Monday, October 26, 2009

အခုတလော - ကိုဉာဏ် (ပန်းလောင်မြေ)


အခုတလော….
သတင်းစာပို့သမား နေ့တိုင်းမလာဘူး
ပြောပြန်ရင်လည်း ဟိုအကြောင်းပြ၊ ဒီအကြောင်းပြနဲ့
သတင်းအသိုးတွေကိုပဲ မစားချင်စားချင် စားနေရတယ်။

အခုတလော….
မီးကလည်း ခဏခဏပျက်တယ်
ကွန်ပျူတာလေးဖွင့်ပြီး အလုပ်လုပ်မယ်မှ မကြံသေးဘူး
မသိရင် ဘယ်နှနာရီတစ်ခါပျက်ပါဆိုပြီး ပရိုဂရမ်ရေးထားတဲ့အတိုင်းပဲ။
(ခဏခဏ looping ပတ်နေတာကတော့ ဆိုးတယ်)

အခုတလော….
မြန်မာနေရှင်နယ်လိဂ်ပွဲတွေ ကြည့်ရတာအဆင်မပြေဘူး
ကြည့်နေရင်းနဲ့ ထပ်ဆင့်လွှင့်စက်ရုံက စက်ချို့ယွင်းသွားလိုက်
ရုပ်မြင်သံကြားက ရိုက်ပြတဲ့လူက ဘောလုံးကန်နေတာတခြား၊ သူပြနေတာတခြား လုပ်လိုက်နဲ့ပေါ့။
(လင်းသွားလိုက် မှောင်သွားလိုက်ဖြစ်တာတို့၊ ကြေညာတဲ့လူက ပြောချင်ရာပြောတာတို့ မပါသေးဘူး)

အခုတလော….
အင်တာနက်သုံးရတာ အဆင်မပြေပါဘူး
မိုးကဖျက်လိုက် လေကဖျက်လိုက်နဲ့
ဘလော့ဂ်မှာတင်ဖို့ ပို့စ်တွေရိုက်ထားတာ သုံးရက်၊ လေးရက်စာ ပုံနေပြီ။
အခုလည်းတော်တော်စိတ်ရှည်ရှည်စောင့်ပြီး တင်လိုက်ရတယ်။

အခုတလော....
..............................
..........................................
.....................................................။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၀၉ ခုနှစ် အောက်တိုဘာလ ၂၆ ရက်၊ တနင်္လာနေ့။
နံနက် ၁၀ နာရီ ၂၅ မိနစ်တွင် ဖွင့်အံသည်။

No comments:

Post a Comment

 
Web Statistics