ဟိုတစ်နေ့က ဘာဖြစ်တယ်မသိဘူး။ USB Ports တွေ အလုပ်မလုပ်တော့ဘူး။ Flash Drive ထိုးလိုက်တိုင်း error တက်ပြီး Windows က မသိတဲ့အကြောင်း ပြောနေတော့တာပဲ။ အဲဒါနဲ့ ရှိပြီးသား USB Ports တွေကို Uninstall လုပ်ပြီး Windows ကို Restart ချလိုက်တယ်။ Windows တက်လာတော့ စောစောက Uninstall လုပ်ခဲ့တဲ့ Ports တွေကို အလိုအလျောက် ပြန်ပြီး Install လုပ်ပေးတယ်။ ဒါပေမယ့် Flash Drive တပ်လိုက်တော့ အရင်လိုပဲ သုံးမရပြန်ဘူး။ အဲဒါနဲ့ပဲ မနေ့က စီဒီနဲ့ရိုက်ပြီး ရေးထားတာလေးတွေကို ဘလော့ဂ်ပေါ်တင်ဖို့ လုပ်လိုက်ရတယ်။ မကျေနပ်တာနဲ့ မနေ့ကတစ်ညနေလုံး ကလိတော့လည်း ထူးမလာပါဘူး။ ဘယ်လိုမှလုပ်မရတာနဲ့ နောက်ဆုံးနည်းလမ်းအနေနဲ့ Windows အသစ်ပြန်တင်လိုက်ပါတယ်။ ပြန်ကောင်းမယ်လို့ မျှော်လင့်ချက်နဲ့ပေါ့လေ။
သို့သော်.... သို့သော်ပေါ့လေ.... အနှီကွန်ပျူတာမှာ ဘာဖြစ်နေတယ်မသိပါဘူး။ အခုချိန်ထိ USB သုံးလို့မရသေးကြောင်းပါ။ Flash Drive တင်မကဘူး။ ကျွန်တော့်ရဲ့ External Drive လေးတောင် တပ်လို့မရတဲ့အတွက် ဘာလုပ်ရမှန်းမသိဖြစ်နေရကြောင်းပါ။
အဲဒီအတွက် အခုလောလောဆယ် ပို့စ်တွေတင်ဖို့ နည်းနည်းခက်ခဲနေကြောင်းပါ။ ညပိုင်းလေးပဲ အချိန်ပေးပြီး စာရိုက်နိုင်တာပါ။ ကျန်တဲ့အချိန်က ကိုယ့်အလုပ်နဲ့ကိုယ် အားတာမဟုတ်ဘူး။ အဲဒါကြောင့် အခုတလော ပို့စ်တွေဖတ်ရတာနည်းနေပါလိမ့်မယ်။ အခြားနည်းလမ်းတစ်ခု ရှာနေကြောင်းပါ။ မနေ့ကတော့ တစ်ညနေလုံး CD-RW လိုက်ရှာတာ ရှာလို့မတွေ့ကြောင်းပါ။ တစ်နေ့ကို စီဒီတစ်ချပ်နှုန်းနဲ့ ရိုက်ပြီးယူဖို့တော့ ကျွန်တော့်မှာ အင်အားမရှိကြောင်းပါ။
သေချာတာကတော့ ဒီနေ့ ကျွန်တော့်ကွန်ပျူတာကို ကျွမ်းကျင်သူပညာရှင်များလက်ကို အပ်လိုက်ပါဦးမယ်။
၂၀၀၉ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်၊ အင်္ဂါနေ့။
နံနက် ၇ နာရီ ၃၇ မိနစ်။
အသစ်ဝယ်လိုက်လေဗျာ
ReplyDelete