Monday, August 31, 2009

ကိုးကန့်ဒေသ ယာယီဦးစီးကော်မတီ၏ ကြေညာချက်


ရှမ်းပြည်နယ်(မြောက်ပိုင်း) အထူးဒေသ(၁) ကိုးကန့်ဒေသ ယာယီဦးစီးကော်မတီ၏ ကြေညာချက်ကို ၂၀၀၉ ခုနှစ်၊ သြဂုတ် ၃၀ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာလိုက်သည်။ ကြေညာချက်အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်-

ရှမ်းပြည်နယ်(မြောက်ပိုင်း) အထူးဒေသ(၁)
ကိုးကန့်ဒေသ ယာယီဦးစီးကော်မတီ
ကြေညာချက်
ရက်စွဲ။ ၃၀-၈-၂၀၀၉
၁။ ၂၀၀၉ ခုနှစ် သြဂုတ်လ (၈)ရက်နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) အထူးဒေသ(၁) ကိုးကန့်နယ်မြေ၌ တရားမ၀င် လက်နက်/ခဲယမ်း ထုတ်လုပ်ရောင်းချသော စက်ရုံအား မြန်မာနိုင်ငံရဲတပ်ဖွဲ့က စစ်ဆေးဖော်ထုတ်သိမ်းပိုက်ရရှိခဲ့ပါသည်။ ဤကိစ္စအပေါ် တာဝန်ရှိသူများဖြစ်ကြသည့် ဦးဖုန်ကြားရှင်၊ ဦးဖုန်ကြာဖူး၊ ဦးဖုန်တာရွှင်၊ ဦးဖုန်တာလီတို့ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က တရားဥပဒေအရ တရားစွဲဆို၍ ကိုယ်တိုင်လာရောက်ဖြေရှင်းကြရန် ဆင့်ခေါ်ခဲ့ရာ အထူးဒေသ(၁) ခေါင်းဆောင်များအတွင်းတွင် အမြင်မတူဘဲ သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်ခဲ့ပါသည်။

၂။ ထို့ပြင် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံဖြေရှင်းရေးကို ဆောင်ရွက်လိုခြင်းမရှိသော တာဝန်ရှိသူများဖြစ်ကြသည့် ဦးဖုန်ကြားရှင်၊ ဦးဖုန်ကြာဖူး၊ ဦးဖုန်တာရွှင်၊ ဦးဖုန်တာလီတို့သည် အထူးဒေသ(၁) ကိုးကန့်ဒေသမှ ရှောင်တိမ်းထွက်ခွာသွားခဲ့ပါသည်။

၃။ ကိုးကန့်ဒေသအတွင်း ဖြစ်ပေါ်လျက်ရှိသော ကိစ္စရပ်များမှာ အထက်ပါ(၄)ဦးတို့နှင့်သာ ပတ်သက်ပြီး ၎င်းတို့နှင့် မပတ်သက်သူများအနေဖြင့် ကိုးကန့်ဒေသ ယာယီဦးစီးကော်မတီသို့ လာရောက်ပူးပေါင်းနိုင်ပါသည်။

၎။ ဦးဖုန်ကြားရှင်၊ ဦးဖုန်ကြာဖူး၊ ဦးဖုန်တာရွှင်၊ ဦးဖုန်တာလီတို့အနေဖြင့်လည်း မိမိတို့တစ်ဦးချင်း ပုဂ္ဂလိက အကျိုးအတွက်လည်းကောင်း၊ ဒေသအကျိုး/ပြည်သူလူထု အကျိုးအတွက်လည်းကောင်း ဖြစ်ပျက်ခဲ့သော ကိစ္စအရပ်ရပ်နှင့် ပတ်သက်၍ တရားဥပဒေအရ ရင်ဆိုင်းဖြေရှင်းခွင့်ရှိရာ ထိုအခွင့်အရေးကို ရယူဆောင်ရွက်သွားရန် တိုက်တွန်းအပ်ပါသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း) အထူးဒေသ(၁)
ကိုးကန့်ဒေသ ယာယီဦးစီးကော်မတီ

Source: ၃၀-၈-၂၀၀၉ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ။

No comments:

Post a Comment

 
Web Statistics