဗိုင်းရပ်စ်ပိုးအသစ် ဖြစ်ပါသည်။ လူမှလူသို့ လျင်မြန်စွာ ကူးစက်လျက် ရှိပါသည်။ လူအများသို့ ကူးစက်ပြီး နိုင်ငံတကာသို့ ကူးစက်ပျံ့နှံ့မှု ဖြစ်ပွားနေသဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကမ္ဘာ့လူတုပ်ကွေးကပ်ရောဂါ (Human Influenza Pandemic) အဆင့်အဖြစ် ၂၀၀၉ ခုနှစ် ဇွန်လ ၁၁ ရက်နေ့တွင် ကြေညာခဲ့ပါသည်။

No comments:

Post a Comment

 
Web Statistics