Tuesday, September 22, 2009

တွေးတွေးပြီးရယ်


(၁)
အလုပ်တွေ အများကြီးလုပ်တဲ့လူဟာ ......... အမှားတွေ အများကြီးလုပ်မိတတ်ပါတယ်
အလုပ်ကို နည်းနည်းပဲလုပ်တဲ့လူဟာ .......... အမှားလည်း နည်းနည်းပဲ လုပ်မိတတ်ပါတယ်
အလုပ်မလုပ်တဲ့ လူတွေကတော့ ................ အမှားလည်း မလုပ်မိတော့ပါဘူး
နောက်ဆုံးတော့...
အမှားမရှိတဲ့လူဟာ................................... ရာထူးတစ်ဆင့်တိုး ရတာပါပဲ

(၂)
သင် တစ်စုံတစ်ယောက်ကို ချစ်ခဲ့တယ်...
သင် တစ်စုံတစ်ယောက်နဲ့ လက်ထပ်ခဲ့တယ်...
သင် လက်ထပ်လိုက်တဲ့သူဟာ သင့်ရဲ့ ဇနီး/ခင်ပွန်း ဖြစ်လာပြီးတော့....
သင် ချစ်ခဲ့တဲ့သူကတော့ သင့်အီမေးလ်အကောင့်ရဲ့ စကားဝှက်(password) ဖြစ်သွားပါသတဲ့....

(၃)
အမေရိကန်တွေရဲ့ အိမ်ထောင်ရေးပုံစံကို သွားလေ့လာခဲ့တဲ့လူတစ်ယောက် ကြုံခဲ့ရတာက ဒီလိုပါ....
ဇနီးသည်ဖြစ်သူက အိမ်ခန်းထဲကနေ ရေးကြီးသုတ်ပြာနဲ့ ခင်ပွန်းဖြစ်သူကို လှမ်းအော်ပါတယ်။
ဒါလင်ရေ... မြန်မြန်လာစမ်းပါဦး... ဒီမှာ ရှင့်ကလေးတွေနဲ့ ကျွန်မကလေးတွေက ကျွန်မတို့ရဲ့ကလေးတွေကို ရိုက်နေကြတယ် တဲ့။

(၄)
မိန်းမတစ်ဦး နတ်ပြည်ရောက်နေရင် ဘယ်လိုခေါ်မလဲ....
နတ်သမီးတစ်ပါးပေါ့....
မိန်းမတစ်အုပ် နတ်ပြည်ရောက်နေတာ ဆိုရင်ကော...
နတ်သမီးအစုအဝေးပေါ့....
ဒါဆိုရင် မိန်းမတွေအားလုံး နတ်ပြည်ရောက်နေရင်ကော....
ကမ္ဘာမြေရဲ့ ငြိမ်းချမ်းရေးပေါ့ကွာ....

(၅)
ကြီးကြီးမားမား တွေးပါ
အဆင့်မြင့်မြင့် တွေးပါ
အပေါင်းလက္ခဏာဆောင်တာတွေပဲ တွေးပါ
လှပသာယာမှုတွေကိုပဲ တွေးပါ
ပျော်ရွှင်ကြည်နူးစရာတွေကိုပဲ တွေးပါ
ဆောရီးပဲ.... အကြံပြုခဲ့တာတွေဟာ မင်းအတွက် အရမ်းကို များလွန်းနေတယ်မဟုတ်လား....
အဲဒီအတွက် မင်းကို Shortcut တစ်ခုပေးမယ်....
င့ါအကြောင်းပဲ မင်းတွေးပါ....

အင်တာနက်ပေါ်က တွေ့ရာလေးတွေကို ဆီလျော်အောင် ဘာသာပြန်ပေးလိုက်တာပါ။ ပျော်ရွှင်နိုင်ကြပါစေဟု...။

ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၀၉ ခုနှစ် စက်တင်ဘာလ ၂၂ ရက်၊ အင်္ဂါနေ့။
ည ၁၁ နာရီ ၃၄ မိနစ်တွင် ပြီး၏။

No comments:

Post a Comment

 
Web Statistics