Thursday, December 31, 2009

ဟိုကဒီက သတင်းတွေ


(၁)
၂ နှစ်သက်တမ်းရှိ ငွေတိုက်စာချုပ်သစ်

  • မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ၂ နှစ်သက်တမ်းရှိ အစိုးရငွေတိုက်စာချုပ်များကို ၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီလကစပြီး ထုတ်ရောင်းမယ့်သတင်းကို လူပြောများနေတယ်။ ပညာရှင်အချို့က အခုလို ငွေတိုက်စာချုပ်များ ရောင်းချခြင်းမှာ အနာဂတ်ကာလ စတော့ဈေးကွက်များဖြစ်ထွန်းလာစေရေးအတွက် ကောင်းမွန်ကြောင်း မှတ်ချက်ပြု ပြောကြားနေကြောင်းလည်း သိရပါတယ်။ အဆိုပါ ငွေတိုက်စာချုပ်များကို တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့အစည်းလိုက်ဖြစ်စေ လွတ်လပ်စွာ ၀ယ်ယူနိုင်ကြောင်း သိရှိရပါတယ်။ ငွေတိုက်စာချုပ်တွေရဲ့ အတိုးနှုန်းတွေကတော့ -
  • (၂ နှစ်သက်တမ်းစာချုပ်)
  • ကျန်တစ်သောင်း၊ တစ်သိန်း၊ တစ်သန်း၊ တစ်ဆယ်သန်းအတွက် ၁၀ ဒသမ ၅ ရာခိုင်နှုန်း
  • (၃ နှစ်သက်တမ်းစာချုပ်)
  • ကျန်တစ်သောင်း၊ တစ်သိန်း၊ တစ်သန်း၊ တစ်ဆယ်သန်းအတွက် ၁၁ ရာခိုင်နှုန်း
  • (၂ နှစ်သက်တမ်းစာချုပ်)
  • ကျန်တစ်သောင်း၊ တစ်သိန်း၊ တစ်သန်း၊ တစ်ဆယ်သန်းအတွက် ၁၁ ဒသမ ၅ ရာခိုင်နှုန်း
  • အတိုးငွေများကို ခြောက်လတစ်ကြိမ် ထုတ်ပေးမည်ဖြစ်ပြီး နှစ်စဉ် မတ်လ ၁၅ ရက် နှင့် စက်တင်ဘာ ၁၅ ရက်တို့တွင် ထုတ်ယူနိုင်ကြောင်း သိရသည်။
(Ref: 7Day News Journal)

(၂)
စင်ကာပူနိုင်ငံ၏ အစိုးရကျောင်းများဖြစ်သော မူလတန်း၊ အလယ်တန်းနှင့် တက္ကသိုလ်အကြိုသင်တန်းများတွင် ပညာသင်ကြားမည့် နိုင်ငံတကာမှ ကျောင်းသားများနှင့် အမြဲတမ်းနေထိုင်ခွင့် PR ကျောင်းသားများ၏ ကျောင်းလခများကို ၂၀၁၁ နှင့် ၂၀၁၂ ခုနှစ်များတွင် ဆက်တိုက် တိုးမြှင့်ကောက်ခံသွားမည်ဖြစ်ကြောင်း စင်ကာပူပညာရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၂၀ ရက်တွင် သတင်းထုတ်ပြန်သည်။
(Ref: 7Day News Journal)

(၃)
ရွှေတိဂုံစေတီတော်တွင် ဖိနပ်ထည့်ရန် ကြွပ်ကြွပ်အိတ်ရောင်းချခြင်း ပိတ်ပင်တော့မည် (Ref: 7Day News Journal)

(၄)
ထိုင်းအမျိုးသမီးအသင်းတွင် အမျိုးသားတစ်ဦးပါဝင်ကြောင်း သေချာပါက မြန်မာ ကန့်ကွက်စာတင်မည် (Ref: 7Day News Journal)

(၅)
လိုင်စင်ရ ပြည်ပအလုပ်အကိုင်အေဂျင်စီ ၁၉ ခုအား ခေါ်ယူသတိပေး (Ref: 7Day News Journal)

(၆)
နေအိမ်တွင် စီးပွားရေးလုပ်ကိုင်သူများအား လျှပ်စစ်မီးဖြတ်တောက်
  • ရန်ကုန်မြို့နယ် နယ်နိမိတ်အတွင်းရှိ အသံနှင့် အနံ့ဆိုးရှိပြီး ပတ်ဝန်းကျင်ကို အနှောင့်အယှက်ဖြစ်စေတတ်သော စက်မှုလက်မှုလုပ်ငန်း လုပ်ကိုင်နေသော နေအိမ်များကို လျှပ်စစ်ဓာတ်အား ဖြတ်တောက်လျက်ရှိကြောင်း သတင်းရရှိသည်။
(Ref: 7Day News Journal)

(၇)
၂၇ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲအတွက် အိမ်ရှင်အဖြစ် ကျင်းပခွင့်ရရန် မြန်မာကြိုးပမ်း (Ref: True News Journal)

(၈)
မြန်မာ့ရော်ဘာ အထွက်တိုး ထုတ်လုပ်နိုင်ရန် မလေးရှား၏ အဆင့်မြင့်နည်းပညာ Hevea (3)ကို သုံး၍ စတင်စမ်းသပ် စိုက်ပျိုးနေ (Ref: True News Journal)

(၉)
ပြန်လည်ဖွင့်လှစ်သော မေတ္တာရှင် အခမဲ့ဆေးကုခန်းအတွက် အလှူရှင်များလိုအပ်
  • ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) တွင်ရှိသည်။
  • ဆေးခန်းတည်ထောင်သူ - မကွေးပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တ ပါမောက္ခ
  • "ဘုန်းကြီးဆီမှာ အမြဲတမ်း ဆေးအလှူကနေ လစဉ် သုံးသိန်းလောက်ပဲ ရတယ်။ ထိုးဆေး၊ စားဆေးက တစ်နေ့ကို လေးသောင်းလောက်ကုန်တော့ တစ်ပတ်မှာ လေးရက်ဆိုတော့ တစ်သိန်းခြောက်သောင်း ကုန်ကျတယ်။ တစ်လဆိုတော့ ခြောက်သိန်းလေးသောင်း ကုန်တယ်။ အလှူခံရတဲ့ ငွေနဲ့ ကုန်ကျငွေက တော်တော်ကွာနေတယ်။ အဲဒီတော့ ဘယ်လိုလုပ်ရင် ကောင်းမလဲစဉ်းစားတာ ဈေးပေါတဲ့ ဆေးလည်းမကိုင်ချင်ဘူး။ ဆေးခန်းဖွင့်ရက်လည်း မလျှော့ချင်ဘူး။ လူနာလည်း မလျှော့ချချင်ဘူး။ ဒါနဲ့ လူနာတစ်ယောက်ကို နှစ်ရာကျပ် သတ်မှတ်လိုက်ရတယ်။ မယူချင်ပေမယ့်လည်း မတတ်နိုင်ဘူး" ဟု ကြုံတွေ့နေရသော အခက်အခဲကို မိန့်ကြားသည်။
  • လှူဒါန်းလိုသူများနှင့် လုပ်အားဒါနပြုလိုသော ဆရာဝန်၊ သူနာပြုများသည် ဆရာတော် ဘဒ္ဒန္တ ပါမောက္ခ၊ ဖုန်း ၀၉၃၃၄၃၃၆၉ နှင့် ဆရာတော် ဘဒ္ဒန္တ သူရိယ ၀၉၅၀၅၀၈၄၈ သို့ဆက်သွယ်လှူဒါန်းနိုင်ပါသည်။
(Ref: True News Journal)

(၁၀)
ကျည်ဆန်ရထားများ ပြည်ပသို့ တင်ပို့တော့မည်ဟု ဂျပန်ကြေညာ
  • တစ်စင်းလျှင် အလေးချိန်တန် ၇၀၀၊ အရှည် ၄ ဖာလုံရှိပြီး တစ်နာရီလျှင် အရှိန်မိုင် ၂၀၀ နှင့်အထက် ခုတ်မောင်းနိုင်သည့် "ရှင်ကန်ဆန်"ခေါ် ကျည်ဆန်ရထားများ
  • ဂျပန်ကျည်ဆန်ရထား တည်ဆောက်ပြေးဆွဲစနစ်သည် ပြင်သစ်မှ Alstom ကျည်ဆံရထားစနစ်၊ ဂျာမနီမှ Siemens ကျည်ဆံရထားစနစ်တို့ကို ကောင်းစွာယှဉ်ပြိုင်နိုင်စွမ်းရှိ
  • ဂျပန်နိုင်ငံတွင် ကျည်ဆန်ရထားပြေးဆွဲမှုကို ၁၉၆၄ ခုနှစ်က စတင်ခဲ့ပြီး ၁၉၈၇ ခုနှစ်တွင် ပုဂ္ဂလိကပိုင်လုပ်ငန်းတစ်ခုအဖြစ် ပြောင်းလဲခဲ့
  • ၂၀၀၄ ခုနှစ်အတွင်းက ကျည်ဆန်ရထားတစ်စင်း ခုတ်မောင်းနေစဉ် ငလျင်လှုပ်မှုကြောင့် လမ်းချော်ခဲ့ရသည့် ဖြစ်စဉ်မှတစ်ပါး ကျည်ဆန်ရထားစနစ် စတင်ချိန်မှ မျက်မှောက်ကာလအထိ မတော်တဆဖြစ်ပွားမှု တစ်စုံတစ်ရာ မရှိသေး
(Ref: Foreign Affairs Journal)

(၁၁)
ကမ္ဘောဒီးယားတွင် အာဏာသိမ်းမှုဖြစ်ရန် ထိုင်းအစိုးရ စီစဉ်နေသည်ဟု ၀န်ကြီးချုပ်ဟွန်ဆန် စွပ်စွဲ
(Ref: Foreign Affairs Journal)

(၁၂)
တရုတ်လုပ် အပေါ့စားလေယာဉ်များ လာအိုသို့ တင်ပို့တော့မည်
  • Xiaoying 500 အပေါ့စားလေယာဉ်
  • တရုတ်မြို့ပြလေကြောင်း ပျံသန်းရေးဌာန (CAFI)၊ တရုတ်လေကြောင်းပို့ဆောင်ရေး စက်မှုကော်ပိုရေးရှင်း (AVIC) နှင့် ရှီဂျာဇောင်းလေယာဉ်တည်ဆောက်ရေး ကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်
  • ထိုင်ခုံငါးလုံးနှင့် အင်ဂျင်တစ်လုံးတပ် လေယာဉ်များဖြစ်
  • အမြင့်ပေ ၄၂၀၀ မှ တစ်နာရီ ကီလိုမီတာ ၃၀၀ နှုန်းဖြင့် ပျံသန်းနိုင်
  • လေယာဉ်တစ်စင်း၏တန်ဖိုးမှာ ယွမ် ၂ဒသမ၂ သန်းမှ ၂ဒသမ၉ သန်း (အမေရိကန်ဒေါ်လာ ၃၂၂၁၈၂ မှ ၄၂၄၆၉၄) အကြားရှိမည်ဖြစ်
(Ref: Foreign Affairs Journal)

(၁၃)
ရုရှားလက်ရွေးစင်ဂျူဒိုအသင်း၌ ပါဝင်ခွင့်ပြုရန် ၀န်ကြီးချုပ်ပူတင် အဆိုပြု
  • အသက် ၅၇ နှစ် အရွယ်ရှိ ပူတင်သည် ဂျူဒိုတွင် ခါးပတ်နက်အဆင့် ကျွမ်းကျင်တတ်မြောက်ထားသူဖြစ်
  • မြင်းစီးခြင်း၊ ငါးမျှားခြင်းတို့ ၀ါသနာပါ
  • ရုရှားနိုင်ငံ၌ နိုင်ငံရေးသြဇာအကြီးဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်လျက်ရှိ
  • ရုရှားအိုလံပစ်အသင်း၌ ဂျူဒိုသမားတစ်ဦးအဖြစ် ပါဝင်လိုခြင်းဖြစ်
(Ref: Foreign Affairs Journal)

(၁၄)
A/H1N1 တုပ်ကွေးရောဂါ ခွေးသို့ကူးစက်မှု အမေရိကတွင် စတင်ဖြစ်ပွား
  • အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ရှိ ဘက်ဖို့ဒ်ဟေးလ်အရပ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်
  • အသက် ၁၃ နှစ်ရှိပြီးဖြစ်သည့် ခွေးကို ပိုင်ရှင်ဖြစ်သူထံမှ ကူးစက်ခံရခြင်းဖြစ်
(Ref: Foreign Affairs Journal)

(၁၅)
ဆယ်နှစ်အတွင်း အင်တာနက်မှ ရှာဖွေကြည့်ရှုမှုအခံရဆုံးအဖြစ် ဘရစ်တနီစပီးယားစ် ရပ်တည်
  • Ask Jeeves မီဒီယာက ထုတ်ပြန်ခြင်းဖြစ်
  • ဘရစ်တနီစပီးယားစ်နောက်တွင် ရှာဖွေကြည့်ရှုမှုအခံရဆုံး ပုဂ္ဂိုလ်များအဖြစ် ရပ်တည်နေသူနှစ်ဦးမှာ အယ်လ်ကေဒါအဖွဲ့ခေါင်းဆောင် အိုစမာဘင်လာဒင်နှင့် အင်္ဂလိပ်ဘောလုံးသမား ဒေးဗစ်ဘက်ဟမ်းတို့ဖြစ်
  • အခြားသော အင်တာနက်မှတစ်ဆင့် ရှာဖွေကြည့်ရှုမှု အခံရဆုံးပုဂ္ဂိုလ်များတွင် ပါဝင်နေသူများမှာ မင်းသမီး ဒိုင်ယာနာ၊ တိုနီဘလဲ၊ ဆိုင်မွန်ကိုဝဲလ်၊ ဂျိတ်ဂွတ်ဒီ၊ မယ်ဒလင်၊ မက္ကိန်း တို့ ဖြစ်သည်။
(Ref: Foreign Affairs Journal)

(၁၆)
ပြင်သစ်ဗော့ဒ်ဂါ အရက်ကုမ္ပဏီတစ်ခုတွင် ဘရုစ်ဝီလီ အရင်းအနှီးထည့်
  • Belvedere ဟု အမည်ရသော ပြင်သစ်ဗော့ဒ်ဂါအရက်သည် ကမ္ဘာပေါ်တွင် သတ္တမမြောက်အကြီးဆုံး ဗော့ဒ်ဂါထုတ်လုပ်သောလုပ်ငန်းဖြစ်
  • ကြွေးမြီ ယူရိုငွေ သ်နး ၅၈၀ တင်ရှိနေကာ ဒေ၀ါလီခံရလုနီးပါးဖြစ်နေ
  • ဘရုစ်ဝီလီသည် ထိုလုပ်ငန်း၏ ရှယ်ယာ ၈၃၀၀၀ ကို ၀ယ်ယူခဲ့
(Ref: Foreign Affairs Journal)

(၁၇)
ဂျိမ်းစ်ဘွန်း ဇာတ်ကားသစ်အတွက် ဇာတ်ညွှန်း ဒုတိယမူကြမ်း ရေးနေပြီ
  • ဂျိမ်းစ်ဘွန်းဇာတ်ကားများအနက် ၂၃ ကားမြောက်ဖြစ်မည်
  • ဇာတ်ညွှန်းရေးဆရာ ပီတာမော်ဂန်
  • ပထမမူကြမ်းကို ယခုနှစ် ဇူလိုင်လမှ အောက်တိုဘာလအတွင်း ရေးခဲ့ပြီး Bond 23 ဟု အမည်ပေးထား
  • မင်းသား ဒန်နီယယ်ခရစ်အတွက် တတိယမြောက် ဂျိမ်းစ်ဘွန်းဇာတ်ကားဖြစ် (Casino Royale, Quantum of Solace)
(Ref: Foreign Affairs Journal)

No comments:

Post a Comment

 
Web Statistics